Channel Myanmar

Joonas Saartamo

Unknown Soldier (2017)
Unknown Soldier (2017) Unknown Soldier (2017) ************************ IMDb....7.7  Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ..သို့ပေမဲ့  ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်း ရခဲ့တဲ့အပြင် အခြားဆု (၆) ဆုလည်း ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်....ဖင်လန်နိုင်ငံရဲ့ နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရတယ်..ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့ခဲ့ကြရတယ်..၁၉၃၉ ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ  ပြန်လည်သိမ်းပိုက်ဖို့အတွက်ချီတက်ခဲ့ကြပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်... စစ်ပွဲကာလ အတောအတွင်းမှာ  ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီးဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ...ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်... ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်.....စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Zwel Zan Aung ဖြစ်ပါတယ်..) File Size : 3.50GB/ 1.64GB Quality ...
movie

Unknown Soldier (2017)

Opponent (2023) 6.6
Opponent (2023)  2011တုန်းက ထွက်တဲ့ A Seperation ဆိုတဲ့ အီရန် ရုပ်ရှင်ကားကိုကြည့်ဖူးရင် ဒီရုပ်ရှင်မင်းသား Payman Maadi ကို သိကြမှာပါ။ ဒီကားထဲမှာ သူက အီရန်ဒုက္ခသည် နပန်းသမားဟောင်း Iman အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်လမ်းက ဒုက္ခသည်တွေရဲ့ ဘဝကို နောက်ခံထားရိုက်ထားပေမယ့် Imanရဲ့ ပဋိပက္ခတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အီရန်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်နေရတယ်လို့ မခံစားရဘဲ လက်တွေ့ဘဝကိုကြည့်နေရသလို နစ်ဝင်စီးမြောသွားစေမယ့်ကားပါ။ဇာတ်လမ်းအနေနဲ့ Iman ရယ် သူ့မိန်းမနဲ့ သမီးလေးနှစ်ယောက်က အီရန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို ဒုက္ခသည်အနေနဲ့ ထွက်ပြေးခဲ့ပါ တယ်။ ဆွီဒင်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် တစ်ခုပြီး တစ်ခု ကြိုးစားပါတယ်။ နောက်ဆုံးမှာ ဆွီဒင်နိုင်ငံအတွက် နပန်းပြိုင်ပွဲဝင်ပေးရင် နေထိုင်ခွင့်ရမယ်အထင်နဲ့ နပန်းကိုပြန်လေ့ကျင့်ခဲ့ပါတယ်။ သူမေ့ချင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်နဲ့ သူကိုယ်တိုင် သူ့ကိုယ်သူဝန်မခံချင်ဘဲ ထွက်ပြေးနေတဲ့ အရာက ဘာများလဲ။ သူတို့မိသားစုရော ဘာဆက်ဖြစ်မှာလဲ သိရဖို့ ရုပ်ရှင်ကိုပဲ ...
movie

Opponent (2023)