Channel Myanmar

Jördis Triebel

Hagen (2024) 6.2
Hagen (2024)   Hagen (2024)IMDb Rating (6.2) ဒီဇာတ်ကားလေးကတော့ Nibelung ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီလာသတ္တဝါတွေရောနှောတည်ရှိနေကြချိန် ဟေဂန်ဆိုတဲ့စစ်သည်တစ်ဦးရဲ့ တိုက်ပွဲတွေကြားထဲမှာရှင်သန်ရင်း သူငယ်ချင်းသံယောဇဉ် သစ္စာစောင့်သိမှု ဆုံးဖြတ်ရခက်တဲ့ရွေးချယ်မှု၊သစ္စာဖောက်မှု ရှုပ်ထွေးပွေလီလှတဲ့ အချစ်ခံစားချက်တွေအကြောင်းကို ရှေးဟောင်းအလယ်ခေတ်အပြင်အဆင်တွေနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟေဂန်ဟာ သူ့ရဲ့တိုင်းပြည်နဲ့သခင်တွေအပေါ်မှာ သစ္စာရှိရှိကာကွယ်စောင့်ရှောက်ခစားနေရင်း အမှတ်မထင်ပဲ သူတို့ဆီကို စိဖရစ်လို့ခေါ်တဲ့ နဂါးသတ်သူရဲကောင်းတစ်ယောက်ရောက်ရှိလာချိန်မှာသူတို့ကြိုးစားပမ်းစားထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲ?တစ်ချိန်ထဲမှာ ကျူးကျော်စစ်တွေစတင်ခံရပြီး မဟာမိတ်လိုနေချိန်မှာ တာဝန်ဝတ္တရားတွေနဲ့ ချစ်ခြင်းမေတ္တာဘယ်အရာတွေကိုဦးစားပေးမှာလဲ?စွမ်းအားကြီးလွန်းလှတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေဖြစ်တဲ့ နဂါးတွေ နတ်သူငယ်တွေ ဗယ်လ်ကာရီတွေရဲ့လွှမ်းမိုးမှုအပေါ်မှာရော လူသားတွေဘယ်လိုရင်ဆိုင်တုံ့ပြန်ကြမလဲဆိုတာတွေရှုပ်ထွေးပွေလီလှတဲ့အချစ်ဇာတ်လမ်းတွေနဲ့ ရောယှက်တင်ဆက်ထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Usa-Chan ဖြစ်ပါတယ်။) File size… (2.3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Fantasy Duration….02:19:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Usa-Chan
movie

Hagen (2024)

2024
Someday We’ll Tell Each Other Everything (2023) Irgendwann werden wir uns alles erzählen 6.0
Someday We’ll Tell Each Other Everything (2023) Irgendwann werden wir uns alles erzählen  Someday We'll Tell Each Other Everything (2023)IMDb Rating (6.0) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သူမရဲ့နာမည်က မာရီယာ။ ချစ်သူကောင်လေးနဲ့အတူ ကောင်လေးရဲ့မိသားစုနဲ့ပါ လယ်ထဲမှာအတူနေနေကြတာပေါ့။ဇာတ်အိမ်တည်ထားတာက ၁၉၉၀ ခုနှစ် အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန် နှစ်ခြမ်းကွဲနေတဲ့ကာလပဲဖြစ်တယ်။မာရီယာတို့က အရှေ့ပိုင်းမှာနေကြတာပါ။ မာရီယာက ကျောင်းဆက်မတက်ချင်ပေမဲ့ စာဖတ်ရတာတော့အရမ်းဝါသနာပါတယ်ရယ်။ဒါပေမဲ့ သူမထက်အသက်နှစ်ပြန်ကြီးတဲ့ ဟန်နာဆိုတဲ့ အိမ်နီးနားချင်းကိုမှ မေတ္တာတွေပုံအပ်ပေးလိုက်တယ်။သူတို့နှစ်ယောက် အပြန်အလှန်မေတ္တာမျှသွားကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုရမဲ့ ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(3.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….02:08:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing
movie

Someday We’ll Tell Each Other Everything (2023) Irgendwann werden wir uns alles erzählen

2023
The Three Investigators and The Legacy of the Dragon /  Die Drei (2023) 5.7
The Three Investigators and The Legacy of the Dragon / Die Drei (2023)  "The Three Investigators" ဆိုတဲ့ ကလေးဖတ်စာအုပ်တွဲထဲက တစ်အုပ်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဂျာမန် Adventure & mystery ဇာတ်ကားလေးပါ IMDb 5.7 ရရှိထားပြီးကလေးသရုပ်ဆောင်သုံးယောက်ကတော့အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ စုံစမ်းထောက်လှမ်းရတာဝါသနာပါတဲ့သူငယ်ချင်းသုံးယောက်သား နွေရာသီအစမ်းခန့်အလုပ်အတွက် Transylvania မြို့ကိုရောက်သွားခဲ့ရာကနေစပါတယ် သူတို့ကအဲဒီမှာဒရက်ကူလာဇာတ်ကားရိုက်ဖို့အတွက်သွားကြတာဖြစ်ပြီး ရိုက်ကွင်းနေရာဖြစ်တဲ့ရဲတိုက်ကြီးကတော့ရာဇဝင်တွေအပြည့်ပါပဲ စုံထောက်‌ကျော်သုံးယောက်တို့ ရဲတိုက်ရဲ့ရာဇဝင်နဲ့ရဲတိုက်ထဲမှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စကိုလိုက်စုံစမ်းကြရင်း ဘာတွေတွေ့ကြုံရမလဲ ရာဇဝင်တွေကတကယ်ရောဟုတ်ရဲ့လား မသမာသူတွေကရောရဲတိုက်ထဲမှာဘာတွေကြံစည်နေကြတာလဲဆိုတာကိုအဖြေရှာကြတဲ့ဇာတ်ကားဖြစ်ပါတယ် နာမည်ကျော်ကလေးဖတ်စာအုပ်ကနေမှီငြမ်းရိုက်ကူးထားတာမလို့ ကလေးတွေပါကြည့်လို့သင့်တော်တဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါFile size…(1.2 GB)/(700 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Three Investigators and The Legacy of the Dragon / Die Drei (2023)

In a Land That No Longer Exists (2022)
In a Land That No Longer Exists (2022) ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ...
movie

In a Land That No Longer Exists (2022)