Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonny Phillips
7.3
The Death of Stalin (2017)
The Death of Stalin (2017)***************************IMDb....7.3,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်... လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ.. သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်.... ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆု ရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကို ရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : 2.18GB/ 840MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Death of Stalin (2017)
Breaking Infinity (2023)
Breaking Infinity (2023)လူတစ်ယောက် ဆေးခန်းထဲမှာ နိုးလာတယ်။ သူဘာလို့ ဒီကိုရောက်လာလဲ သူဘာတွေဖြစ်ခဲ့လဲ သူ မမှတ်မိဘူး။ သူသိလိုက်ရတာက အာဏာကြီးတဲ့လူတွေက သူဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲ သိချင်နေကြတယ်ဆိုတာပဲ။ ဒီလိုနဲ့ သူက သူဘာတွေဖြစ်ခဲ့လဲ သိအောင်လုပ်ဖို့ကြိုးစားတယ်။ အဲဒီကနေမှ သူက သိပ္ပံပညာရှင်ဖြစ်ခဲ့တာ သူသိလိုက်ရတယ်။ သူထွင်ခဲ့တဲ့ ကွမ်တမ် အချိန်ခရီးသွားစက်ထဲ သူဝင်ပြီး သူပျောက်သွားခဲ့တယ်ဆိုတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ ဘာတွေဖြစ်ခဲ့လဲ သူပြန်မှတ်မိအောင်လုပ်ရင်း အချိန်ခရီးသွားစက်ထဲ သူပြန်ဝင်သွားခဲ့တယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီအရာတွေကနေ သူ့ဇာတ်လမ်းကို သူပြန်သိအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။သူဟာ အတိတ်က ပစ္စုပ္ပန်ကိုဖန်တီး အနာဂတ်က ပစ္စုပ္ပန်ကိုဖန်တီး ပစ္စုပ္ပန်က အတိတ်ကိုဖန်တီး ပစ္စုပ္ပန်က အနာဂတ်ကိုဖန်တီး အနာဂတ်က အတိတ်ကိုဖန်တီး ဘာတွေဘယ်လိုဖြစ်နေမှန်းမသိတဲ့ ဒီအချိန်ဆိုတဲ့အရာကြီးထဲ သူ့မေးခွန်းတွေအတွက် အဖြေကိုရှာဖို့လုပ်တာကို ကြည့်ရမှာပါFile size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:26:00 Genre_Sci-Fi, Thriller Subtitle_Myanmar ...
movie
Breaking Infinity (2023)
6.1
The Edge of Love (2008)
Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie
The Edge of Love (2008)
Soundproof (2023)
ဒီနေ့မှာတော့ Malpractice ထဲက Dr မလေး Georgina Rich ရဲ့ crime drama ကားလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ အရင်ကားလိုမဟုတ်ပဲ တစ်မူထူးခြားတဲ့ single mother ဘဝနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။single mom ဖြစ်တဲ့ ဂျိုးမှာ ဒီလန် လိုခေါ်တဲ့ သားတစ်ယောက်နဲ့ အစ်ဇီလိုခေါ်တဲ့သမီးတစ်ယောက်ရှိတယ်။ အထီးကျန်တဲ့ခံစားချက်တွေကြောင့် ကယ်ဗင်ဆိုတဲ့ သူထက်ငယ်ပြီး ဆိုးသွမ်းတဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲနေလေရဲ့။ သူတိုနှစ်ယောက်ကြားကဆက်ဆံရေးက အတော့်ကိုဆိုးဆိုးရွားရွားပါပဲ။တစ်နေ့မှာတော့ ဂျိုးနဲ့ကယ်ဗင်တို အိမ်အပြန်လမ်းမှာ ကယ်ဗင်က အဆင်မပြေမှုတွေနဲ့ပြဿနာဖြစ်လာတာကို ဂျိုတစ်ယောက်စိတ်ဆိုးနေလေရဲ့။ ဒါကို ကယ်ဗင်တစ်ယောက် ဂျိုးနဲ့ အတင်းတစ်တီတူးချစ်ကြည်နူးဖို ကြိုးစားရင်း ရုန်းရင်းဆန်ခက်ဖြစ်နေတာကို အစ်ဇီတစ်ယောက်မြင်သွားပြီး နောက်ကနေ မီးအိမ်နဲ့ ကယ်ဗင်ကိုရိုက်သတ်မိလိုက်တဲ့အခါမှာတော့...ဂျိုးတစ်ယောက်သူ့ရဲ့ကလေးတွေကို ရာဇဝတ်ဘေးကနေ single mom ဘဝနဲ့ ဘယ်လိုရှောင်တိမ်းသွားကြမလဲ ဘယ်လိုဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်ရပြီး ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာတော့ တွေးကြည့်မနေကြတော့ဘဲ ပြေးသာကြည့်လိုက်ကြဖို့ ညွှန်းပေးလိုက်ရပါတယ်။ File size…(1.4 GB)/(700 Mb) Quality….Webrip ...
movie
Soundproof (2023)
7.0
Bronson(2008)
ဗြိတိန်ရဲ့နာမည်ကြီးထောင်သား ချာလီဘရွန်ဆင်ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Bronsonဇာတ်ကားပဲဖြစ်ပါတယ်။ Tom Hardy က Bronsonအနေနဲ့ ပြောင်မြောက်စွာပါဝင်ထားပါတယ်။ အမြဲတစေအကြမ်းဖက်မှုကိုတောင့်တနေတဲ့ ထူးဆန်းလှတဲ့သူ၊ ထောင်ဝန်ထမ်းတွေအကုန်လက်လန်ရတဲ့သူ၊ ထောင်ဆိုတာကိုဟိုတယ်လို့ထင်တဲ့သူ တစ်ယောက်ရဲ့ အကြောင်းကို Bronsonကိုယ်တိုင်ပြန်ပြောပြတဲ့ပုံမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…1.08 GB / 715.7 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin
movie
Bronson(2008)
7.8
Titanic (1997)
Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations. ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie
Titanic (1997)
1997
4K HEVC
7.2
Outlaw King (2018)
Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018