Channel Myanmar

Jon Voight

Midnight Cowboy (1969) 7.8
Midnight Cowboy (1969)  ဒီတခါမှာတော့ ပုံမှန်သမီးရည်းစား ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေကနေကွဲထွက်ပြီး မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအကြောင်းကိုရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။Midnight Cowboy ဆိုတဲ့ကားလေးဟာ IMDbမှာ rating 7.9ရထားပြီး Rotten Tomatoes မှာလည်း 89% reviewရထားတဲ့ဇာတ်ကားလေးပါ။ တက္ကဆက်ပြည်နယ်သားဂျိုးဟာ ကြေးစားလိင်လုပ်သားအဖြစ်နဲ့ နယူးယောက်မြို့ကိုအရဲစွန့်အခြေချပြီးတဲ့နောက်မှာ ရက်စ်တို ဆိုတဲ့လူနဲ့တွေ့ပြီးဘယ်လိုတွေဒုက္ခရောက်မလဲ၊ အလုပ်ရောဘယ်အချိန်အဆင်ပြေမလဲဆိုတာကို အစမှအဆုံးထိဇာတ်ရှိန်မကျဘဲကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းလေးမို့တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint
movie

Midnight Cowboy (1969)

Varsity Blues (1999)
Varsity Blues (1999) Varsity Blues ဆိုတာ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဘောလုံးအကြောင်းနဲ့ လူငယ်ဘဝရဲ့ အလှည့်အပြောင်းတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်အိမ်က တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ တည်ထားတာ ဒီမြို့မှာ ဘောလုံးဆိုတာ ဘာသာတရားလိုပဲ အားလုံးက အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းကို အသက်သွင်းထားတဲ့ပုံစံပေါ့အဓိကဇာတ်ကောင်ကတော့ ဂျွန်နီ မော့က်စ် ဆိုတဲ့ကောင်လေး (ဂျိမ်းစ် ဗန် ဒါ ဘိခ် သရုပ်ဆောင်ထားတာ) သူက အသင်းရဲ့ အရန် ကွာတားဘက် ပြီးတော့ ဒီဘောလုံးအရူးတွေနဲ့ ပြည့်နေတဲ့ မြို့မှာ သူ့ဘဝကို သူ ကိုယ်ပိုင်လမ်းနဲ့ သွားချင်တဲ့ ကောင်မျိုးဖြစ်နေတာ ဒါပေမယ့် ကံကြမ္မာက လှည့်စားတယ်လေ အသင်းရဲ့ စတားကစားသမား လန်စ် ဟာဘာ ဒဏ်ရာရသွားတော့ မော့က်စ်တစ်ယောက် မထင်မှတ်ဘဲ အဓိက ကွာတားဘက်ဖြစ်လာတယ်ဒီမှာ ပြဿနာက နည်းပြကြီး ဘတ်ကုန်း (ဂျွန် ဗွိုက်ထ် ...
movie

Varsity Blues (1999)

Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations.   ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie

Fantastic Beasts and Where to Find Them (2016)

2016
4K HEVC
High Ground (2025) 5.5
High Ground (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့Action Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဒါရိုက်တာ James Bamford က ရိုက်ကူးထားပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် Charlie Weber,Katherine McNamara, မင်းသားကြီး Jon Voight တို့ကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် မြို့ငယ်လေးတစ်မြို့ရဲ့ရဲမှူးဟာတစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လူတစ်ယောက်ကိုထိန်းသိမ်းခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလူက ဒုစရိုက်အဖွဲ့တစ်ဖွဲ့ရဲ့လက်ကနေ ထွက်ပြေးလာတာဖြစ်ပြီးတော့ အဲဒီအဖွဲ့က သူ့ကိုလိုက်သတ်နေကြတာပါ။ ဒီအကြောင်းကို ရဲမှူးသိသွားပြီးတဲ့နောက်သူ့မြို့လေးကို ကာကွယ်ဖို့အတွက် ဒုစရိုက်အဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ သူတစ်ယောက်တည်းနဲ့ မြို့ကိုကာကွယ်ပေးနိုင်ပါ့မလား အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘာလို့ထွက်ပြေးလာတာလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို သိချင်ရင်တော့ ဒီဇာတ်ကားကိုကြည့်ရှုလိုက်ပါ။စိတ်လှုပ်ရှားစရာ Action scene တွေနဲ့ပြည့်နှက်နေပြီးတော့ကြည့်ရှုသူတွေကို သည်းထိပ်ရင်ဖိုဖြစ်စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   File size… (1.37GB) / (773MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

High Ground (2025)

Tropic Thunder (2008) 7.1
Tropic Thunder (2008) Tropic Thunder (2008)IMDb Rating (7.1) / Rotten Tomatoes (82%)ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr... Night at The Museum မင်းသားကြီး Ben Stiller... ဂါလီဗာ မင်းသားကြီး Jack Black... She's Out of My League ထဲက Jay Baruchel... မင်းသားကြီး Tom Cruise , Matthew McConaughey ...စတဲ့ နာမည်ကြီးမင်းသားတွေပါ ပါဝင်ထားပါသေးတယ်။နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ဇာတ်လမ်းကတော့ စစ်ကားရိုက်တဲ့ သရုပ်ဆောင်မင်းသားတသိုက် ရိုက်ကွင်းလို့ သူတို့ထင်နေတဲ့နေရာကို ရောက်သွားကြပေမယ့် အဲ့နေရာက တကယ်တော့ ...
movie

Tropic Thunder (2008)

2008
4K HEVC
Heat (1995) 8.3
Heat (1995) HEAT (1995) ****************** IMDb...8.3,,,,Rotten...86  ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ....တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..ဇာတ်အိမ်ခိုင်သလား ...
movie

Heat (1995)

Reagan (2024) 6.2
Reagan (2024)  ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က ...
movie

Reagan (2024)

Strangers (2024) 5.5
Strangers (2024)  ဒီဇာတ်ကားလေးကတော့ Crime Thriller Genre အမျိုးအစားဖြစ်ပြီးတော့Director Tony Dean Smith ရိုက်ကူးထားကာ အဓိကသရုပ်ဆောင်တွေအဖြစ်Sienna Guillory, Jon Voight, Jamie Bamber တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Laura ဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ကြုံတွေ့နေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Sky နဲ့ အမှတ်မထင်တွေ့သွားပါတယ်။Sky ရဲ့အကြံပေးချက်နဲ့အတိုင်း Laura ဟာ သူ့ယောကျ်ားကိုသတ်ပြီးတော့ Skyနောက်ကိုလိုက်သွားပါတယ်။ အဲဒီဘဝအသစ်ထဲမှာ Laura နေနိုင်ပါ့မလား၊သူ့ဆုံးဖြတ်ချက်ကရော မှန်ကန်ရဲ့လား၊ Sky ရဲ့ကြေးစားလူသတ်သမားဘဝကLaura နဲ့ ကိုက်ညီမှုရှိရဲ့လား၊ Sky ရဲ့ တကယ့်ရည်ရွယ်ချက်ကရောဘာလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ ကြည့်ကြရမှာပါ။ဇာတ်လမ်းအသွားက သပ်ရပ်ပြီးတော့ မထင်မှတ်ထားတဲ့ Plot Twist တွေအများကြီးနဲ့ ဇာတ်လမ်းအစကနေ ဆုံးတဲ့အထိ ခံစားမှုရသပေါင်းစုံကိုပေးစွမ်းပြီးတော့ ကြည့်ရှုသူတွေရဲ့စိတ်ကို ကစားနိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.15GB / 892MB Quality…WEB-DL 1080p HEVC / ...
movie

Strangers (2024)

Shadow Land (2024) 5.5
Shadow Land (2024)  လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့်အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့အမေရိကန်သမ္မတဟောင်း Wainwright ......နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်းကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့......သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူအမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်။အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယလက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကသူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိအပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Shadow Land (2024)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

Getaway (2013)
Getaway (2013) Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ.ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်.အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ ...
movie

Getaway (2013)

The Painter (2024)
The Painter (2024) The Painter (2024)ဒီကားကို "The Painter" လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး ...
movie

The Painter (2024)

2024
Mission: Impossible (1996) 7.1
Mission: Impossible (1996) Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie

Mission: Impossible (1996)

1996
4K HEVC
Transformers (2007) 7.1
Transformers (2007) ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် ...
movie

Transformers (2007)

2007
4K HEVCHDR
24: Redemption (2008) 7.4
24: Redemption (2008) 24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie

24: Redemption (2008)

2008
Mercy (2023) 5
Mercy (2023) Mercy (2023)လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Mercy (2023)

2023
Holes (2003) 7.0
Holes (2003) Holes (2003) IMDb - 7.0/10, Rt - 78%CM ပရိသတ်တွေအတွက် 2003 တုန်းကထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာသူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေသူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက်ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကိုအပို့ခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီးငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီးဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးကပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်းဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စတန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရောလွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကိုပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File ...
movie

Holes (2003)

2003
The Manchurian Candidate(2004) 7.0
The Manchurian Candidate(2004) The Manchurian Candidate(2004)*******************************နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့..File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

The Manchurian Candidate(2004)

National Treasure: Book of Secrets (2007) 6.5
National Treasure: Book of Secrets (2007) National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie

National Treasure: Book of Secrets (2007)

Dangerous Game: The Legacy Murders (2022)
Dangerous Game: The Legacy Murders (2022) Dangerous Game : The Legacy Murders (2022)"Escape Movies" တွေကိုကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားလာပါပြီ။"Dangerous Game: the Legacy Murders" ဆိုရင် ကွင်းဆက်လူသတ်သမားအပြင် မျိုးဆက်လူသတ်သမားများလို့ပါပြောလို့ရပါတယ်။ အယ်လီဆန်ဆိုတဲ့အဖိုးကြီးက တစ်ချိန်တုန်းက ကဒိတ်ဒိတ်ကြဲစီးပွားရေးသမားဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ဝှီးချဲပေါ်က ထမရတဲ့ လူအိုကြီးတစ်ယောက ဖြစ်နေပါပြီ။ သူက သူ့သားထဲက ကိုင်လ်က သူ့ရဲ့အမွေအနှစ်တွေစီးပွားရေးလုပ်ငန်းတွေကိုခိုးသွားတဲ့ သူခိုးကောင်ဆိုပြီး စွပ်စွဲပါတယ်။ နောက်တော့ ကျွန်းတစ်ကျွန်ပေါ်မှာအိမ်ကြီးဆောက်ပြီး သူ့အိမ်တော်ထိန်းနဲ့နှစ်ယောက်ထဲနေပါတယ်။ သားနှစ်ယောက်ကလဲ နားအေးရင်ပြီးရော ဆိုပြီး လွှတ်ထားကြပါတယ်။ တစ်နေ့တော့အဖိုးကြီးက သူ့သားနှစ်ယောက်နဲ့မြေးတွေကို သူ့မွေးနေ့အတွက်ကျွန်းပေါ်ကိုလာဖို့ဖိတ်ခဲ့ပါတယ်။ အဲဒီညမှာ ဘယ်သူ့ဆီကမှန်းမသိတဲ့ ဘုတ်ပြားဂိမ်းရောက်လာပါတယ်။ ဂိမ်းက လူသတ်သမားကိုရှာရမယ့်ဂိမ်းဖြစ်ပြီး သူတို့ထဲကတစ်ယောက်သာအသက်ရှင်ကျန်မှာပါ။ လူသတ်သမားကဘယ်သူဖြစ်မလဲ။ အဖိုးကြီးလား။ သူ့သားကိုင်လ်ပဲလား။ မျိုးဆက်လူသတ်သမားများဆိုတဲ့အတိုင်း ဒီဇာတ်လမ်းကို အပြင်မှာတကယ်ရှိခဲ့တဲ့ အမေရိကန်ရဲ့ပထမဆုံးကွင်းဆက်လူသတ်သမားနဲ့လဲ ချိတ်ဆက်ဖန်တီးထားတာမို့ စိတ်ဝင်စားစရာ "Escape Movie" ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Dangerous Game: The Legacy Murders (2022)

2022