Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
José Rizal Manua
6.8
Sakaratul Maut (2024)
Sakaratul Maut 2024ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေးဆီကို မိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာ ကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်ကလည်း မရှိသလောက်ဖြစ်နေလို မိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်းလျှောက်ပြီးတော့ အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ်သူ တာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါတော့တယ်။တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက် အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့ သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ......... ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာ ကောင်းသောနိုးထခြင်းမျိုးလား ..... သူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲ ...... ဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Linn ~ Yunni~ KKKZ ဖြစ်ပါတယ်) File size…1.28 GB / 626 MB Quality…WEB DL ...
movie
Sakaratul Maut (2024)
6.9
Onde Mande / The Prize (2023)
Onde Mande / The Prize (2023)Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း ...
movie
Onde Mande / The Prize (2023)
2023
5.3
Danur (2017)
Danur (2017)ဒီတစ်ခေါက်ကိုတော့ ''Danur : I can See Ghosts ''ဆိုတဲ့သရဲကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Risa ဆိုတဲ့ကလေးမလေးဟာမိိဘတွေကအမြဲတမ်း အချိန်မပေးနိုင်ကြဘဲအလုပ်များနေလို့ အထီးကျန်နေတဲ့ကလေးမလေးပါ တစ်နေ့မှာတော့Risa ရဲ့မိဘတွေကသူ့တို့သမီးလေးဟာ နေ့တိုင်းလိုလိုတစ်ယောက်တည်းကစားရင်း တခြားသူတွေကိုကြည့်ပြီးစကားပြောနေတာကို တွေ့သွားကြပါတယ် အဲ့ဒါနဲ့ Risa ရဲ့မေမေကပရောဂဆရာရှာပြီးသရဲနှင်ခိုင်းလိုက်ပြီးနောက်ပိုင်း Risaဟာသူ့ ရဲ့သရဲသူငယ်ချင်းတွေကိုထပ်မတွေ့ရတော့ပါဘူး Risa ဟာအဲ့အတိုင်းပဲကြီးပြင်းလာတဲ့အချိန်မှာ တစ်နေ့တော့ သူ့အဘွားကိုစောင့်ရှောက်ပေးတဲ့သူနာပြုမိန်းမကသူ့ညီမလေးကိုခေါ်သွားပါတော့တယ် Risaတစ်ယောက်သူ့ညီမလေးကိုပြန်ရဖို့ဘယ်လိုလုပ်မလဲ သူနာပြုရဲ့သရုပ်မှန်ကရောဘာလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်ရုပ်ရှင်ကားလေးမို့လက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ ThaeThae ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 815MB | 392MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Danur (2017)
2017