Channel Myanmar

John Rhys-Davies

The Jungle Book 2 (2003) 5.3
The Jungle Book 2 (2003) The Jungle Book 2 (2003)1967 မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ကာတွန်းကားရဲ့ အဆက်ဖြစ်ပြီး2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အပိုင်း 1 မှာတော့ တောတွင်းသားလေး မောဂလိဟာ ဝက်ဝံကြီး ဘလူး၊ကျားသစ်နက် ဘက်ဂီယာတို့နဲ့အတူ လူသားတွေနေတဲ့ရွာနားရောက်သွားပြီးမြစ်ထဲမှာရေခပ်နေတဲ့ ရှန်တီဆိုတဲ့ကောင်မလေးနောက်ကိုလိုက်သွားရင်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုအပိုင်း 2 မှာတော့ မွေးကင်းစကတည်းက တောတွင်းမှာပဲကျင်လည်လာခဲ့တဲ့မောဂလိတယောက် လူတွေကြားထဲမှာ စည်းကမ်း၊ အလုပ်တွေနဲ့ ‌နေရတဲ့ ဘဝကိုငြီးငွေ့လို့လာနေပါတယ်။ဒီလိုညတညမှာ မောဂလိကို လက်စား‌ချေချင်နေတဲ့ ရန်သူတော်ဟောင်းကျားကြီး ရှီယာခမ်းနဲ့ မောဂလိကို သူ့ရဲ့သားအရင်းလိုချစ်ရှာတဲ့ ဝက်ဝံကြီး ဘလူးတို့ကမောဂလိတို့နေတဲ့ရွာထဲကို ရောက်လာခဲ့ကြပါတယ်။ ရွာထဲကိုကျားဝင်လာလို့ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေချိန် မောဂလိလည်း ဘလူးနဲ့အတူ တောထဲပြန်ပါသွားခဲ့ပြီးမောဂလိတယောက် တောအုပ်ထဲနေရတဲ့ လွတ်လပ်တဲ့ ဘဝကို ရွေးချယ်မလား၊သူနဲ့မျိုးနွယ်တူ လူသားတွေရှိတဲ့ လူသားရွာကိုပဲရွေးချယ်မလားဆိုတာကိုရှီယာခမ်းလက်ကလွတ်အောင်ကြိုးစားတဲ့ စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။    File size…    1.6 GB /  800MB Quality… ...
movie

The Jungle Book 2 (2003)

Tom and Jerry Meet Sherlock Holmes (2010) 6.4
Tom and Jerry Meet Sherlock Holmes (2010) ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီရယ် နာမည်‌ကျော်စုံ‌ထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝက်ဆန်တို့ ပါဝင်တဲ့သည်းထိတ်ရင်ဖို စွန့်စားခန်းanimationလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှားလော့ဟုမ်းနေထိုင်ရာ လန်ဒန်မြို့ကြီးမှာစိန်ခိုးဂိုဏ်းတစ်ခု သောင်းကျန်းနေပြီး ရက်ပိုင်းအတွင်းမှာပဲတန်ဖိုးကြီးစိန်သုံးပွင့်လောက် အခိုးခံလိုက်ရတာကြောင့် လူတိုင်းက ထိုအမှုကို စိတ်ဝင်စားနေကြတာပါ။ထိုအချိန်မှာ ရှားလော့ဆီ မစ်ရတ်ဒ်ဆိုတဲ့ ဇာတ်ရုံအဆိုတော်တစ်‌ယောက်ကငွေညှစ်ခံရမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့ ဒီအမှုနဲ့ စိန်ခိုးမှုကဆက်စပ်နေမယ်လို့ ရှားလော့ဟုမ်းက သံသယရှိရင်း စုံစမ်းရာမှသူ့ရဲ့ရန်သူတော်ကြီး မိုရီယန်တေးရဲ့ မဟာအကြံကိုတားဆီးရဖို့ အကြောင်းဖန်လာပါတော့တယ်။ File Size :  1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 50min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant
movie

Tom and Jerry Meet Sherlock Holmes (2010)

Valley of the Gods (2019) 5.0
Valley of the Gods (2019) Valley of the Gods (2019)*************************နတ်ဘုရားတို့၏တောင်ကြားဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တို့ကို Black Hawk Down, Pearl Harbor, Trap, Oppenheimer စတဲ့ နာမည်ကျော်ဇာတ်ကားများထဲမှ မင်းသား တစ်လက်ဖြစ်သူ Josh Hartnett နဲ့ အတူ The man in the iron mask, Transformers, Warm bodies, In the line of fire စတဲ့ဇာတ်ကားများရဲ့ မင်းသားကြီး John Malkovich တို့ရဲ့ ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအကျဥ်း *************** စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျွန် ဟာအိမ်ထောင်ရေးပြိုကွဲပြီးနောက် နဗားဟိုးလူမျိုးတို့ရဲ့ မြင့်မြတ်သော နတ်ဘုရားတို့၏တောင်ကြားကို ရောက်လာပြီး စွန့်စားခန်း၊ လူထူးဆန်းတွေနဲ့ နဗားဟိုးလူမျိုးတို့ရဲ့ ကိုးကွယ်မှုတွေ အကြောင်း စာတစ်အုပ်ရေးနေသူဖြစ်ပါတယ် ..ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ တင်စားခံရတဲ့ ဝက်စ်တော့ရို့စ်က နဗားဟိုးတစ်ခွင် ယူရေနီယမ်တူးရင်း ကျိကျိတက်ချမ်းသာလာသူပါ .. သူကလည်း ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးထားရသူတစ်ဦးဖြစ်ပြီး လျှို့ဝှက်ချက်များနဲ့ ...
movie

Valley of the Gods (2019)

Scooby-Doo! Adventures: The Mystery Map (2013) 5.2
Scooby-Doo! Adventures: The Mystery Map (2013) ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်းပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်းရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့်အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာStop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။  File Size : 998 MB, 473 MB Quality : WEB-DL 1080p / 720p Running Time : 44min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode ...
movie

Scooby-Doo! Adventures: The Mystery Map (2013)

Aquaman (2018) 6.8
Aquaman (2018) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Aquaman (2018)

2018
4K HEVC
Prisoners of the Sun (2013)
Prisoners of the Sun (2013) Prisoners of the sun (2013)ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ခုခေတ်မှာ အလွန့်အလွန်ကိုရှားပါးသွားပြီးဖြစ်တဲ့ ရတနာသိုက်ရှာတဲ့ စွန့်စားခန်းရုပ်ရှင်ပါပဲ ဒဏ္ဍာရီတွေ ဝှက်စာတွေ ပိရမစ်တွေ ထောင်ချောက်တွေ စတဲ့အရာများစွာနဲ့ ရင်တထိတ်ထိတ်နဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး ရုပ်ရှင်တွေပေါ့ ခုခေတ်မှာတော့ တကယ့်ကိုရှားသွားတာပါ့ အဲ့တော့ မကြည့်ရသေးရင် အသစ်ဆိုတဲ့အတိုင်း ပရိသတ်ကြီးအတွက် ဒီကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီဂျစ်ကိုတိုးတက်အောင်လုပ်ပေးခဲ့တာက ကောင်းကင်ကနေလာတဲ့ အရာတွေ ဂြိုလ်သားတွေပေါ့ လူသားတွေအခေါ် နတ်ဘုရားပေါ့ သူတို့က လူသားတွေကို စေတနာရှိလွန်းလို့ကူညီတာမဟုတ်ဘဲကမ္ဘာကြီးကိုသိမ်းပိုက်ချင်လို့ လာခဲ့တာပါ ဒီအိုဆိုင်းရစ်တွေကို လူသားဘုရင်ဖာရို့က ပြန်မောင်းထုတ်ခဲ့ပြီး သူတို့ကိုပြန်ခေါ်နိုင်မယ့်လျှို့ဝှက်ချက်ကို သင်္ချိုင်းဂူထဲထည့်ပိတ်ထားခဲ့ပါတယ် နှစ်ပေါင်းငါးထောင်ကြာမှ တစ်ခါရတဲ့အခွင့်အရေးကြီးမှာ မျက်မှောက်ခေတ်အချိန် အိုဆိုင်းရစ်တွေကိုပြန်ခေါ်ဖို့ ကြိုးစားကြတဲ့အခါမှာ ခေတ်ဟောင်းကားဆိုပေမဲ့ 2013 ဆိုတော့ cgi ဘာညာလဲ မဆိုးတာမို့ ပရိသတ်ကြီးတို့ lara croft အလွမ်းပြေကြည့်နိုင်မဲ့ စွန့်စားခန်းကားလေးပါပဲလို့ ညွှန်းဆိုပေးလိုက်ပါတယ်.။....အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Action, Adventure, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 743MB Format… mp4 Duration…. 1h ...
movie

Prisoners of the Sun (2013)

The Medallion (2003)
The Medallion (2003) CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

The Medallion (2003)

Aquaman and the Lost Kingdom (2023) 6.0
Aquaman and the Lost Kingdom (2023) (function(f,b,n,j,x,e){})();အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။ File size…( 9.47 GB)/( 2.84 GB) /(2.2 GB) Quality….Webrip  4K HEVC/ 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Aquaman and the Lost Kingdom (2023)

4K HEVC
Cats Don’t Dance (1997) 6.9
Cats Don’t Dance (1997) Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Cats Don’t Dance (1997)

1997
Indiana Jones and the Dial of Destiny (2023) 6.8
Indiana Jones and the Dial of Destiny (2023) Indiana Jones and the Dial of Destiny (2023)~ IMDb - 6.8/10, Rotten Tomatoes - 69% ~ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ...
movie

Indiana Jones and the Dial of Destiny (2023)

2023
4K HEVC
Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie

Indiana Jones and the Last Crusade (1989)

1989
4K HEVC
Indiana Jones and Raiders of the Lost Ark (1981) 8.4
Indiana Jones and Raiders of the Lost Ark (1981) Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie

Indiana Jones and Raiders of the Lost Ark (1981)

1981
4K HEVC
The Gates (2023) 5.0
The Gates (2023) Genre – Horror, Thriller IMDB – 5.0/10 လန်ဒန်မြို့ကြီးမှာ အမျိုးသမီးတွေချည်း အောက်လမ်းလိုလို ပညာသည်လိုလိုနဲ့၂၈ ယောက်လောက် သတ်ခဲ့တဲ့ အတွဲလိုက်လူသတ်သမားကို နောက်ဆုံးတစ်ယောက်သတ်နေတဲ့အချိန် ဖမ်းမိခဲ့တာပါ။ဒီလို ပြစ်မှုကြီးမားတဲ့အတွက် သေဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ကိုမကွပ်မျက်ခင်မှာ လူသတ်သမားဟာ အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့သင်္ကေတတွေပုံတွေဆွဲပြီး ဂါထာလိုလို ဘာလိုလိုတွေရွတ်ပြီး သေဒဏ်ကျခံသွားရော။သူ သေပြီးတဲ့နောက်မှာ ဒီအကျဉ်းထောင်ကြီးထဲ ညညဆို အကျဉ်းသားတွေစိတ္တဇတွေဖြစ်ပြီး သေဒဏ်ကျခံရမှာကိုတောင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ လူသေအလောင်း ဓာတ်ပုံရိုက်ပြီးတစ်ဖက်က တမလွန်ဆိုတာကို စက်နဲ့တည်ရှိကြောင်း သက်သေပြချင်တဲ့တူဝရီးနှစ်ယောက်ကလည်း သေဒဏ်ပေးရသူကို ရိုက်ပေးဖို့ ထောင်ထဲကိုရောက်လာချိန် ထူးခြားမှုတွေ ဖြစ်နေလို့ လာရောက်ဖြေရှင်းတဲ့ ပရလောကကျွမ်းကျင်သူနဲ့တွေ့ပြီး ဒီလူ တိုက်ခဲ့တဲ့ကျိန်စာတွေ အသက်ဝင်လာပြီးထကြွသောင်းကျန်းတဲ့အခါ ဒီအကျဉ်းထောင်ထဲမှာ အသက်ရှင်သန်နိုင်ဖို့၃ ယောက် ပေါင်းပြီး အတူတကွ ကြိုးပမ်းရပါတော့တယ်။ ခေါင်းဆောင်မင်းသားကြီးနေရာကိုတော့ Lord of the Ring ...
movie

The Gates (2023)

Sahara (1983) 4.9
Sahara (1983) ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီး ဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်‌ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းက people choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင် Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။) File size…(3 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Soe Thiri Swe
movie

Sahara (1983)

1080p HEVC
The Game of Their Lives(2005) 6.7
The Game of Their Lives(2005) The Game of Their Lives(2005)*****************************၂၀၂၂ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြီးကတော့ အာဂျင်တီးနားအသင်းကဖလားကြီးကို ကိုင်မြှောက်ရင်းနဲ့ပဲ လှလှပပအဆုံးသတ်သွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့ပွဲတွေ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ကမ္ဘာ့ဖလားပွဲကြီးဟာ အားကစားပြိုင်ပွဲတွေအားလုံးထဲမှာ အကြီးကျယ်ဆုံးလို့သတ်မှတ်ခံထားရပါတယ်။ ၁၉၃၀ ခုနှစ်မှာအစပြုခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာစစ်ကြောင့်ခေတ္တရပ်နားခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာကမ္ဘာ့ဖလားပွဲ ပြန်လည်စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့ဖလားကန်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းအနေနဲ့ နိမ့်ပါးနေတဲ့အမေရိကအသင်းဟာ အဲ့ဒီအချိန်အခါမှာတော့ အောက်ဆုံးအသင်းအဖြစ်အများက သတ်မှတ်ခံထားရတဲ့အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘောလုံးအားကစားအပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ အသင်းသားတစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ နားလည်မှုတွေကြောင့် အဲ့ဒီခေတ်အခါမှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အသင်းသားတွေရဲ့အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရပုံတွေနဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားလေးကတော့ ဘောလုံးချစ်တဲ့ပရိတ်သတ်တွေရော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေရော ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။File Size :(2.3GB)(1.1GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:41:00 Genre :Sport, History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo ...
movie

The Game of Their Lives(2005)

Kingslayer (2022) 4.1
Kingslayer (2022) Kingslayer (2022) ==============အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့  Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်)File Size..........(1.7 GB) ...
movie

Kingslayer (2022)

2022
The Princess Diaries 2: Royal Engagement (2004) 5.8
The Princess Diaries 2: Royal Engagement (2004)  ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries  ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့  The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Princess Diaries 2: Royal Engagement (2004)

The Lord of the Rings: The Return of the King (2003) 8.9
The Lord of the Rings: The Return of the King (2003) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Return of the King (2003)

2003
4K HEVCHDR
The Lord of the Rings: The Two Towers (2002) 8.7
The Lord of the Rings: The Two Towers (2002) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Two Towers (2002)

2002
4K HEVCHDR
The Lord of the Rings: The Fellowship of the Ring (2001) 8.8
The Lord of the Rings: The Fellowship of the Ring (2001) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Fellowship of the Ring (2001)

2001
4K HEVCHDR