Channel Myanmar

Jolly Chirayath

Family (2023) 6.2
Family (2023) Family 2023 မိသားစုImdb 6.2စကားလုံးတွေက အင်မတန်အရေးပါပါတယ် စကားလုံးတစ်လုံးကြောင့်ပဲ အများအပြားပျက်စီးနိုင်သလို တစ်ခွန်းလေးကြောင့်ပဲ အကုန်လုံးပြောင်းလဲနိုင်တဲ့အထိ စွမ်းဆောင်နိုင်ပါတယ်နှစ်ရှည်လများ လူလေးစားခံ အထင်ကြီးခံလာရတဲ့လူတစ်ယောက်က သူ့ကိုယ်ထဲက မကောင်းစိတ်ရဲ့လွှမ်းမိုးမှုကို လက်ခံလိုက်ရင် သူ့နောက်လိုက်တွေ ဘာများဖြစ်ကုန်မလဲ မကောင်းမှုတွေလုပ်နေတာ သိသိကြီးနဲ့ ရေငုံနှုတ်ပိတ်နေနေကြတဲ့ မိသားစု..မျက်ကွယ်ပြုနေတဲ့အပြင်ကို ကာကွယ်ပေးထားကြပုံတွေ အပြစ်တွေပေါ်ကုန်ရင် ရွာရဲ့လေးစားမှုနဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးရမှာကြောက်နေကြသတဲ့ အမှားတွေပေါ် အမှားဆင့်ရင်း အပြင်ကမ္ဘာကမမြင်နိုင်တဲ့အတိတ်ရဲ့ဖြစ်ရပ်တွေကြား ဘယ်လိုနှစ်ပါးသွားကြမလဲ အနာဂတ်မှာရော ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Cym ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 1.8 GB / 856 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Cym ~ Star ~ ...
movie

Family (2023)

Kanakarajyam (2024) 7.5
Kanakarajyam (2024) Kanakarajyam (2024) "လောကဓံ"အသစ်ထွက်ရှိထားတဲ့ မလေယာလမ် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရာမန်ဆိုတဲ့ အဘိုးကြီးဟာ ရွှေဆိုင်တစ်ဆိုင်မှာ လုံခြုံရေးလုပ်ပြီး အများချစ်ခင်တဲ့အပြင် အကောင်းဆုံးဝန်ထမ်းဆုကိုပါ ရထားတဲ့သူပါဗီနူးဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကတော့ ယောက္ခမပိုက်ဆံလည်းအကြွေးတင်နေကာ တလောတုန်းက စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှုံးသွားလို့ အကျပ်ရိုက်နေတဲ့အပြင် ဇနီးသည်ကလည်း သူအမေက ပိုက်ဆံပြန်တောင်းနေတဲ့အကြောင်း မကြာခဏသတိပေးသလို အိမ်လခလည်း အကြွေးကျန်ပြီး ချေးငွေလည်းယူလို့မရ ဖြစ်နေပါတယ်ဒီလိုအကျပ်အတည်းတွေကနေ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဗီနူးက ဘယ်လိုရုန်းထွက်နိုင်ဖို့ ကြိုးစားသွားမှာလဲ ဆိုတာကို ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.96 GB/ 851 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kanakarajyam (2024)

Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Sulaikha Manzil (2023) 7.2
Sulaikha Manzil (2023) Sulaikha Manzil 2023 (IMDb 8.4/10)ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL
movie

Sulaikha Manzil (2023)

2023
Romancham(2023)
Romancham(2023) Romancham (2023) IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ...သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni
movie

Romancham(2023)

Malik (2021) 8.1
Malik (2021) Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Malik (2021)

2021
Virus(2020) 7.9
Virus(2020) Virus(2020)အညွှန်း********************IMDb...7.9 အိန္ဒိယနိုင်ငံရဲ့ ကိုလီကိုးနဲ့ မလာပူရမ်ဆိုတဲ့ မြို့နှစ်မြို့မှာ လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်တဲ့Nipah အမည်ရဗိုင်းရပ်စ် လူတွေကို စတင်ကူးစက် လာတယ်...အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေက အဆက်မပြတ်အော့အန်ကြတယ်...အာရုံခံစနစ်တွေ ပျက်ဆီးတယ်..အချိန်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားကြတယ်...ကူးစက်မှုနှုန်းမြင့်လာပြီး အသေပျောက်များလာတဲ့အခြေအနေအရကြောင့်အစိုးရက ကျောင်းတွေ၊စျေးတွေကို ပိတ်၊ ယာဉ်ကြောတွေ လျှော့ချပြီး ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်... ဆိုးကျိုးကတော့ ပြည်သူတွေ စီးပွါးရေး ထိခိုက်ကြတယ်...ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို ကုသမှုမှတ်တမ်းလည်း ဘာတစ်ခုမရှိတဲ့အတွက် ဆရာဝန်တွေလည်း ခေါင်းခြောက်ရတယ်....တစ်ဖက်မှာလည်း ဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစမ်းသပ်ထားတဲ့ဗိုင်းရပ်စ်ဆိုပြီး  နိုင်ငံရေး စွပ်စွဲချက်တွေ ရှိလာတယ်...ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာတွေ့မှ ကုသနိုင်မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ဘယ်လို ပူးပေါင်းပြီးအဖြေရှာကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.3 GB) and (530 MB) Quality : WEB-DL 720p Format…mp4 Duration…02:32:00 Genre : Thriller, Drama Subtitle ...
movie

Virus(2020)