Channel Myanmar

John Houseman

Scrooged (1988) 6.9
Scrooged (1988) Scrooged (1988)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ...
movie

Scrooged (1988)

1988
Super/Man: The Christopher Reeve Story (2024) 8.1
Super/Man: The Christopher Reeve Story (2024) ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေသွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေးသွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေကဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ...
movie

Super/Man: The Christopher Reeve Story (2024)

4K HEVC