Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Krasinski
7
Away We Go (2009)
Away We Go (2009)IMDb - 7.0ဇာတ်လမ်းအညွှန်း ~~~~~~~~~~~အိမ်ထောင်တစ်ခုထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။File Size - 1GB/ 458 MB Quality - BluRay 1080p/ 720p Duration - 1:38:37 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard ...
movie
Away We Go (2009)
6.7
Fountain of Youth (2025)
(နတ်ရေကန် ရှာပုံတော်) ဒါရိုက်တာ Guy Ritchie ရဲ့ လက်ရာကောင်းတစ်ခုလာပါပြီ။ နစ်ကလက်ကေ့ရဲ့ National Treasureစတိုင်မျိုးပါ။ Jack Ryan တို့ Quite Place တို့ရဲ့မင်းသား John Krasinski နဲ့ မင်းသမီး နာတာလီပေါ့မန်းတို့ ပါဝင်ထားတာပါ။ဒီလို ရှေးဟောင်းသုတေသီ ပဟေဠိကားမျိုးအထွက်ရှားတာကြောင့် ကြည့်ရတာ တန်မှာပါ။ ဇာတ်လမ်းအကျဉ်း++++++++++ကမ္ဘာကျော် ရှေးဟောင်းသုတေသီကြီးရဲ့ သားနဲ့သမီးဟာပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာတဲ့နေရာမှာ ထူးချွန်သူတွေပါ။တစ်နေ့မှာတော့ အသည်းကင်ဆာဖြစ်နေတဲ့ ဘီလီယံနာတစ်ယောက်ဟာ ထာဝရနုပျိုစေမဲ့ နတ်ရေကန်ကို ရှာနိုင်မဲ့သဲလွန်စတွေနဲ့အတူ အကူအညီတောင်းလာပါတယ်။တစ်ဘက်မှာလည်း နတ်ရေကန်ကို လူတွေ မတွေ့အောင်စောင့်ရှောက်တဲ့ အဖွဲ့ရှိနေသလို သူတို့ကို လိုက်နေတဲ့နိုင်ငံတကာရဲတပ်ဖွဲ့လည်း ရှိနေတာမို့ အန္တရာယ်တွေကြားထဲမှာ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ရမလဲ ဆိုတာကြည့်ရမှာပါပဲ။ File size… (5 GB)/ (2.03GB) / (1.14GB) Quality… WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv ...
movie
Fountain of Youth (2025)
4K HEVC
6.7
State and Main (2000)
State and Main (2000)IMDb Rating (6.7) / Rotten Tomatoes (85%) ဒါရိုက်တာ David Mamet မှ ရိုက်ကူးထားတဲ့ ဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို ရောက်လာခဲ့တယ် ရုပ်ရှင်အဖွဲ့သားတစ်ဦးက ဒေသခံတွေ နှင့် သူတို့ရဲ့ ထူးဆန်းတဲ့ ပြဿနာတွေကြားမှာ နှောက်ယှက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ဒီဇာတ်ကားက ရယ်စရာ ဒိုင်ယာလော့တွေနဲ့ ပြည့်နေတာပါပဲ။ ဒီဇာတ်ကားမှာ William H. Macy၊ Alec Baldwin နဲ့ Philip Seymour Hoffman တို့ ပါဝင်ပါတယ်။သူတို့အားလုံးဟာ ဖျော်ဖြေမှုကောင်းကောင်းနဲ့တင်ဆက်နိုင်ပါတယ်၊ Macy က ရုန်းကန်နေရတဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ထားပြီး Baldwin က ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Hoffman သည် ပြည်တွင်းပြဇာတ်ရေးဆရာအဖြစ် သရုပ်ဆောင်ထားကြတယ်။ဒီဇာတ်ကားက ဟောလိဝုဒ်မှာ ရယ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးမှုနောက်ကွယ်က ရူးသွပ်မှုတွေကို ...
movie
State and Main (2000)
2000
7.0
Jarhead (2005)
Jarhead (2005) *************** IMDB....7.0ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေစပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကိုအသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်းနာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်... စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင်အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကိုလှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File Size… 2.57 GB, 1.2 GB Quality…BluRay 1080p, 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Translated by Zuel Khant Thwin Encoded ...
movie
Jarhead (2005)
6.1
Shrek the Third (2007) Shrek 3
Shrek the Third (2007)IMDb Rating (6.1) / Rotten Tomatoes (41%) ဇာတ်လမ်းအကျဉ်းDulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင်သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။အဲ့ဒီမှာလည်း.... Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော... သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက်တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။အဲ့ဒီအချိန်မှာ ...
movie
Shrek the Third (2007) Shrek 3
2007
4K HEVC
5.8
Something Borrowed (2011)
Rachel (Ginnifer Goodwin) ကတော့ အောင်မြင်နေတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး သူငယ်ချင်းတွေအပေါ်ရော အလုပ် အပေါ်ပါ အလေးထား သစ္စာရှိတဲ့သူတစ်ယောက်ပေါ့တစ်နေ့ သူမရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ အရက်တွေ အလွန်အကျွံသောက်မိပြီး သူ့အရင်တုန််းက Crush နဲ့ အတူူ အိပ်မိသွားတယ်အိပ်တာက ပြသနာမဟုတ်ပေမယ့် Crush ဆိုတာက သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတာပါအဲ့လိုနဲ့ ဘယ်လိုတွေ အရှုပ်အထွေးတွေကြား ဟာသနှောပြီး ရိုက်ထားလဲဆိုတာကို ဆက်လက် ကြည့်ရှု့လိုက်ရအောင်( အညွှန်းရေးသားထာသူကတော့ a hao ပါ )File size_(2.4GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Something Borrowed (2011)
5.3
License to Wed (2007)
ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ.ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ.ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ )File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker
movie
License to Wed (2007)
7.8
A Quiet Place Part II (2020)
A Quiet Place Part 2 (2020)IMDb Rating (7.2) / Rotten Tomatoes (91%)Quiet Place 2 လာပါပြီ။အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်းလူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....။ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(7 GB)/(1.7 GB ) / (830 MB) Quality….BluRay 4K ...
movie
A Quiet Place Part II (2020)
2020
4K HEVC
7.9
A Quiet Place (2018)
A Quiet Place (2018)IMDb Rating (7.5) / Rotten Tomatoes (96%)အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ ...
movie
A Quiet Place (2018)
2018
4K HEVC
6.7
IF (2024)
ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation , Comedy , Drama Subtitle….Myanmar Subtitle ...
movie
IF (2024)
7.3
13 Hours: The Secret Soldiers of Benghazi (2016)
13 Hours: The Secret Soldiers of Benghazi (2016) Imdb rating 7.1/10၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transformers ကားတွေရဲ့ ဒါရိုက်တာ Michael Bay ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အမျိုးအစားက action / war ဖြစ်ပြီး ၂၀၁၂ ခုနှစ် လစ်ဗျားမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။ John Krasinski က အဓိကဇာတ်ကောင် Jack Silver အဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၂ ခုနှစ်မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး နေရာတွေထဲကတစ်ခုဖြစ်လာပါတယ်။ ဘင်ဂါဇီမြို့မှာ တရားဝင်မဟုတ်တဲ့ အမေရိကန်သံတမန်ရုံးတစ်ခုရှိပြီး အဲဒီသံတမန်ရုံးနဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာမှာ Annex ...
movie
13 Hours: The Secret Soldiers of Benghazi (2016)
2016
4K HEVC
Taxi (2004)
ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 ...
movie
Taxi (2004)
Kinsey (2004)
Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie
Kinsey (2004)
6.4
Monsters vs Aliens (2009)
IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်.... File size… 1.8 GB / 867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie
Monsters vs Aliens (2009)
2009
6.5
It’s Complicated (2009)
၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie
It’s Complicated (2009)
2009
6.6
Dreamgirls (2006)
အခုတစ်ခါ Dream Girls ဆိုတဲ့ ဂီတရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂီတရုပ်ရှင်ဆိုတဲ့အတိုင်း တကားလုံးမှာ သီချင်းတွေတစ်ဝကြီးနားဆင်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကလည်း Beyonce' တို့ Jennifer Hudson တို့လို နာမည်ကြီးအဆိုတော်တွေအပြင် Jamie Fox တို့ရော နာမည်ကြီးတွေပါဝင်ထားတာဖြစ်ပါတယ် Beyonce' ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ ''Listen'' ကို ဒီဇာတ်ကားအတွက်သီဆိုခဲ့တာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အက်ဖီ, ဒီနာနဲ့လော်ရယ်တို့သူငယ်ချင်းသုံးယောက်ဟာ ဒရင်းမက်စ်ဆိုတဲ့ နာမည်နဲ့ အဖွဲ့လိုက်သီချင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ် တရက်မှာတော့ ကားတစ်တေလာဆိုတဲ့ပရိုဂျူဆာတစ်ယောက်က သူတို့သုံးယောက်ရဲ့ အဆိုပါရမီကိုသိရှိသွားပြီး သူတို့ကို ဒရင်းမ်စ်အဖွဲ့ဆိုတဲ့နာမည်နဲ့မြေတောင်မြှောက်ပေးပါတော့တယ်အဆိုတော်အနေနဲ့အောင်မြင်ဖို့ကိုမျှော်လင့်ခဲ့ရပြီး တကယ်တမ်းအောင်မြင်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ သူတလူငါတမင်းနဲ့စိတ်ဝမ်းကွဲလာကြပါတယ် အကြောင်းကတော့ အရင်က သူတို့အဖွဲ့မှာ အက်ဖီက ခေါင်းဆောင်နေရာကသီဆိုလေ့ရှိပြီး ကျန်တဲ့ ဒီနာနဲ့လော်ရယ်တို့က နောက်လိုက်အနေနဲ့ဆိုရပါတယ်ဒါကို ကားတစ်က အက်ဖီကို ဖယ်ပြီး ဒီနာကိုခေါင်းဆောင်နေရာပေးပြီး ဆိုခိုင်းတဲ့အခါ သူတို့အဖွဲ့လေးမှာ သဘောထားမတိုက်ဆိုင်တာတွေ မနာလိုမှုတွေရှိလာပြီး အဲ့ဒါတွေအပြင် ကားတစ်တေလာနဲ့ နှလုံးသားရေးရာတွေပါ ...
movie
Dreamgirls (2006)
The Muppets (2011)
မားပက်ထ်ဆိုတာက ငယ်ငယ်ကကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေးတစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ...
movie
The Muppets (2011)
5.8
Something Borrowed(2011)
IMDb 5.8 / Rotten Tomatoes 15%Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီအနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ...တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်...လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ...လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့...ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် File size…2.11 GB ...
movie
Something Borrowed(2011)
5.4
Aloha (2015)
Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie
Aloha (2015)
7.8
DC League of Super-Pets (2022)
ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie
DC League of Super-Pets (2022)
1
2
Next