Channel Myanmar

John Forgeham

Kiss of the Dragon (2001) 6.6
Kiss of the Dragon (2001) Kiss of the Dragon (2001)IMDb Rating (6.6) / Rotten Tomatoes (53%) နာမည်ကြီး အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ၂၀၀၀ အစောပိုင်း ကားဟောင်းလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ဂျက်လီက တရုတ်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဖို့ ပြင်သစ်ကို ရောက်လာတဲ့ တရုတ်အေးဂျင့် လွီယန်းအနေနဲ့ ပါဝင်ထားပါတယ်။ဒါပေမဲ့ သူနဲ့တွဲအလုပ်လုပ်ရမယ့် ပြင်သစ်ရဲအရာရှိဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိနေပြီး သူက မူးယစ်ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ပြီး လွီယန်းကို အပြစ်ပုံချလိုက်ပါတယ်။တစ်ဖက်မှာ ဒါတွေအကုန်လုံးကိုသိပြီး လွီယန်းမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့သူက ပြင်သစ်ရဲအတွက် အလုပ်လုပ်ပေးရတဲ့ ဂျက်ဆီကာ ဆိုတဲ့ပြည့်တန်ဆာမလေးပါ။ဒါကြောင့် လွီယန်းဟာ ပြင်သစ်ရဲတွေ လက်ကနေ ထွက်ပြေးရင်း သူ့မှာအပြစ်မရှိကြောင်း သက်သေပြဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို အက်ရှင်ခန်းတွေ အများအပြားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)File size…(1.3 GB) / (760 MB) Quality….Blu-Ray 1080p HEVC ...
movie

Kiss of the Dragon (2001)

2001
Mean Machine (2001) 6.4
Mean Machine (2001) "The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie

Mean Machine (2001)