Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Doe
The Rage: Carrie 2 (1999)
"The Rage: Carrie 2" ဟာ Stephen King ရဲ့ နာမည်ကျော် "Carrie" ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ ရုပ်ရှင်တစ်ကားပါ။ Stephen King ဟာ ကမ္ဘာကျော် ဟော်ရာစာရေးဆရာဖြစ်ပြီး သူ့ရဲ့ "The Shining," "IT," "The Stand" စတဲ့ ဝတ္ထုတွေဟာ ရုပ်ရှင်အဖြစ် အောင်မြင်စွာ ရိုက်ကူးခဲ့တာကြောင့် ဟောလိဝုဒ်မှာ အတော်လေး လွှမ်းမိုးမှုရှိခဲ့ပါတယ်။ဒီဇာတ်လမ်းမှာ ရေချယ်လန် (Emily Bergl) ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့ အကြောင်းကို အဓိကရိုက်ကူးထားတာပါ။ Emily Bergl ဟာ နောက်ပိုင်းမှာ "American Crime," "Shameless" စတဲ့ TV series တွေမှာ ပါဝင်ခဲ့ပါတယ်။မူလဇာတ်လမ်းက Sue Snell အဖြစ် ပြန်လည်ပါဝင်လာသူ Amy Irving ဟာ "Yentl," ...
movie
The Rage: Carrie 2 (1999)
Brokedown Palace (1999)
“Brokedown Palace (1999)”ဇာတ်ကားက…..တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက… လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်— “မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့..... အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။--- ဇာတ်လမ်းအကျဉ်း ---အဲလစ်နဲ့ ဒါလိန်းတို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်းက အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ Hawaii ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ Nick Parks ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့.... ဒီလိုနဲ့ ရင်းနှီးလာကြရင်း Nick Parks ...
movie
Brokedown Palace (1999)
Boogie Nights (1997)
Boogie Nights (1997)IMDb Rating (7.9) / Rotten Tomatoes (94%)မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး..Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။File size…(3.08GB) / (`1.54GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:35:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Boogie Nights (1997)
Quantum Cowboys (2023)
Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို ...
movie
Quantum Cowboys (2023)
7.3
Ten Inch Hero (2007)
Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက ...
movie
Ten Inch Hero (2007)
Torque (2004)
Torque (2004) Genre – Action, Crime, Comedy၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေစထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့ကရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ်ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေးဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော်ဒီတုန်းကတော့ Rating တွေလည်း မသိဘူးဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီးကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube ...
movie
Torque (2004)
6.6
Road House(1989)
Road House (1989) ================= ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင်ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာအကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲမြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကိုဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကိုကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက်ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလိုအနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေအထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကိုရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲအနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလားဆိုတာကို စိတ်၀င်တစားကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Road House(1989)