Channel Myanmar

John McCarthy

Small Things Like These (2024) 7.2
Small Things Like These (2024)   Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန်သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ်Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီမက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားကအမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေကခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက်ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကိုစောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့်နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့သူဖြစ်သလို ...
movie

Small Things Like These (2024)

4K HEVC
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964) 8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)  ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)

[James Bond] Goldfinger (1964) 7.7
[James Bond] Goldfinger (1964) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++မင်းသားကြီးရှောင်ကွန်နရီရဲ့ ၃ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ IMDb Rating (7.7/10) ရရှိထားပါတယ်။ File size…(2.1 GB) Quality….BluRay HEVC 1080p Format…mkv Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin
movie

[James Bond] Goldfinger (1964)

HEVC 1080p
Blue Streak (1999) 6.3
Blue Streak (1999) Blue Streak (1999)_____IMDb - 6.3/10    Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဉာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်  တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး...   ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်.....   File Size :(1.87GB) ...
movie

Blue Streak (1999)

1999