Channel Myanmar
John Sharian
Lost in Space (1998)
Lost in Space (1998) ဒီဇာတ်ကားကတော့ ၁၉၆၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးတီဗွီစီးရီးတစ်ခုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့သိပ္ပံစွန့်စားခန်းအမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။အနာဂတ်ကာလ၂၀၅၈ခုနှစ်မှာဇာတ်တည်ထားပြီး ကမ္ဘာမြေကြီးက သဘာဝပြဿနာတွေနဲ့ လူတွေက ပေးတဲ့ပြဿနာတွေကြောင့် ပျက်စီးခါနီးအခြေအ နေကိုရောက်လုနီးပါးဖြစ်နေပါပြီ။ ဒီတော့လဲလူသားတွေရဲ့ထုံးစံအတိုင်း လူတွေနေနိုင်မယ့် ဂြိုလ်အသစ်တစ်ခုကိုထပ်ရှာကြတာပေါ့။ လိုက်ရှာကြရင်းနဲ့ ကံကောင်းထာက်မစွာနဲ့ပဲ(အယ်ဖာပရိုင်း)ဆိုတဲ့ကမ္ဘာ မြေနဲ့အရမ်းတူတဲ့ဂြိုလ်တစ်ခုကိုသွားတွေ့တယ်။ အဲဒီလို တွေ့ပြီးနောက်မှာ အဲဒီဂြိုလ်ကို ဉာဏ်ကြီးရှင်မိသားစုဖြစ်တဲ့ရော်ဘင်ဆန်မိသားစုကို လေ့လာဖို့တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ သူတို့သွားပြီမကြာဘူး အာကာသယာဉ်ပေါ်မှာဒုက္ခပေးဖို့လိုက်လာတဲ့ ဒေါက်တာစမစ်ဆိုသူကြောင့် အရာရာဟာအလွဲလွဲအချော်ချော်တွေဖြစ်ပြီး အာကာသထဲမှာတစ်မိသားစုလုံး လမ်းပျောက်ကုန်ကြပါတယ်။အဲဒီကနေမှ မထင်မှတ်ထားတဲ့အန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ပြီး သူတို့ဦးတည်ရာကို ရောက်နိုင်မလားဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုရင်းနဲ့ပဲ ခံစားပေးကြပါဦး။File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero
movie
Lost in Space (1998)
Love Actually (2003) 7.6
Love Actually (2003) Love Actually (2003)IMDb Rating (7.6) / Rotten Tomatoes (64 %)နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲအညွှန်းလေးအကျဉ်းချုပ်ပြောရရင်....မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက်အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်Real sex ...
movie
Love Actually (2003)
4K HEVC
Saving Private Ryan (1998) 8.6
Saving Private Ryan (1998) Saving Private Ryan (1998) IMDb Rating (8.6) / Rotten Tomatoes (94%) အကောင်းဆုံးစစ်ကားတွေအကြောင်းပြောကြရင် Saving Private Ryan က ထိပ်ဆုံးကပါလာတတ်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks , Matt Damon , Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားပြီးသရုပ်ဆောင်ချက်၊ ဇာတ်လမ်းပိုင်းတွေမှာ ပြောစရာမရှိကောင်းမွန်လှသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်လို့ ပိုလို့တောက်ပြောင်ပါတယ်။အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။IMDBမှာလဲ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကာလက တကယ့်အဖြစ်အပျက်တချို့ကို ဇာတ်အိမ်တည်လို့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲနဲ့ အစပြုထားပြီးNormandy ကမ်းခြေကို အမေရိကန်တို့ရဲ့ မဟာမိတ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး။တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ...
movie
Saving Private Ryan (1998)
1998
4K HEVC
The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie
The Fifth Element(1997)
Chicken Run (2000) 7.0
Chicken Run (2000) Chicken Run(2000) IMDb - 7.0/10_____Rotten - 97%Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်က DreamWorks ရဲ့ Animation တစ်ကားကို တစ်​ခေါက်ပြန်ကြည့်မိတယ် ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲ ဇတ်လမ်းပုံစံက တွီဒီလို့ ​ခေါ်တဲ့ ​မွေးမြူ​ရေး ကြက်ခြံက ငရဲခံ​နေရတဲ့ ဥ ဥ​ပေးရတဲ့ ကြက်မ​တွေ အ​ကြောင်း​ပေါ့ အဲ့ဒီကြက်ခြံက​နေ ထွက်​ပြေးဖို့ အမြဲကြံ​နေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့ သူ့ရဲ့ သူငယ်ချင်း တစ်စု​ပေါ့ ဂျင်ဂျာက​တော့ လွတ်​​​မြောက်နယ်​မြေရှိမယ်လို့ အမြဲယုံကြည်​နေသူ တစ်ဦး​ပေါ့ သူ့စိတ်ကူးကို သူငယ်ချင်း​တွေက အမြဲ အ​​ကောင်အထည်​ဖော်​ပေးရတယ် ထွက်​ပြေးဖို့နည်းလမ်း​တွေ ဆွဲကြတယ် ​ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ် ပိုင်ရှင် လင်မယားဟာ ကြက်​တွေကို မ​ဝရေစာ ​​ကျွေး​မွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံး လိုချင်ကြပါ​သေးတယ် အပတ်တိုင်း ကြက်ခြံကို ဝင်စစ်​လေ့ ရှိပြီး တစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ ကြက်မ အတွက်​တော့ နားရက်ရသွားတာပါပဲ နားရက်ရတယ်ဆိုတာ ကြက်စွပ်ပြုတ် ဖြစ်သွားတာမျိုး​ပေါ့ ​နောက်ဆုံး ပလန်​တွေ အလုပ်မဖြစ်လို့ လက်​လျှော့ အရှူံး​​ပေး​တော့မယ် စဥ်းစား​နေတဲ့ ဂျင်ဂျာ အတွက် ​မျှော်လင့်ချက် ​အလင်း​ရောင်က တစ်ညမှာ တွီဒီ ကြက်ခြံထဲကို ကြက်ဖ ...
movie
Chicken Run (2000)
2000
The Kitchen (2019) 5.2
The Kitchen (2019) Hell’s Kitchen လို့ခေါ်တဲ့ နယ်မြေလေးမှာ လူမိုက်အဖွဲ့ ကျင်လည်ကျက်စားပါတယ်။ဆက်ကြေးကောက်လိုက် လူသတ်လိုက် ဓားပြတိုက်လိုက် လုပ်နေတဲ့အဖွဲ့ပါ ဇာတ်လမ်းအဖွင့်မှာတော့ လူမိုက်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ရော့ဘ်၊ ကယ်ဗင်နဲ့ ဂျင်မီတို့ သုံးယောက်သားဟာဆိုင်တစ်ဆိုင်ကို ဓားပြ၀င်တိုက်ရင်း အက်ဖ်ဘီအိုင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ် တစ်ရက်နှစ်ရက်နေရင် လွတ်လာမယ်ထင်ပေမယ့်ဗဟိုကတိုက်ရိုက်ကိုင်တာမို့လို့ ထောင်သုံးနှစ်စီအသီးသီးကျသွားတဲ့အခါမှာတော့ သူတို့ရဲ့အဖွဲ့ကလစ်တဲဂျက်ကီ ဆိုတဲ့တစ်ယောက်စီ ခေတ္တလွှဲပြောင်းပေးခဲ့ရပါတော့တယ် သူတို့မိန်းမတွေကို အချင်းချင်းစောင့်ရှောက်ပေးထားမယ်ထင်ပေမယ့်မသထာရေစာ လောက်သာ ပေးကမ်းထားတဲ့အခါမှာတော့မိန်းမသားတန်မဲ့ လူမိုက်အဖွဲ့ထောင်ဖို့ ဇာတ်လမ်းဖန်လာပါတော့တယ် ဆက်ကြေးပေးပေမယ့် ကာကွယ်ပေးခြင်းမခံရတဲ့ဆိုင်တွေ..ဆက်ကြေးကောက်ထားပေမယ့် ဘာတစ်ခုမှပြန်မလုပ်ပေးတာတွေကိုသူတို့ပြုပြင်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လူမိုက်ဖွဲ့ထောင်လိုက်တာယောကျာ်းတွေထက်ရော လက်ရှိ လူမိုက်အဖွဲ့ထက်ပါလက်ဇောင်းတွေထက်ကုန်လို့ ရဲတွေရော နာမည်ကြီးလူမိုက်အဖွဲ့တွေကပါသူတို့ကို ပြောင်းစောင့်ကြည့်ရတဲ့အဆင့်ရောက်သွားပါတော့တယ် စိတ်နဲ့မတည့်ရင်သတ်ထည့်လိုက်တဲ့အဆင့်ထိ ကြမ်းလာတဲ့အခါမှာတော့ဂိုဏ်းထဲမှာအချင်းချင်း သွေးကွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့ကိုအနိုင်ကျင့်တတ်တဲ့သူတို့ယောကျာ်းတွေက စောပြီးလွတ်လာတဲ့အခါမှာတော့… သူတို့တွေဆက်လက်ရပ်တည်နိုင်ပါ့မလားအနိုင်ကျင့်တတ်တဲ့ယောကျာ်းတွေလက်ကလွတ်နိုင်ပါ့မလား လူမိုက်ဂိုဏ်းကိုမိန်းမသား ၃ ယောက်တည်းနဲ့ ဦးဆောင်နိုင်ပါ့မလားဆိုတာကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါတချိန်းချိန်းချမနေပေမယ့် တဒိုင်းဒိုင်းနဲ့တော့သတ်နေတဲ့ကားပါ ...
movie
The Kitchen (2019)
2019
The Machinist (2004) 7.7
movie
The Machinist (2004)
2004