Channel Myanmar

John Locke

Jupiter Ascending (2015) 5.3
Jupiter Ascending (2015)  Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Jupiter Ascending (2015)

2015
(18+) Poor Things (2023) 8.4
(18+) Poor Things (2023)  အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie

(18+) Poor Things (2023)

4K HEVC
Cyrano (2022) 6
Cyrano (2022) Musical romance ကား နှစ်ခြိုက်သူတွေအတွက် ၁၇ရာစုကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Cyrano ဆိုတဲ့ ပြင်သစ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေတစ်ခါက ပြင်သစ်ပြည်မှာ ရော့ဆန်ဆိုတဲ့ သိပ်ကိုလှပတဲ့ အမျိုးသမီးလေးတစ်ဦး ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဒီအမျိုးသမီးလေးဟာ သနားစရာတစ်ကောင်ကြွက်လေးပါ။ သူ့ရဲ့အလှကြောင့် နယ်စားမင်းကတောင် လက်ထပ်ခွင့်တောင်းနေပေမဲ့ အချစ်ကိုပဲယုံကြည်သူ ရော့ဆန်ကတော့ အချစ်စစ်ကိုတွေ့ရှိမယ့် တစ်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။ဒီလိုနဲ့ ပြဇာတ်သွားကြည့်တဲ့တစ်နေ့မှာ ခရစ်ရှန်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို သူ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ခရစ်ရှန်က တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လေတော့ ရော့ဆန်ဟာ သူ့ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင် ဆီရန်နိုကတစ်ဆင့် ခရစ်ရှန့်ကို သူ့ဆီစာရေးဖို့ စကားပါးခိုင်းခဲ့ပါတယ်။ဆီရန်နိုဟာလည်း ရော့ဆန်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရသူပါ။ ရော့ဆန်ဘက်က သူ့ကို မြှားနတ်မောင်လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သူ ရင်နာနာနဲ့ပဲ ချစ်သူအတွက် ကူညီပေးခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ခရစ်ရှန်က စစ်တိုက်ဖို့ဆိုအသင့် ဒါပေမဲ့ စာပေနဲ့တော့ ကင်းကွာနေတဲ့လူတစ်ယောက်၊ တစ်ဖက်က ရော့ဆန်ကတော့ ...
movie

Cyrano (2022)

The Favourite (2018) 7.8
The Favourite (2018) Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ်အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ  မင်းသမီး ၃ ယောက်လုံးAcademy Nomiation  ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကိုမင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
movie

The Favourite (2018)

2018
Darkest Hour (2017) 7.4
Darkest Hour (2017) Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations.  Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie

Darkest Hour (2017)

2017