Channel Myanmar

John Lacy

Joker: Folie à Deux (2024) 5.3
Joker: Folie à Deux (2024)  Joker: Folie à Deux (2024)IMDb Rating (5.3)2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး "နှစ်ယောက်တွဲရူးသွပ်မှု" လို့ အဓိပ္ပါယ်ရပါတယ်။ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါနာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်းစကြဝဠာမှာ မပါပါဘူး။ "DC Elseworlds" လို့ခေါ်တဲ့ အခြားစကြဝဠာတစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်းနေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ဒါကြောင့် Greatest Showman တို့ Les Misérables တို့လိုသီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း**************အာသာဖလက် ခေါ် ဂျိုကာဟာ ...
movie

Joker: Folie à Deux (2024)

2024
Zodiac (2007) 7.7
Zodiac (2007) Zodiac (2007)IMDb Rating (7.7) / Rotten tomatoes (90%)Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့  နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac  Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်..ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ ...
movie

Zodiac (2007)

2007
Alvin and the Chipmunks: The Road Chip
Alvin and the Chipmunks: The Road Chip ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန်တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင်အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီးသူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့်​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစုမဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ်ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size…   2.6 GB /  665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Alvin and the Chipmunks: The Road Chip

2015
Live Free or Die Hard (2007) Die hard 4 7.2
Live Free or Die Hard (2007) Die hard 4 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Live Free or Die Hard (2007) Die hard 4

2007
4K HEVC
Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

Hitchcock (2012) 6.8
Hitchcock (2012)  ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ "သည်းထိတ်ရင်ဖို ဆရာသခင်ကြီး"လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် ...
movie

Hitchcock (2012)

Just Mercy (2019) 7.5
Just Mercy (2019) unicodeဖစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားသစ်လေးပါ။နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ Michael B. Jordan နဲ့Jamie Foxx တို့ သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟားဗတ်ကနေ Law နဲ့ ဘွဲ့ရလာတဲ့Bryan Stevenson က South Center မှာလူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်အနေနဲ့အလုပ်သင်ဝင်လုပ်ပြီးနောက်မှာ သူ့ရဲ့ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။နောက်တော့ သူက Alabama မှာ အကျဉ်းသားတွေရဲ့အခွင့်အရေးအတွက် တိုက်ခိုက်ပေးဖို့Equal Justice Initiative (EJI) ကို တည်ထောင်ခဲ့တယ်။ဒေသခံ Eva Ansley ရဲ့အကူအညီနဲ့သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေရဲ့အမှုကို စတင်ပြီး ကိုင်တွယ်တော့တယ်။အဲဒီမှာ လူသတ်မှုကြီးတစ်ခုအတွက် မှားယွင်းစွာစွပ်စွဲခံထားရတဲ့Johnny D နဲ့ စပြီး ဆုံကြတော့တယ်။ဒီဇာတ်ကားလေးထဲမှာ စနစ်အတွင်း အကျင့်ပျက်ချစားမှု၊အပြစ်မဲ့တဲ့အကျဉ်းသားတွေအတွက် Stevenson တစ်ယောက်ဘယ်လိုကြိုးပမ်းမလဲဆိုတာတွေ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။File Size : ( 1 GB , 401 MB) Quality ...
movie

Just Mercy (2019)