Channel Myanmar

Jörg Westphal

Bonhoeffer: Pastor. Spy. Assassin (2024) 6.3
Bonhoeffer: Pastor. Spy. Assassin (2024)  Bonhoeffer: Pastor. Spy. Assassin (2024)IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Bonhoeffer: Pastor. Spy. Assassin (2024)

2024
Maria (2024) 6.5
Maria (2024) Maria (2024)IMDb Rating (6.5) / Rotten Tomatoes (75 %)Venice Film Festival မှာ premiere လုပ်ခဲ့ပြီး မင်းသမီးကြီး အန်ဂျလီနာဂျိုလီ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Musical Drama တစ်ပုဒ်ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာကျော်ခဲ့ဖူးတဲ့ အော်ပရာအဆိုရှင် မာရီယာကာလက်စ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အသားပေး ရိုက်ကူးထားပါတယ်။အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ မာရီယာဟာ တစ်ချိန်က သူဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ အော်ပရာလောကကို ပြန်ဝင်ရောက်ဖို့ ကြိုးစားပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီး တကယ်ဖြစ်နေတာတွေနဲ့ သူ့စိတ်ထဲက ထင်ယောင်မှားတွေကို ခွဲခြားမသိနိုင်တဲ့ အခြေအနေကို ရောက်ရှိလို့နေပါတယ်။ဒါပေမဲ့လည်း သိပ်ကို ခေါင်းမာတဲ့ မာရီယာအတွက်တော့ အော်ပရာဟာ ဘဝတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူဖြစ်ချင်တာတွေကို သူ့စိတ်ထဲမှာ စီကာစဉ်ကာနဲ့ အကောင်ထည်ဖော်နေတယ်။ မာရီယာဟာ သူဖန်တီးထားတဲ့ သူ့ရဲ့ စိတ်ကူးယဉ်လူသားတွေနဲ့ စကားတွေပြောတယ်။ဒီလို ...
movie

Maria (2024)