Channel Myanmar

John DeSantis

The 13th Warrior (1999)
The 13th Warrior (1999) IMDb Rating 6.6/10The 13th Warrior 1999 ဆိုတာက မိုက်ကယ်ခရစ်တန်ရဲ့ Eaters of the Dead ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ အမေရိကန်သမိုင်းဝင် စိတ်ကူးယဉ်အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်............. မချစ်သင့်တဲ့သူကိုမှ ချစ်မိသွားတဲ့ အာရပ်သံအမတ် ကဗျာဆရာတစ်ယောက်က မြောက်ဘက်ပိုင်းမှာ သံအမတ်တာဝန်ထမ်းဆောင်ဖို့ ပြစ်ဒဏ်ပေးခံလိုက်တဲ့အခါ.....................လူရိုင်းတွေ လူသတ်သမားတွေ ကြီးစိုးနေတဲ့ မြောက်ဘက်ပိုင်းကို သူရောက်ရှိသွားချိန်မှာ သူတို့နဲ့တွေ့ရမယ့် ဘုရင်ကြီးဟာ သေဆုံးသွားခဲ့ပါပြီ..... ဘုရင်နေရာဆက်ခံမယ့်ဘုရင့်သားတော်ဘူလီက သူ့ကို လက်ခံကြိုဆိုခဲ့ပါတယ်.... မကောင်းဆိုးရွားရဲ့ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံနေရပြီး ဒုက္ခရောက်နေကြတဲ့တိုင်းပြည်တစ်ခုကို ကယ်တင်ပေးဖို့ ဘုရင်ဘူလီကို တောင်းဆိုလာတဲ့အခါ နတ်ဝင်သည်ရဲ့ ရှေ့ဖြစ်ဟောကိန်းအရ စစ်သည်တော် ၁၃ ယောက်ကို စေလွှတ်ဖို့ ဖြစ်လာခဲ့တယ်။ ၁၃ ယောက်မြောက်စစ်သည်တော်ဟာ မြောက်ပိုင်းသားမဖြစ်ရဘူးလို့ ဟောကိန်းထွက်လာတော့ အာရပ်သံအမတ်ဟာ စစ်သည်တော်အဖြစ် တိုင်းပြည်ကို ကယ်တင်ပေးဖို့ လိုက်သွားခဲ့ရတယ်...ဒီစစ်သည်တော် ၁၃ ယောက်ဟာ လူလား ...
movie

The 13th Warrior (1999)

Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023
Master and Commander: The Far Side of the World (2003) 7.4
Master and Commander: The Far Side of the World (2003) အကောင်းဆုံးနဲ့အပီပြင်ဆုံးရေကြောင်းတိုက်ပွဲ ရုပ်ရှင်တွေကို ပြောဆို ဒီရုပ်ရှင်က ထိပ်ဆုံးက ပါစမြဲပါပဲ။အော်စကာ ၂ ဆု စကာတင် ဆယ်ဆု နဲ့ အခြားဆုတွေ အများကြီး ရထားပါတယ်။နပိုလီယံစစ်ပွဲများကာလ ၁၈၀၅ခုနှစ်အတွင်းမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်အချိန်ကတော့ အင်္ဂလန်ပြည်နဲ့ ပြင်သစ်ပြည်တို့ အားပြိုင်နေကြတဲ့အချိန်ပေါ့ဗြိတိသျှတော်ဝင်ရေတပ်သင်္ဘောတစ်စင်းဖြစ်တဲ့ 'စပရိုက်'သင်္ဘောကြီးဟာပြင်သစ်ပုဂ္ဂလိကပိုင်တိုက်သင်္ဘော 'အာခရွန်' ရဲ့ အလစ်တိုက်ခိုက်ခြင်းကို နှစ်ကြိမ်တိတိခံခဲ့ရပါတယ်လူအင်အားရော၊ လက်နက်အင်အားရော မမျှရုံမက ကိုယ်ထည်တောင့်တင်းတဲ့ ရန်သူ့သင်္ဘောကြီးနဲ့ ရင်ဆိုင်ရတဲ့အခါဗြိတိသျှကပ္ပတိန်ကြီး ဂျက်အော်ဘရီအတွက် ဗျူဟာတွေဆိုတာ မဖြစ်မနေလိုအပ်လာပါတယ်ပင်လယ်ပြင်တိုက်ပွဲဖြစ်တဲ့အတွက် အက်ရှင်ခန်းတွေ အများကြီးမပါပေမယ့်ကပ္ပတိန်အော်ဘရီရဲ့ စစ်ဗျူဟာတွေကတော့ တကယ်ဩချရလောက်ပါတယ်။သင်္ဘောပေါ်ကဘဝ ပင်လယ်ရဲ့အလှ ပင်လယ်ရဲ့ခက်ထန်မှုတွေကို တင်ဆက်ထားတဲ့cinematography တွေလည်း တော်တော်လေးကိုလှပါတယ်ဒါကြောင့်လည်း အော်စကာ ၁၀ ဆု ဆန်ကာတင်ခဲ့ပြီး Best Cinematography နဲ့ Best Sound Editing နှစ်ဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်မှာပါကပ္ပတိန်အော်ဘရီအနေနဲ့ကတော့ Gladiator မင်းသားကြီး Russell Crowe က ပုံဖော်ပေးထားပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ဘဲ ...
movie

Master and Commander: The Far Side of the World (2003)