Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
José Báez
6.2
Deliver Us from Evil (2014)
Deliver Us from Evil (2014)IMDb Rating (6.2) / Rotten Tomatoes (30%) ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကဇာတ်ဆောင် ရာ့ဖ်ဆာချီကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ Horrorဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ရာ့ဖ်ဆာချီဆိုတာလည်း နှယ်နှယ်ရရမဟုတ်ဘဲ NYPDရဲ့စုံထောက်တစ်ယောက်ဖြစ်ကာ ရဲဘဝမှ အနားယူလိုက်ပြီးပရလောကအကြောင်း စူးစမ်းလေ့လာရင်း အမှုတွေကိုလိုက်လံဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး အက်ဒ်နဲ့ လောရိန်းလင်မယားနဲ့ပါ သဘာဝလွန်ဖြစ်ရပ်တွေကို ပူးပေါင်းပြီးကူညီဖော်ထုတ်ပေးခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမှုလိုက်တစ်ယောက်အနေနဲ့ ပုံမှန်ထက်ပိုပြီး ထူးခြားတဲ့ အာရုံတစ်ခုရှိနေတဲ့ ရာ့ဖ်ဆာချီကအမှုပေါင်းစုံကို ဖြေရှင်းနေရင်း သူကိုင်တွယ်ရတဲ့ အမှု တွေက သာမန်ထက်ပိုထူးခြားနေသလို တစ်ခုနဲ့တစ်ခုကဆက်စပ်မှုတွေ ရှိနေတာကို ရိပ်စားမိလာတဲ့နောက် အဲဒီနောက်ကွယ်က အကြောင်းရင်းကို ရအောင်အဖြေရှာရင်းသူနဲ့သူ့မိသားစုဘဝကိုပါ ရိုက်ခတ်လာတဲ့အထိ ဆိုးဝါးတဲ့နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အကြောင်းစိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာဖြစ်သလို BGM နဲ့ jumpscare တွေကလည်း မထင်ထားတဲ့အချိန်မှာအတော်လေးခြောက်ခြားအောင် လုပ်နိုင်တဲ့အထိ အစွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File ...
movie
Deliver Us from Evil (2014)
2014
7.5
Still Alice (2014)
အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး ...
movie
Still Alice (2014)
6.6
Going in Style (2017)
Going in Style (2017)_______IMDb - 6.6/10 ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ) File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie
Going in Style (2017)
2017