Channel Myanmar

Jon Hamm

We Were Soldiers (2002) 7.2
We Were Soldiers (2002) We Were Soldiers (2002)IMDb Rating (7.2)/ Ritten Tomatoes (63%)အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ ...
movie

We Were Soldiers (2002)

4K HEVC
Space Cowboys (2000) 6.5
Space Cowboys (2000)  Space Cowboys (2000)IMDb Rating (6.5) / Rotten Tomatoes (78%) "Space Cowboys" ဇာတ်ကားမှာ အနားယူသွားတဲ့ NASA အဖွဲ့ဟောင်းတစ်ဖွဲ့ကို အာကာသဂြိုလ်တု Ikon ရဲ့ ပြုပြင်ရေးအတွက် တာဝန်ခေါ်ယူလာတဲ့အခါ စွန့်စားခန်းအသစ်တစ်ခု စတင်ခဲ့ပါတယ်။အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Clint Eastwood, Tommy Lee Jones, Donald Sutherland, James Garner တို့ရဲ့ သရုပ်ဆောင်တာတွေကတော့ ဇာတ်ကားကိုပိုကောင်းမွန်စေပါတယ်။ဇာတ်လမ်းမှာ Ikon ကတော့ အန္တရာယ်များတဲ့ ရုရှားလက်နက်နဲ့ ပြည့်နေပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အခါ NASA က အာကာသစွန့်စားခန်းလုပ်ဖို့ အဖိုးကြီးတွေကို ပြန်ခေါ်ရပါတော့တယ်။ဒီအဖွဲ့ဟောင်းဟာ ၄၀ နှစ်ကြာပြီးမှ အလုပ်ပြန်လုပ်ရတာကြောင့် အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူတို့ရဲ့ အရင်အတွေ့အကြုံတွေကြောင့် အခက်အခဲကို အေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ်။Clint Eastwood ရဲသရုပ်ဆောင်ချက်က အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ သတ္တိနဲ့ အစွမ်းအစကို ...
movie

Space Cowboys (2000)

2000
Shrek Forever After (2010) Shrek 4 6.3
Shrek Forever After (2010) Shrek 4  Shrek Forever After (2010)IMDb Rating (6.3) / Rotten Tomatoes (58%) ဇာတ်လမ်းအကျဉ်းDulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင်သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။အဲ့ဒီမှာလည်း.... Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော... သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက်တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။အဲ့ဒီအချိန်မှာ ...
movie

Shrek Forever After (2010) Shrek 4

2010
4K HEVC
The Town (2010) 7.5
The Town (2010) The Town (2010)********************FBI ရဲတွေ ဒေါသအရမ်းထွက်နေကြတယ်...FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ" ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ" ဆိုပြီးအော်ဟစ်နေတယ်...ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့်ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး....မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင်မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ....တစ်ခုတော့ရှိတယ် ...ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်....ဒီကားရဲ့ ဒါရိုက်တာက  Ben Affleck  ဖြစ်ပါတယ်... Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီးအဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်းမချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ...မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့....File size…2.5GB / 1.03GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 31m Genre ….. Chrime, Drama, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by AHtet
movie

The Town (2010)

Transformers One (2024) 7.8
Transformers One (2024)  ထရန်စဖော်မာတွေရဲ့ စစ်ပွဲအစ အော့တိမပ်ပရိုင်း နဲ့ မက်ဂါထရွန်တို့ရဲ့ရန်ငြိုးအစကို ပြသထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။Rating 7.8 အထိ ရရှိထားပါပြီ။ အသံသရုပ်ဆောင်တွေကလည်းအော်ရိုင်ရန်ပက်အဖြစ် သောရ်မင်းသား Chris Hemsworth၊အလီတာအဖြစ် မမ စကားလက်ဂျိုဟန်ဆန် တို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း***************ဆိုက်ဘာထရွန်ဂြိုလ်ဟာ ကွင်တက်ဆင်တွေနဲ့ စစ်ဖြစ်ရင်း ပရိုင်းတွေအားလုံး ကျဆုံးသွားပြီး ဆန်တီနယ်ပရိုင်းတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ကွင်တက်ဆင်တွေကို အနိုင်ယူခဲ့ပြီး အိုင်ရာကွန်မြို့ကို ဆန်တီနယ်ပရိုင်းကအုပ်ချုပ်နေတဲ့အချိန်ပါပဲ။ စစ်ပွဲကြောင့် ဆိုက်ဘာထရွန်တစ်ခုလုံးရဲ့စွမ်းအင်ရင်းမြစ် မေးထရစ် ပျောက်ဆုံးသွားတာကြောင့် အင်နာဂျွန်စွမ်းအင်တွေကိုရဖို့ တူးဖော်ရေးသမားစက်ရုပ်တွေကိုပဲ ခိုင်းစေနေရပါတယ်။ တူးဖော်ရေးသမားတွေဟာ အနိမ့်စား စက်ရုပ်တွေဖြစ်ပြီးပုံပြောင်းနိုင်စွမ်းရှိတဲ့ စက်လုံးတွေ ရင်ဘတ်မှာ မရှိကြပါဘူး။အော်ရိုင်ရန် နဲ့ ဒီ-၁၆ တို့ဟာ တူးဖော်ရေးသမား အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ အော်ရိုင်ရန်ဟာ စက်လုံးမရှိ အစွမ်းမရှိတဲ့စက်ရုပ်ဖြစ်ပေမဲ့ အမြဲတမ်း ကြီးကျယ်တာတွေကို လုပ်ချင်နေတဲ့သူဖြစ်ပြီး မေးထရစ်ကို ရှာပေးပြီး ဆိုက်ဘာထရွန်ဂြိုလ်ကြီးကိုကယ်တင်ချင်တဲ့သူ အမြဲဖြစ်ချင်ခဲ့တာပါ။တစ်နေ့မှာတော့ မေးထရစ်ကို ရှာပြီး ဆန်တီနယ်ပရိုင်းကို ပေးဖို့ကြိုးစားရင်း မထင်ထားတဲ့ ...
movie

Transformers One (2024)

Million Dollar Arm (2014) 7.0
Million Dollar Arm (2014)  ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီအဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော ...
movie

Million Dollar Arm (2014)

Unfrosted (2024) 5.6
Unfrosted (2024)  မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie

Unfrosted (2024)

Mean Girls (2024) 6.1
Mean Girls (2024) အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ...
movie

Mean Girls (2024)

A Single Man (2009)
A Single Man (2009)  A Single Man (2009) က Drama/ Romance အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Kingsman ထဲကမင်းသားကြီး Colin Firth ကို အရှုံးနဲ့ အထီးကျန်မှုကြားမှာ ရုန်းကန်နေရတဲ့ ကောလိပ်ပါမောက္ခ ဂျော့ဂ်ျအဖြစ်နဲ့ ပြောင်မြောက်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ဂျော့ဂ်ျက ၁၆ နှစ်ကြာတွဲခဲ့တဲ့ လက်တွဲဖော် ကားမတော်တဆမှုကြောင့် သေဆုံးပြီးနောက်မှာ သူ့ကိုယ်သူ သတ်သေချင်နေတယ်။ သူရဲ့နောက်ဆုံးနေ့မှာ သူက ကျောင်းသား၊ လုပ်ဖော်ကိုင်ဖက်နှင့် သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း ချာလေ နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး နောက်မှာ သူ့စိတ်ထဲမှာ ဘာလုပ်ရမလဲ ဘာကြောင့်လဲဆိုတာ ရှင်းလင်းသွားတဲ့ ဇာတ်လမ်းမျိုးပေါ့။ Good Will Hunting လို တွေးစရာဆွေးစရာကားလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွေးစရာပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

A Single Man (2009)

Marjorie Prime (2017) 6.3
Marjorie Prime (2017) ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကိုသူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေဇာတ်လမ်းကိုစတည်ထားပါတယ်။မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်းဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီးIMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size…  1.5 GB /  569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Marjorie Prime (2017)

2017
Baby Driver (2017) 7.6
Baby Driver (2017) Baby Driver (2017)IMDb Rating (7.6) / Rotten Tomatoes (92%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ ‌ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လို့ဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ...
movie

Baby Driver (2017)

2017
4K HEVC
Metalocalypse: Army of the Doomstar (2023) 6.8
Metalocalypse: Army of the Doomstar (2023) Metalocalypse: Army of the Doomstar (2023) ================================= IMDb Rating - 6.8/10American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ "Metalocalypse: The Doomstar Requiem" ရဲ့ Sequel ဖြစ်တဲ့ "Metalocalypse: Army of the Doomstar"(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့"Song of Salvation"ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ် လိုကယ်တင်နိုင်မှာလဲ၊ "Song of Salvation"ဆိုတာ ...
movie

Metalocalypse: Army of the Doomstar (2023)

2023
Corner Office (2022) 6.0
Corner Office (2022)  ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင်တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Officeဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်းလွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကိုသုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေလုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေအားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီးမတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းသူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာသူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကိုစွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုStorytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Corner Office (2022)

Maggie Moore(s) (2023) 6
Maggie Moore(s) (2023) Maggie Moores (2023)ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime,Thriller Quality…. 1080p | 720p File size…966MB | 527MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Maggie Moore(s) (2023)

2023
Confess, Fletch (2022) 6.5
Confess, Fletch (2022) Confess, Fletch (2022) ================= IMDb Rating - 6.5/10၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။  မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့  ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ...
movie

Confess, Fletch (2022)

2022
Top Gun: Maverick (2022) 8.6
Top Gun: Maverick (2022) Top Gun: Maverick (2022) ==================== IMDb Rating - (8.6/10) / Rotten Tomatoes (96%)တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် တော့ပ်ဂန်း-မက်ဗရစ်ထွက်လာပါပြီ။ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ရေတပ်ဗိုလ်ချုပ် ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီး တွေနဲ့ ငြိလိုက်နဲ့ သက်တမ်းရင့် ကပ္ပတိန် (ဗိုလ်မှူးကြီး) ဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ် အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။ အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်း အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ် တာဝန်ပေးလိုက်ပါတော့တယ်။အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကို သူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားက အမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လို ရအောင် တိုက်ခိုက်ကြမလဲဆိုတာ....ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ $1.3 Billionနီးပါး ရုံတင်ငွေရရှိထားတာဖြစ်ပြီး၊ တွမ်ခရုရဲ့ သရုပ်ဆောင်သက်တမ်း နှစ်(၄၀)အတွင်း ပထမဆုံးသော Billionနဲ့ချီပြီး ဝင်ငွေရရှိခဲ့သော ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)ဇာတ်ကားက Top Gun (1986) ...
movie

Top Gun: Maverick (2022)

2022
4K HEVC IMAX
Bridesmaids (2011) 6.8
Bridesmaids (2011) Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေ‌အတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie

Bridesmaids (2011)

2011
No Sudden Move (2021) 6.7
No Sudden Move (2021) 1950 ကျော်လောက်က အမေရိကန်မှာ Big Fourဆိုပြီးကားကုမ္ပဏီကြီးလေးခုရှိခဲ့တယ်။GM, Ford, Chrysler and American Motor ပေါ့။သူတို့ ကုမ္ပဏီကြီး ၄ ခုပေါင်းပြီး လျို့ဝှက်ချက်တစ်ခုလုပ်နေတာကိုလူအချို့က အနံ့ရသွားတယ်။ အဲဒီအနံ့ကနေ ငွေသန်းချီပြီး ရဖို့ကြံစည်ရင်းနဲ့လူဆိုးဂိုဏ်းကြီးတွေ ပါလာတယ်။ လူဆိုးဂိုဏ်းကြီးတွေ့ ခိုင်းလိုက်တဲ့လူမိုက်ပေါက်စလေးတွေကလည်း အကွက်ရွှေ့ရင်းနဲ့ သူဌေးတွေ ဂိုဏ်းတွေလူမိုက်တွေ ရှုပ်ကုန်တဲ့အကြောင်းကို ပြထားတာပါ။မင်းသားကတော့ နည်းနည်းဝနေလို့ မမှတ်မိမယ်ထင်ရတယ်။ငယ်ငယ်ကကြည့်ခဲ့တဲ့ Mummy မင်းသားကြီးပါ။နောက်တစ်ယောက်ကတော့ Iron Man ရဲ့ ဘော်ဒါကြီးပေါ့။သူကတော့ မြင်တာနဲ့မှတ်မိလွယ်ပါတယ်။Crime Drama ကောင်းကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦး။ Translated by  Mr.AndersonEncoded by : YKFile Size : 1.45Gb and 2.05GBQuality  ...
movie

No Sudden Move (2021)

2021
The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) 7.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)အညွှန်း**************************************************************IMDb.... 7.1ဒီဇာတ်ကားလေးက Netflix ကနေပြီးတော့ unbreakable Kimmy Schmidt series ထဲကို 2020 special အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကမ်မီဟာ အင်ဒီရားနနား မြို့လေးရဲ့ မြေအောက် ကတုတ်ကျင်းထဲမှာ နှစ်အတော် အကြာ ပိတ်လှောင်ခြင်းခံထားရဖူးပါတယ်။ကြောက်စိတ်တွေနဲ့ သူမဟာ လက်ထက်ဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲကနေမမျှော်လင့်ပဲ စာကြည့်တိုက်ကနေ ဌားထားတဲ့ စာအုပ်လေးကို တွေ့ရှိခဲ့တယ်။ အဲ့လိုနဲ့ အကောင်းမြင် သမားလေးဖြစ်တဲ့ ကမ်မီဟာ နောက်ထပ် သူ့လို မတရားခံရသူ မိန်းကလေးတွေ ရှိနေနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲမစခင် သုံးရက် အလိုမှာ သူငယ်ချင်း ဖြစ်သူ တိုင်းဒက်စ်နဲ့ အင်းဒီးရားနား မြို့လေးကို ပြန်သွားခဲ့ပါတယ်။သူမှာ သူ့ ...
movie

Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)