Channel Myanmar

Jonathan Hale

The Tall Target (1951)
The Tall Target (1951) The Tall Target ဆိုတာက အရပ်အမောင်းကောင်းတဲ့ သမ္မတကြီးလင်ကွန်းကို ရည်ညွှန်းတာပါ။ ၁၈၆၁ ခုနှစ်မှာ နယူးယောက်ရဲဌာနက ဆာဂျင့်ကနေဒီဟာ သမ္မတလောင်းလင်ကွန်းကို ကျမ်းသစ္စာမဆိုခင် ဘာတီမိုးမှာမိန့်ခွန်းပြောတုန်း လုပ်ကြံမယ်ဆိုတာကို သတင်းအတိအကျရထားလို့ အထက်ကိုတင်ပြပေမဲ့ အထက်က ဂရုမစိုက်တော့ ကိုယ်တိုင်ကိုယ်ကျ ရထားစီးကာ ဘာတီမိုးကိုလိုက်သွားရတယ်။နယူးယောက်ကနေ ဝါရှင်တန်ထိသွားမယ်ရထားပေါ်မှာ ကနေဒီအတွက်နေရာဦးပေးထားတဲ့ သူ့မိတ်ဆွေကြီးကပါ အသတ်ခံလိုက်ရတော့ ကနေဒီဟာ သူကိုယ်တိုင်ပါ အန္တရာယ်ရှိနေမှန်း သိသွားခဲ့ပေမဲ့ ရထားပေါ်မှာ မသမာသူတွေကိုရှာရင်း သမ္မတလောင်းကြီးလင်ကွန်းကို သတိပေးဖို ခရီးဆက်ရပါမယ်။ ဒီဇာတ်ကားဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Baltimore Plot ဆိုတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ File size…(1.4 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:18:00 Genre... Adventure, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su 
movie

The Tall Target (1951)

Strangers on a Train (1951) 7.9
Strangers on a Train (1951)  IMDb: 7.9 Rotten Tomatoes: 98%Strangers on a Train ဟာ ၁၉၅၁ ခုနှစ်ထွက် Alfred Hitchcock ရဲ့လက်ရာရုပ်ရှင်ဖြစ်ပါတယ်။ Hitchcock ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အပြီးထိရင်တမမနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်း:ဂိုင်းဟိန်းစ် ဟာတင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော်အမတ် အန်းမော်တွန် နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ခက်တာက သူ့မှာမိန်းမရှိတယ်။ ကိုယ်ဝန်ပါရှိသေးတယ်။ အဲလိုပြောလိုက်တော့ ဂိုင်း ကိုမကောင်းတဲ့လူလို့ထင်သွားပါဦးမယ်။ ဂိုင်းရဲ့မိန်းမဟာ ချူစားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ကလည်း ဂိုင်းနဲ့ရတာမဟုတ်ပါဘူး။ဂိုင်းဟာတင်းနစ်ပွဲတစ်ခုကိုသွားဖို့ရထားစီးရင်း ရထားပေါ်မှာ လူထူးဆန်း ဘရူနိုအန်တိုနီ ဆိုတဲ့လူနဲ့တွေ့ခဲ့ပါတယ်။ ဘရူနိုက အတော်လေးဉာဏ်ကောင်းတဲ့လူဖြစ်ပြီး လေ့လာမှုအားလည်းကောင်းပါတယ်။ အဲဒါကြောင့် ဂိုင်းတစ်ယောက် အန်း ကိုယူချင်ရင်တောင်မှ မိန်းမက မကွာရှင်းပေးတော့ ယူလို့မရဖြစ်နေတာကိုသိနေပါတယ်။ ဘရူနို ကလည်းအဖေ့ကိုမုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဘရူနိုမှာ အယူအဆတစ်ခုရှိတယ်။ ပြီးပြည့်စုံတဲ့လူသတ်မှုကိုကျူးလွန်ဖို့။အကယ်လို့ ဂိုင်းနဲ့ဘရူနို သာလူလဲသတ်လိုက်မယ်ဆိုရင် ရဲတွေလည်းမျက်စိလည်မယ်။ ဘယ်လိုမှဆက်စပ်လို့မရဘူးဆိုပြီး ဂိုင်းကို ဘရူနိုကပြောလာပါတယ်။ ဘရူနိုကပြောပေမယ့် ဂိုင်းကလက်မခံခဲ့ပါဘူး။ဘာတွေဆက်ဖြစ်ကြမှာလဲ... File ...
movie

Strangers on a Train (1951)