Channel Myanmar

Josef Altin

Last Breath (2025) 6.9
Last Breath (2025)   Last Breath (2025)IMDb Rating (6.9) / Rotten Tomatoes (79%) နာမည်ကြီး ရုပ်ရှင်စတားတွေဖြစ်တဲ့ Shang Chi မင်းသား Simu Liu , Woody Harrelson , Finn Cole တို့ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ကားကောင်းတစ်ကားပါ။စကော့တလန်ကမ်းရိုးတန်းက ပင်လယ်ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပြုပြင်တဲ့ ရေငုပ်သမားတစ်ယောက်အကြောင်းကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။Last Breath ဆိုတဲ့ နာမည်အတိုင်း ရေငုပ်သမားတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်နဲ့ ပင်လယ်ရေအောက် ပေ ၃၀၀ လောက်က အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို ရိုက်ပြထားတာပါ။လူ့ဦးနှောက်ထဲကို အောက်ဆီဂျင် မိနစ် ၂၀ လောက်မဝင်ရင်သေသွားပြီလို့ယူဆရပေမဲ့ ခရစ်ဆိုတဲ့ ရေငုပ်သမားကတော့ ပင်လယ်ဂက်စ်ပိုက်လိုင်းပြင်ရင်း မတော်တဆမှုနဲ့ ဆက်သွယ်ရေးပြတ်တောက်ပြီးကယ်ဆယ်ရေးမလာခင်အထိ အောက်ဆီဂျင် မရဘဲ မိနစ် ၄၀ လောက်နေလိုက်ရပါတယ်...ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အလောင်းပြန်ဆယ်ဖို့သွားပေမယ့်အသက်ရှင်နေသေးတဲ့ ခရစ်ကို ယနေ့ခေတ်ကျွမ်းကျင်သူတွေကလည်း ဘာကြောင့်လဲဆိုတာ ...
movie

Last Breath (2025)

2025
Blitz (2024) 6.3
Blitz (2024)  Blitz (2024)IMDb Rating (6.3) / Rotten Tomatoes (81%) ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက ဗြိတိန်ကို ‌ဗုံးတွေကြဲခဲ့ချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ရီတာလို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အဖေရယ် သားဖြစ်သူ ဂျော့ဂ်ျရယ်နဲ့ ဘဝကို အေးအတူပူအမျှ ဖြတ်သန်းနေသူပေါ့။ဒါပေမဲ့ တစ်နေ့တော့ သူတို့နေထိုင်ရာ မြို့လေးဟာ နာဇီတို့ရဲ့ လေကြောင်းကနေ ဗုံးကြဲမဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မလို့ သားသမီးရှိတဲ့ မိသားစုတွေဟာ ကလေးတွေ ဘေကင်းဖို့အတွက် ကျေးလက်ဒေသဘက်ကို စစ်ရှောင်ဖို့ ပို့ဆောင်ကြရပါတယ်။ဒီထဲမှာ ရီတာရဲ့ သားလေး ဂျော့ဂ်ျလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျော့ဂ်ျဟာ သူ့အမေနဲ့ပဲ နေချင်သူပါ။မိခင်နဲ့ ကတောက်ကဆဖြစ်ပြီး ရထားပေါ် ပါသွားတဲ့ ဂျော့ဂ်ျဟာ အမေမှာလိုက်တဲ့ လိမ်လိမ်မာမာနေနော်ဆိုတဲ့ စကားကို နားမထောင်ဘဲ တစ်ကိုယ်တည်း အိမ်ပြန်ဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်လမ်းမှာ ရီတာအဖြစ် Ladybird, Little Women စတဲ့ ...
movie

Blitz (2024)

2024
4K HEVC
Dirty Pretty Things (2002)
Dirty Pretty Things (2002) IMDB ........ 7.2အိုကွေးဟာ အာဖရိကကနေ လန်ဒန်ကို တရားမဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ထုံးစံအတိုင်း ရဲဖမ်းခံရမှာနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာကို အမြဲ ကျီးလန့်စာစားဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဟိုတယ်ရဲ့ မန်နေဂျာဟာ နိုင်ငံကူးလက်မှတ် နဲ့ ကျောက်ကပ်ကိုအရောင်းအဝယ်လုပ်တဲ့သူမှန်း အိုကွေးသိလိုက်ရပါတော့တယ်။အိုကွေးဟာ နိုင်ဂျီရီးယားမှာ ဆရာဝန်ဆိုတာ သိသွားတဲ့ ဟိုတယ်မန်နေဂျာကလည်း သူ့ကို ခွဲစိတ်ဆရာဝန်လုပ်ပေးရင် ပတ်စ်ပို့အသစ်လုပ်ပေးမယ်လို့ ကမ်းလှမ်းလာပါတယ်။ တစ်ဖက်မှာလည်း သူ့ကို သဘောကျနေတဲ့ မိန်းကလေးက အမေရိကန်အိပ်မက်အတွက် ကျောက်ကပ်ရောင်းဖို့ လုပ်နေပါပြီ။ အိုကွေး ဘာလို့ သူ့နိုင်ငံကနေ ထွက်ပြေးလာတာလဲ ။ သူ ပတ်စ်ပို့အသစ် ဘဝအသစ်နဲ့ လွတ်မြောက်သွားမှာလား ။ ပိုဆိုးတဲ့ဒုက္ခတွေနဲ့ ကြုံတွေ့ရမှာလားဆိုတာကို ကြည့်ရှုရမှာပါ။မင်းသားအနေနဲ့ 12 years a slave တို့လို့ oscar တန်းဝင်ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ Chiwetel Ejiofor နဲ့ မင်းသမီးအနေနဲ့ ...
movie

Dirty Pretty Things (2002)

Star Wars: Episode IX – The Rise of Skywalker (2019) 6.8
Star Wars: Episode IX – The Rise of Skywalker (2019) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode IX – The Rise of Skywalker (2019)

2019
4K HEVC
The Young Victoria (2009) 7.2
The Young Victoria (2009) IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie

The Young Victoria (2009)

Eastern Promises (2007) 7.6
Eastern Promises (2007) Eastern Promises (2007)===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည် Eastern Promises ထဲက promises(ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင်လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့"အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကိုလိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်ကအသည်းသန် ...
movie

Eastern Promises (2007)

Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)

Redemption (Hummingbird) (2013) 6.2
Redemption (Hummingbird) (2013) Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ‌ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်း‌ပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Redemption (Hummingbird) (2013)

2013
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012