Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
José Luis Esteban
6.7
The Red Virgin (2024)
ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ်အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင်စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်းရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းကတော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလိုအိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်သွေးကနေစတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကိုပရောဂျက်တစ်ခုလိုမျိုး တိတိကျကျစီစဥ်ပြီးမွေးဖွားခဲ့တာပါ။(ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကိုသာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက်၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ဆောင်းပါးတွေရေးသားလို့နေပါပြီ။ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှုအောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက်နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့တင်သေဆုံးခဲ့ရတာပါ။ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး ...
movie
The Red Virgin (2024)