Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John McIntire
6.8
Rooster Cogburn (1975)
ဒီတစ်ခါ ပရိသတ်တွေကို ခေတ်ဟောင်း ဂန္ထဝင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခေတ်ဟောင်းတုန်းက နာမည်ကြီးမင်းသား ဂျွန်ဝိန်း(John Wayne ) နဲ့ နာမည်ကြီး မင်းသမီး ကက်သရင်းဟက်ဘန်း( Kath -arine Hepburn) တို့ပါဝင်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက စတူးဝပ် မီလာ(Stuart Miller )ပါ။ဂျွန်ဝိန်းက ရူးစတာကော့ဗန်း ဇတ်ကောင် နဲ့ပဲ ၁၉၆၉ ကရိုက်တဲ့ True Grit မှာ အကောင်းဆုံး အမျိုးသားဇတ်ဆောင် အော်စကာဆုကိုရခဲ့ပါတယ်။ဇတ်လမ်းအကျဥ်း ရူးစတာဂျေကော့ဗန်း(ဂျွန်ဝိန်း)ဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး တရားခံတွေကိုသွားဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ရူးစတာက အကုန်ပစ်သတ်လိုက်လို့ အလွန်အကျွံအင်အားသုံးတယ် ဆိုပြီး အာကန်ဆောပြည်နယ် အနောက် ခရိုင်တရားရုံးတရားသူကြီးပတ်ကားကသူ့ရဲ့ရဲတံဆိပ်ကိုသိမ်းပြီးအနားပေးလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုမြင်းတပ်က သယ်လာတဲ့နိုက်ထရိုဂလစ်ဆရင်းဖောက်ခွဲရေးပစ္စည်းတွေကိုဟော့ခ်လို့ခေါ်တဲ့လူဆိုးနဲ့အဖွဲ့ကရဲကင်းထောက်ဘရီးဒ်ရဲ့အကူအညီနဲ့စစ်သားတွေကိုပစ်သတ်ပြီးလုသွားပါတယ် ။ ရည်ရွယ်ချက်က ဂိုလ်းစထရိုက်မြို့ကဘဏ် ကို လုယက်ဖို့ပါ။အဲဒါနဲ့ တရားသူကြီးပါတ်ကားက ရူးစတာ ကိုလစာနှစ်ဆအပြင်အပိုဆုငွေနဲ့လာညှိတဲ့အတွက်ရူးစတာကဟော့ခ်ကိုအရှင်ဖမ်းပေးဖို့လက်ခံလိုက်ပါတယ်။ရာဇဝတ်သားကူ ဖမ်းမယ့်အဖွဲ့(ပေါ့ဆီအဖွဲ့)ပေးမယ်လို့လည်းပါတ်ကားကတိပေးပါတယ်။ဟော့ခ်တို့လူသိုက်က ဖို့ဒ်ရူဘီဆိုတဲ့ နယ် သစ်အခြေချတွေနေတဲ့ရွာကိုရောက် လာပြီး ခရစ်ယာန်တရားဟောဆရာနဲ့ အင်ဒီးယန်းတွေကိုသတ်လိုက်ပါတယ်။တရားဟောဆရာရဲ့သမီးမစ္စယူးလာဂွတ် နိုက်နဲ့(ကက်သရင်းဟက်ဘန်း)အင်ဒီးယန်းကောင်လေးဝံပုလွေတို့ကျန်ခဲ့ပြီးရူးစတာနဲ့တွေ့ပါတယ်။ရူးစတာကအမျိုးသမီးတစ်ယောက်တည်းနေဖို့မသင့်တော်ဘူးဆိုပြီး ...
movie
Rooster Cogburn (1975)
6.2
Turner & Hooch (1989)
ဟောင်းပေမဲ့ ကောင်းတယ်ဆိုတာ ဒါမျိုးဗျ..။အဓိကဇာတ်ကောင်ပါတဲ့ ပိုစတာကို မြင်ပြီးရင်တော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ဘူး..။Tom Hanks ဆိုတာ ဂန္တဝင်ရယ်လို့ Legendary သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်လာပြီးမှ ဟိုးရှေးရှေးတုန်းက ငယ်ရွယ်တဲ့ Tom Hanks ကို ပြန်ကြည့်ရတာလည်း အရသာတစ်မျိုးပဲ..။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့ အချိန်လောက်တုန်းက ရုပ်ရှင်ဆိုပေမဲ့လည်း အခုနေ ပြန်ကြည့်မိလည်း ဇာတ်ကြောင်းက ကျေနပ်စရာကောင်းသေးတယ်ဗျ..။အိမ်မွေးတိရစ္ဆာန်လေးတွေဆီကရတဲ့ စိတ်ဒုက္ခ..၊ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေနဲ့ ကြည်နူးစရာ မေတ္တာတရားတွေကို ရယ်စရာ မောစရာတွေနဲ့ ရောပြီး ကြည့်ရှုနိုင်ပါမှာ..။အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေကတော့ ဒီချိုမြတဲ့ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာ အသေအချာ..။ကမ်းခြေမြို့သေးသေးလေးတစ်ခုမှာ စုံစမ်းစစ်ဆေးရေးမှူးလုပ်နေတဲ့ မစ္စတာ တန်နာ တစ်ယောက် တခြားမြို့ကို သိပ်မကြာခင် ပြောင်းရွေ့ရတော့မယ့် ရက်ပိုင်းအတွင်းမှာမှ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတချို့နဲ့.. ဒီကိစ္စရပ်တွေကနေ ဆက်ပြီးတော့ ဖြစ်ပျက်လာမယ့် မှုခင်းဆက်စပ်မှုတွေ..။အရာအားလုံးကို တိကျ ၊ သေချာ ...
movie
Turner & Hooch (1989)
Psycho(1960)
Psycho(1960)IMDb...8.5,,,,Rotten...86%(unicode) အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ဂန္ဓဝင်ကားကောင်း တစ်ကားဖြစ်လို့ အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ပါဘူး။ ခင်ဗျားဟာ ဘယ်လောက်ပဲဇာတ်ကားတွေကြည့်ခဲ့ ကြည့်ခဲ့ ဒီဇာတ်ကားဟာ ခင်ဗျားတို့ကို အချိန်ပြည့် ပါးစပ်အဟောင်းသားဖြစ်သွားစေလိမ့်မယ်လို့လည်း တော်တော်များများက ညွှန်းဆိုကြတယ်... ဇာတ်လမ်းသွားအရတော့ မာရီယွန်ကရိန်းဆိုတဲ့ အတွင်းရေးမှူး ကောင်မလေးတစ်ယောက် သူ့အလုပ်ရှင်ဆီက ငွေတွေကို အပျောက်ရိုက်ပြီးအသွား လူသူမနီးတဲ့ မိုတယ်တစ်ခုမှာ ဝင်တည်းမိပါတယ်။ အဲ့ဒီမိုတယ်ရဲ့ ပိုင်ရှင် မန်နေဂျာတစ်ယောက်ဖြစ်တဲ့ နော်မန်ဘိတ်စ် ဆိုတဲ့လူနဲ့ အတွေ့မှာ သူ့ဘ၀ တစ်ဆစ်ချိုးဖို့ ဖြစ်လာပါတော့တယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက် သြဇာအကြီးမားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ထိတ်လန့်သည်းဖိုဘုရင်တစ်ပါးလို့ တင်စားကြတဲ့ ဒါရိုက်တာကြီး Alfred Hitchcock ရဲ့နာမည်ကျော် ဖန်တီးမှုလက်ရာတစ်ခုပါပဲ။ Imdb rating ကတော့ (8.5) ရရှိထားပါတယ်။Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲရေးပါရစေ.... အော်စကာ(၄)ဆုရရှိထားပြီး အခြားဆု(၁၀)ဆုအတွက်လည်း ဆန်ကာတင်စာရင်း ဝင်ပါသေးသတဲ့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်.....(zawgyi)အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ...
movie
Psycho(1960)