Channel Myanmar

Jonah Wren Phillips

Bring Her Back (2025) 7.5
Bring Her Back (2025) Bring Her Back 2025 =============== A24 ရဲ့ကားဆိုတော့ အထူးတလည် ညွှန်းစရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းအန်ဒီနဲ့ ပိုက်ပါဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး ကင်ဆာဖြစ်လို့ဓာတ်ကင်နေရတဲ့ အဖေဖြစ်သူနဲ့အတူ နေထိုင်ကျော်ဖြတ်နေရပါတယ်။ပိုဆိုးတာက ပိုက်ပါက အမြင်အာရုံချို့ယွင်းနေပြီး အလင်းရောင်နဲ့အရိပ်အယောင်လောက်ပဲ မြင်ရတဲ့အတွက် အစ်ကိုဖြစ်သူ အန်ဒီကအဖေ့ကိုရော ညီမလေးကိုပါ အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်နေရသူပါ။တစ်နေ့မှာတော့ သူတို့အဖေဟာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပြီးတော့ အန်ဒီက အသက် ၁၈ နှစ်ပြည့်ဖို့ သုံးလလိုသေးတဲ့အတွက်သူ့ညီမဖြစ်သူကို အုပ်ထိန်းဖို့ အသက်မပြည့်သေးတာကြောင့် ခွဲနေရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အန်ဒီက ၁၈ နှစ်ပြည့်ပြီး အုပ်ထိန်းခွင့်မလျှောက်နိုင်ခင် သုံးလအတွင်းမှာပိုက်ပါကို ခေါ်ယူမွေးစားပေးမဲ့ လော်ရာဆိုတဲ့အမျိုးသမီးကြီးဆီမှာ လိုက်နေရဖို့ ခွင့်တောင်းခဲ့ပါတယ်။လော်ရာဆိုတဲ့အမျိုးသမီးက ခွင့်ပြုတဲ့အတွက် သူတို့ဟာ လော်ရာအိမ်မှာ လိုက်နေရဖို့ ဖြစ်လာခဲ့ပါတယ်။လော်ရာရဲ့ သမီးဖြစ်သူကလည်း ပိုက်ပါလိုပဲ မျက်စိမမြင်တဲ့အတွက် ရေနစ်ပြီး သေဆုံးသွားခဲ့တာပါ။သူတို့ လော်ရာ့အိမ်ကို ရောက်တဲ့အခါ သူတို့မောင်နှမအပြင် နောက်ထပ်ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုလည်းလော်ရာက မွေးစားထားတဲ့အပြင် လော်ရာ့အိမ်အပြင်ဖက်မှာ အဖြူရောင်အမှုန့်တွေနဲ့ စည်းတားထားပါသေးတယ်။ဒီတော့ ...
movie

Bring Her Back (2025)

4K
How to Make Gravy (2024) 7.0
How to Make Gravy (2024)  How to Make Gravy (2024)IMDb Rating (7.0) ဒီကားလေးကတော့ Australian အဆိုတော်ကြီး Paul Kelly ရဲ့ How to Make Gravy ဆိုတဲ့သီချင်းလေးကို မှီမြန်းပြီး ရိုက်ထားတဲ့ မိသားစုခရစ်စမတ်ကားလေးပဲ ဖြစ်ပါတယ်။အဖွားမရှိတော့တဲ့ ပထမဆုံးခရစ်စမတ်ရဲ့နှစ်မှာပဲ အန်းဂတ်လို့ခေါ်တဲ့ ကောင်လေးရဲ့ မိသားစုဆွေးမျိုး တွေအားလုံး သိုက်သိုက်ဝန်းဝန်း အိမ်ကို ရောက်လာကြတဲ့အခါအရာအားလုံးအဆင်ပြေနေခဲ့ပေမဲ့ အန်းဂတ်ရဲ့အဖေ ဂျိုးကတော့ မိခင်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်နေခဲ့ပါတယ်။ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပြဿနာလေးကြောင့် ဂျိုးနဲ့သူ့ယောက်ဖ ရော်ဂျာ ရန်ဖြစ်ကြတဲ့အခါ ဂျိုး တစ်ယောက် ထောင်ကျသွားခဲ့ပါတယ်။ထောင်ထဲမှာ ခက်ခဲကြမ်းတမ်းလှတာကြောင့် ညီဖြစ်သူဒန်က ဂျိုးမိသားစုကို စောင့်ရှောက်နေခဲ့ရပါတယ်။ထို့နောက် ဒန်ကို မိသားစုအား ဂရုစိုက်ဖို့ပြောရင်း ဂျိုးအတွက် ထောင်ထဲမှာနေရတာရောအဆင်ပြေရဲ့လား အပြင်မှာရော ဒန်နဲ့မိသားစုက ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာမိသားစုပြဿနာတွေကြား ခရစ်စမတ်အငွေ့အသက်လေးတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။) File size…(1.4 ...
movie

How to Make Gravy (2024)

2024