Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Murray
7.3
Fantastic Beasts and Where to Find Them (2016)
Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations. ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင် နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie
Fantastic Beasts and Where to Find Them (2016)
2016
4K HEVC
6.9
Scrooged (1988)
Scrooged (1988)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ...
movie
Scrooged (1988)
1988
7.1
Elf (2003)
ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်းပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်းဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကိုဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်းလာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာကသူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ်အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar ...
movie
Elf (2003)
5.7
Jingle All the Way (1996)
Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990 ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie
Jingle All the Way (1996)
1996