Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Hurt
6.2
New York, I Love You (2008)
New York, I Love You (2008)IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ "This movie is a love letter to New York"တို " This movie is a love letter to 90s romace comedy."တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ "A ...
movie
New York, I Love You (2008)
2008
4.8
Lost Souls (2000)
Lost Souls (2000)IMDb Rating (4.8) / Rotten Tomatoes (8%) ရုပ်ရှင်အကြောင်းမပြောခင် အခြေခံအကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ပထမတစ်ခုက စာတန်မာရ်နတ် (Satan)ပါ။ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး အဆိုးယုတ်ဆုံးစွမ်းအားတွေရဲ့ အရင်းအမြစ်၊ လူသားတွေကို ဘုရားသခင်ထံမှ ခွဲထုတ်ဖို့ ကြိုးပမ်းသူ၊ လှည့်ဖြားမှုတွေ၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်သူဖြစ်ပါတယ်။တပည့်တပန်းမိစ္ဆာတွေကို ကမ္ဘာမြေပေါ်လွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေတတ်သူဖြစ်ပါတယ်။နောက်တစ်ခုက ခရစ်တော်၏ ရန်သူတော် (Antichrist)ပါ။ သူကတော့ အန္တိမကာလ (End Times)မှာ ပေါ်ထွန်းလာမယ့် ယုတ်မာသော၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လူသားတွေကိုလှည့်စားပြီး ဘုရားသခင်ကိုငြင်းပယ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ဗျာဒိတ်တော်ကျမ်း(Revelation) မှာ Antichrist ကို သားရဲကြီး (The Beast) လို့ ဖော်ပြထားပြီး စာတန်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ မာယာ (Winona Ryder)ဟာ ဘုန်းတော်ကြီးတစ်စုနဲ့အတူ နတ်ဆိုးနှင်ပွဲတစ်ခုမှာပါဝင်ခဲ့ရာကနေ စာတန်မာရ်နတ်ရဲ့ အနာဂတ်အကြံအစည်တွေကို ...
movie
Lost Souls (2000)
2000
6.3
The Tigger Movie (2000)
ဒီဇာတ်ကားလေးက ကျွန်တော်တို့ငယ်ငယ်က အတော်လေး သဘောကျခဲ့ရတဲ့Winnie The Pooh ကာတွန်းဇာတ်လမ်း တွေထဲက Tiggerလေးကို အဓိကထားပြီးရိုက်ကူးထားတဲ့Animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြဲပျော်ပျော်နေတတ်ပြီး စပရိန်လိုမျိုး အမြီးတစ်ချောင်းနဲ့ အမြဲခုန်ပေါက်နေတတ်တဲ့၊အမြဲရှေ့နောက်မကြည့်တတ်ဘဲ သူများတကာကို မရည်ရွယ်ဘဲ ဒုက္ခပေးမိသလိုအမြဲတမ်း ဖြစ်တတ်တဲ့ Tiggerလေးတစ်ကောင် ဆောင်းတွင်းတစ်ခုကို အရောက်မှာတော့သူ ငယ်စဉ်ကတည်းက မတွေ့ခဲ့ဖူးတဲ့ သူ့မိသားစုဝင်တွေကို ပြန်တွေ့ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတာကြောင့်အပြောကျယ်လှတဲ့ ဧကတစ်ရာတောထဲမှာ မိသားစုပျာက်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။သူ့ကို ကူရှာပေးတဲ့သူကတော့ သားပိုက်ကောင်မေမေကြီး ကန်ဂါရဲ့သားလေး ရူးပဲ ဖြစ်ပါတယ်။သူတို့နှစ်ကောင်သားတစ်တောလုံးအနှံ့ ရှာပုံတော်ထွက်ရင်း သူတို့ရှာနေကြတဲ့ တစ်ဂါးမိသားစုတွေနဲ့ ပြန်ဆုံတွေ့နိုင်ကြမှာလား။ဘယ်လိုအလွဲအချော်တွေ ဖြစ်ကြဦးမလဲဆိုတာ မိသားစုနဲ့အတူ ငယ်ဘဝရဲ့အမှတ်တရအနေနဲ့ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 942 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 17min Format : Mp4 Genre ...
movie
The Tigger Movie (2000)
6.0
Hercules (2014)
Hercules (2014)IMDb Rating (6.0)ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ...
movie
Hercules (2014)
2014
4K HEVC
7
Tinker Tailor Soldier Spy (2011)
Tinker Tailor Soldier Spy (2011) ********************************* IMDb - 7.0/10_____Rotten - 83% Tinker Tailor Soldier Spy ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်..စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်...သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်...အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်....ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်...ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကိုစုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်...စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ...ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရောအကောင်းဆုံးအနေအထားမှာရှိနေပါတယ်....ကျွန်တော်တို့ရဲ့ doctor strange ကြီးလည်း ပါဝင်ထားပါတယ်... File Size : 3.46GB/ 670MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Mystery, Thriller Subtitle : Myanmar ...
movie
Tinker Tailor Soldier Spy (2011)
6.2
Thumbelina (1994)
Thumbelina (1994)IMDb Rating (6.2) ဒီကားလေးကတော့ ကလေးဘ၀က ကာတွန်းကားကောင်းလေးတွေထဲက တစ်ကားပါ။နတ်သူငယ်လေးတွေ တိရစ္ဆာန်လေးတွေနဲ့ လူသေးသေးလေးတွေကို အရမ်းသဘောကျတဲ့သူတွေအတွက်ဆို ကွက်တိပါပဲ။ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တယ်ဆို ကြည့်မိလို့ နောင်တရမယ့်ကားမျိုးမဟုတ်ပါဘူး။အချိန်ပေးရတန်ပါတယ်နော်။ဇာတ်လမ်းလေးက တမ်ဘလီနာဆိုတဲ့ ပန်းပွင့်လေးထဲက မွေးဖွားလာတဲ့ လက်မဆိုဒ်လောက်ပဲရှိတဲ့ ကောင်မလေးသေးသေးလေးပေါ့။သူက သူ့လိုလူသေးသေးလေးတွေနဲ့မတွေ့မှာကို အရမ်းကြောက်ရှာတယ်။တစ်နေ့ကျ နတ်သူငယ်မင်းသားလေးကိုနီးလီးယပ်စ်က လှည့်လည်နေရင်း တမ်ဘလီနာသီချင်းဆိုနေတာလေးကိုတွေ့သွားတော့ သူတို့နှစ်ယောက်အချင်းချင်းနှစ်သက်မိသွားကြတယ်။မင်းသားလေးက မိဘနှစ်ပါးကိုပြောပြီး မနက်ကျ ပြန်လာပါ့မယ်ဆိုတဲ့ စကားလေးကို တွေးရင်း အိပ်ပျော်နေတဲ့ တမ်ဘလီနာကို ဖားမတစ်ကောင်က ခိုးသွားတဲ့အခါမှတော့ သေးသေးလေးဖြစ်နေတဲ့ တမ်ဘလီနာတစ်ယောက် ဘယ်လိုအခက်အခဲတွေကို တွေ့ရမလဲ အိမ်ကိုကော ပြန်ရောက်နိုင်မှာလား သူချစ်ရတဲ့ နတ်သူငယ်မင်းသားလေးနဲ့ကော ပြန်ဆုံနိုင်မှာလားဆိုတာ ကြည့်ကြည့်လိုက်ကျနော်။စကားမစပ် နတ်သူငယ်မင်းသားလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်။ကလေးဘ၀ရဲ့ စိတ်ကူးယဥ်မင်းသားလေးတွေထဲက တစ်ယောက်ပါပဲနော်။ဒီကားလေးကို အရမ်းကြိုက်လွန်းလို့ နာမည်သိဖို့တောင် မနည်းရှာထားရတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThet Khin ဖြစ်ပါတယ်။)File size…(2.2 ...
movie
Thumbelina (1994)
1994
8.2
V for Vendetta (2005)
V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie
V for Vendetta (2005)
2005
8.5
Alien (1979)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien (1979)
1979
8.0
Dogville (2003)
IMDb 8/10မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါနှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ်ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ်ဒေါ့ဗေးလ် ...
movie
Dogville (2003)
6.8
Hellboy (2004)
Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie
Hellboy (2004)
2004
4K HEVC
7.0
Hellboy II: The Golden Army (2008)
Hellboy II: The Golden Army (2008) IMDb - 7.0/10 Genre - Action/Adventure/FantasyHellboy ဇာတ်ကားတွေအားလုံးထဲမှာမှ IMDb Rating 7.0 အထိရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အထိန်းအကွပ်မဲ့ စိတ်ထင်တိုင်းကြဲတတ်တဲ့ Hell Boy တယောက် နဲ့ အထက်က လွှတ်လို့ရောက်လာတဲ့ စနစ်တကျတာဝန်ထမ်းဆောင်တတ်သော ဂျွန်ဟန်ကရောက်စ် တို့ အဖွဲသားအဖြစ်အတူတကွ တာဝန်ထမ်းဆောင်ရင်း hellboy ငယ်ဘဝ အိပ်ယာဝင်ပုံပြင်ထဲက ရွှေရောင်စစ်တပ်နဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်File size… 7.8 GB / 2.6 GB / 1.3 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2hrs Genre ..... Action/Adventure/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie
Hellboy II: The Golden Army (2008)
2008
4K HEVC
Manderlay (2005)
၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ်အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam's Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့....တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်...... Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce ...
movie
Manderlay (2005)
Valiant (2005)
ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် ...
movie
Valiant (2005)
7.5
Contact (1997)
Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie
Contact (1997)
5.7
Brighton Rock (2010)
ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie
Brighton Rock (2010)
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
6.5
The Skeleton Key (2015)
The Skeleton Key (2015) ================== IMDb Rating - 6.5/10ကယ်ရိုလိုင်းအဲလစ်စ်ဟာငယ်ရွယ်တဲ့သူနာပြုကျောင်းဆင်းတစ်ယောက် ဖြစ်ပြီး ဖခင်သေဆုံးချိန်မှာ အနားမှာမရှိခဲ့၊ပြုစုခွင့်မရခဲ့တဲ့အတွက်နောင် တရနေတဲ့သူ၊ အဲ့ဒီစိတ်တွေဖြေဖျောက်ဖို့အဖော်မဲ့နေတဲ့သက်ကြီးရွယ်အို တွေကိုပြစုတဲ့အလုပ်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်၊ သူအလုပ်ဝင်နေတဲ့အဖွဲ့ အစည်းဟာ ငွေနောက်ပဲလိုက်ပြီး လူနာတွေကိုဂရုမစိုက်ဘူးလို့ယူဆခဲ့ချိန်မှာ ဝေးလံတဲ့ဒေသတစ်ခုမှာ ထီးထီးကြီးရှိနေတဲ့ အိမ်အိုကြီးတစ်လုံးထဲက ဆရာဝန် လက်လျှော့လိုက်ပြီဖြစ်တဲ့အဘိုးကြီးတစ်ယောက်ကိုပြုစုဖို့အလုပ်ကိုလက်ခံ ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးရဲ့ဇနီးဖြစ်သူက ရှေးရိုးစွဲပြီး သူ့ကိုကြည်ပုံမရပေမယ့် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးရင်းကနေ အိမ်ကြီးရဲ့ဘယ်တုန်းကမှမဖွင့်ခဲ့ဖူးဘူးဆိုတဲ့ လျှို့ဝှက်အခန်းတစ်ခုကိုသွားဖွင့်ကြည့်ရာကနေ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေစတင် လာခဲ့ပါတော့တယ်။ဒီအိမ်ကြီးရဲ့မူလပိုင်ရှင်တွေဟာ ဘဏ်လုပ်ငန်းရှင်သူဌေးတွေဖြစ်ပြီး သူတို့အိမ်က အစေခံလင်မယားဟာ စုန်းအတတ်ကို သူတို့သားသမီးတွေကိုသင်ကြားပေးနေ တာကိုမိခဲ့တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ သူသိ ရပါတယ်။ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့တစ္ဆေဟာ ဒီအိမ်ထဲမှာ မင်းမူခြောက်လှန့် နေဆဲဖြစ်တဲ့အတွက် အိမ်ထဲမှာ မှန်တွေတစ်ချပ်မှမထားရဲဘူးလို့ အဘွားကြီးက ပြောပြခဲ့ပေမယ့် သူတစ်ဇွတ်ထိုးဆက်လက်စုံစမ်းခဲ့ချိန်မှာတော့ ပိုမိုကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေပါတော့တယ်။Rom/com နဲ့ Drama တွေအရိုက်များတဲ့ မင်းသမီး Kate Hudson ရဲ့ရှားရှားပါးပါး Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jumpe scare တွေအသံနဲ့ခြောက်လှန့် တာတွေထက် ဇာတ်လမ်းဇာတ်အိမ်နဲ့လှည့်ကွက်တွေကိုအသားပေးထားတဲ့၊ အစကနေ အဆုံးထိ ထိုင်ရာမထချင်လောက်အောင် ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.42 GB) / (573 MB) Quality............BLU-RAY ...
movie
The Skeleton Key (2015)
2005
The Limits of Control (2009)
ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို "တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ" စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Thriller, Mystery, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie
The Limits of Control (2009)
6.3
The Black Cauldron (1985)
Lloyd Alexander ရဲ့ The Chronicles of Prydain စာအုပ်တွဲကိုအခြေခံထားပြီးWalt Disney က 1985 မှာထုတ်ခဲ့တဲ့ ဒီကာတွန်းကားကတော့ပရီဒိန်းခေါ် ဗြိတိသျှကျွန်းပေါ်က Taran (ထာရန်) ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ထာရန်ဟာ စစ်သည်ဖြစ်ချင်တဲ့ ပရီဒိန်းက ဝက်ထိန်းသမားလေးတစ်ယောက်ဖြစ်ပြီးမကြာခင်မှာပဲ သူစောင့်ရှောက်ပေးနေတဲ့ ဝက်မလေးတစ်ကောင်ကအနာဂတ်ကိုပြောပြနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိလိုက်ရတယ်။အဲဒီစွမ်းအားတွေကို ယုတ်မာတဲ့ဦးချိုဘုရင်ကြီးက မကောင်းတဲ့စွမ်းအားတွေရှိတဲ့ဖွက်ထားတဲ့ အိုးနက်ကြီးကိုရှာဖို့လိုချင်နေတာပါ။ဒါကြောင့် ထာရန်ဟာတောအုပ်အစွန်းက အိမ်ငယ်လေးဆီဝက်လေးကိုဖွက်ဖို့သွားရင်း လက်တစ်ဝက်မှာ ဝက်လေးနဲ့မျက်ချေပြတ်သွားပြီးဝက်လေးကိုလိုက်ရှာရင်း ဦးချိုဘုရင်ကြီးရဲ့ရဲတိုက်ထဲမှာ အဖမ်းခံလိုက်ရပါတယ်။အဲဒီနောက်မှာ မိတ်ဆွေအသစ်တွေနဲ့တွေ့ပြီး စိတ်ကူးယဉ်ဆန်ပြီးအတွေ့အကြုံမရှိတဲ့ထာရန်ဟာ ဝက်လေးကိုကယ်နိုင်ပြီးဦးချိုဘုရင်ကြီးကို တားနိုင်မလားဆိုတာကတော့.... File size… 1.9 GB / 762 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... Animation , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
The Black Cauldron (1985)
1985
Owning Mahowny (2003)
Owning Mahowny (2003) ==================ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို "လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ" ဆိုတော့ "တစ်ရာ" ပါတဲ့။ "လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ" လို့ မေးတဲ့အခါမှာတော့ "နှစ်ဆယ်" လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို "နှစ်ဆယ်" နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / ...
movie
Owning Mahowny (2003)
2003
1
2
Next