Channel Myanmar

John Carroll Lynch

Anywhere but Here (1999)
Anywhere but Here (1999) IMDB 6.2 ရထားပြီး 1999 ခုနှစ်တုန်းက ထွက်ထားတဲ့ Comedy/Romance ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။The Black Swan ရုပ်ရှင်နဲ့ အော်စကာရထားတဲ့ Natalie Portman ရဲ့ ငယ်လက်ရာ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယ်မြို့လေးမှာနေရတာ အနာဂတ်မရှိဘူးလို့ ခံစားရတဲ့ အဒဲလ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့မိသားစုနဲ့ ဒုတိယမြောက်ယောက်ျားကိုထားခဲ့ပြီး ဆယ်ကျော်သက်သမီးလေး အန်းနဲ့အတူ ကယ်လီဖိုးနီးယားကို ထွက်လာခဲ့ပါတယ်။ အဒဲလ်က ဟိတ်ဟန်ကြီးတယ် ၊ စွန့်စားချင်တယ် ၊ စိတ်ကူးယဉ်ဆန်တယ်။ သူ့သမီးအန်းကတော့ လက်တွေ့ကျပါတယ်။ အဒဲလ်က သူ့သမီးကို ရုပ်ရှင်သမီးဖြစ်စေချင်ပြီး သူ့သမီး အန်းကတော့ US အရှေ့ပိုင်းမှာ တက္ကသိုလ်တက်ချင်ပါတယ်။သားအမိနှစ်ယောက် ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေဖို့ကြိုးစားနေတဲ့ ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ ဇာတ်လမ်းအဆုံးမှာ သူတို့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့ ၊ မတွေ့ကတော့ ကြည့်တဲ့လူပဲ ဆုံးဖြတ်ပေးရမှာပါ။File size…(1.6 ...
movie

Anywhere but Here (1999)

Confidence (2003) 6.6
Confidence (2003)  ဂျိတ်ခ်ဗစ် - လူတိုင်းမျက်ခုံးပေါ်စင်္ကြံလျှောက်ခဲ့တဲ့ ယုံကြည်မှုအပြည်နဲ့ဂွင်သမားလူလိမ်။ အခုချိန်မှာတော့ လူတစ်ယောက်ရဲ့သေနတ်အောက်ကိုရောက်နေပြီး သေရတော့မယ်။ သူသေရမှာက အနားမှာရပ်နေတဲ့ ဆံနီမလေးကြောင်တဲ့။ သေခါနီး တဘ၀လုံးလုပ်ခဲ့တာတွေကို မြင်မိလားမေးတော့ လွန်ခဲ့တဲ့ ၃ ပတ်စာကိုပဲ မြင်မိတယ်တဲ့။လွန်ခဲ့တဲ့ ၃ ပတ်က ဂျိတ်ခ်တို့အဖွဲဟာ ထုံးစံအတိုင်းဂွင်ဖန်ပြီး ငွေညှစ်ယူလိုက်တာ ဒီတစ်ခါတော့ သွားမထိသင့်တဲ့ ဘုရင်ကြီးဆိုသူကိုမှ သွားထိမိတော့ ဘုရင်ကြီးနဲ့ညှိနှိင်းရပြီး ဘုရင်ကြီးအတွက် ဂွင်ကြီးတစ်ဂွင်ဖန်ပေးဖို့ဖြစ်လာခဲ့တယ်။ ဘုရင်ကြီးဖန်ခိုင်းတဲ့ဂွင်ကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်ဖြစ်နေလေတော့ ယုံကြည်မှုရှိတဲ့ဗစ်တစ်ယောက် ဘယ်လုပ်ဖြစ်ပြီး သူများရဲ့သေနတ်အောက်ကို ရောက်သွားဖို့ ဖြစ်သွားတာလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး File size…(1.5 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Confidence (2003)

Pushing Tin (1999)
Pushing Tin (1999) Imdb(6.0/10)လူသဘောသဘာဝဆိုတဲ့အတိုင်း အဆင်ပြေနေတဲ့ဘဝကြီးမှာ လူတစ်ယောက်က ကိုယ့်ဘဝထဲကို ဝင်လာပြီး အရာအားလုံးကို လုယူသွားသလို ခံစားရတဲ့အခါ မကျေမနပ်ဖြစ်ကြတာပဲမလား..... နာမည်ကျော် မင်းသားကြီး John Cusack သရုပ်ဆောင်ထားတဲ့ Nick Falzone ဆိုတဲ့ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်က ဒီကားမှာတော့ လုယူခံလိုက်ရတဲ့လူပေါ့.....လေယာဥ်တွေကို controlling ပိုင်းမှာ အစစအရာရာ ပြည့်စုံနေခဲ့တဲ့ လူတစ်ယောက်ဟာ သူ့ထက်သာတဲ့ သူ့ပြိုင်ဘက် Russell Bell ဆိုတဲ့ ဘဲကြီး ရောက်လာတဲ့အခါမှာတော့ သူ့ဘဝကြီးက စတင်မှားယွင်းလာတော့တာပါပဲ ဒီဘဲကြီးက သူ့ထက် အစစအရာရာ သာရုံတင်မက မိန်းမကပါ လန်းနေတော့ Nick တစ်ယောက် မနာလိုတွေဖြစ် အမှားတွေကျူးလွန်မိပြီး ဘဝက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ‌တော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျား comedy လေးလည်း ရောထားတော့ စိတ်အပန်းဖြေဖို့အတွက် ကြည့်သင့်တဲ့ကားပါပဲFile size… (2.4 GB) / (1 GB) Quality….HEVC ...
movie

Pushing Tin (1999)

Gran Torino (2008) 8.1
Gran Torino (2008) Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ...
movie

Gran Torino (2008)

2008
4K HEVC
Mozart and the Whale (2005) 6.7
Mozart and the Whale (2005) Mozart and the Whale (2005)****************************IMDb... 6.7 Autism လို့ခေါ်တဲ့ မြန်မာအခေါ်  အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေကလူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်းကြိုးစားနေသူတွေလည်းရှိပါတယ်။ အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါအားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်းAutism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူးစိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကMozart and the Whale ဖြစ်ပြီး IMDb Rating 6.7 အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်းနာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး ...
movie

Mozart and the Whale (2005)

Fargo (1996) 8.1
Fargo (1996) Fargo(1996) *************IMDb - 8.1/10_____Rotten - 94%Won 2 Oscars. Another 81 wins & 57 nominationsဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရရှိထားပါတယ်...အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်...မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ...ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ....သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်.....ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်...ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်...ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်..ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်..ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့...သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး....ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့...ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ...ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်.... File Size : 2.8 GB, 783 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:38:00 Genre :  Crime, Drama, Thriller Subtitle : Myanmar ...
movie

Fargo (1996)

The Cure (1995) 7.7
The Cure (1995)  The Cure (1995)IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေး‌ပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File ...
movie

The Cure (1995)

1995
Crazy, Stupid, Love. (2011) 7.4
Crazy, Stupid, Love. (2011) Crazy, Stupid, Love. (2011)IMDb Rating (7.4) / Rotten Tomatoes (79 %)Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိ အောင်မြင်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ... ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်.. ပြီးတော့.. ...
movie

Crazy, Stupid, Love. (2011)

2011
4K HEVC
Ted 2 (2015) 6.3
Ted 2 (2015) IMDB: 6.3 Rotten Tomatoes:44% Genre: ComedyTed 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random" ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းဇာတ်လမ်းအစမှာတော့ တက်ဒ်နဲ့ တယ်မီလင်းတို့နှစ်ယောက်မင်္ဂလာဆောင်လိုက်ပါပြီ။ဂျွန်ကလည်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီးအမြဲတမ်းလိုလိုမှိုင်တွေနေပါပြီ။ခက်တာက တက်ဒ်ဟာ လူသားတစ်ယောက်စစ်စစ်မဟုတ်ဘူးဆိုပြီးမင်္ဂလာဆောင်ကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူ့ကို"ပစ္စည်း" တစ်ခုအနေနဲ့သက်မှတ်လိုက်တဲ့အတွက်ဒီကိစ္စခေါင်းငုံ့ခံလို့မဖြစ်ဘူးဆိုပြီး တရားထစွဲပါတော့တယ်။ဒါပေမယ့် နောက်ကွယ်မှာ သူတို့မသိတဲ့အကြောင်းအရင်းလေးတွေကရှိနေပါသေးတယ်။ဘယ်လိုပေါက်ကရတွေလာဦးမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ။တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlaneJohn အဖြစ်အချစ်တော် မင်းသား Mark Wahlbergရှေ့နေမလေး Sam အဖြစ် မင်းသမီးချော Amanda SeyfriedMorgan Freeman လည်းပါဝင်ထားပါသေးတယ်။  File Size :  2.3 GB / 1 GB Quality : Blu-Ray (Unrated) 1080p / 720p Running Time : 1h 46m Format : Mkv and ...
movie

Ted 2 (2015)

Zodiac (2007) 7.7
Zodiac (2007) Zodiac (2007)IMDb Rating (7.7) / Rotten tomatoes (90%)Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့  နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac  Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်..ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ ...
movie

Zodiac (2007)

2007
Outlaw Posse (2024) 5.0
Outlaw Posse (2024)  လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင်လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ်ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းကလူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်းလူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ်ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်းတစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင်တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကားပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်းတစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန်တိတ်ဆိတ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက်ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက်ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်းအရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကိုရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီးလူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Outlaw Posse (2024)

Catch That Kid (2004)
Catch That Kid (2004)  ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie

Catch That Kid (2004)

Babes (2024) 6.7
Babes (2024)  သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာကမိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာမိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသထားပါတယ်။လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှနားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက်အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့်စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှုအပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစားကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ရပါတယ်။အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှုဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။  File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Babes (2024)

Hot Pursuit (2015) 5.1
Hot Pursuit (2015) ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…  1.57 GB /  739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Hot Pursuit (2015)

2015
Lay the Favorite (2012) 4.8
Lay the Favorite (2012) Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie

Lay the Favorite (2012)

2012
Shangri-La Suite (2016) 5.1
Shangri-La Suite (2016) Kill the King (0r) Shangri-La Suite (2016) =============================ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ...
movie

Shangri-La Suite (2016)

2016
The Invitation(2015) 7.0
The Invitation(2015) The Invitation(2015)*******************အမျိုးသမီးဒါရိုက်တာ Karyn Kusama ရိုက်ကူးထားပြီး သရုပ်ဆောင် Logan Marshall-Green, Michiel Huisman, Tammy Blanchard နဲ့ Emayatzy Corinealdi တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်တဲ့ လျှို့ဝှက်သည်းဖိုစရာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝဲယ်လ်(Logam Marshall-Green)နဲ့ သူ့ရဲ့ဇနီးဖြစ်သူကီရာတို့နှစ်ယောက်ဟာ ဝယ်လ်ရဲ့ ဇနီးဟောင်းဖြစ်တဲ့ အီဒန် နဲ့သူ့ရဲ့ခင်ပွန်း ဒေးဗစ် တို့ရဲ့ ညစားစားပွဲကိုသွားကြပါတယ်။ ဒါပေမယ့် ဝယ်လ်က အဲ့ဒီအိမ်မှာရှိခဲ့တဲ့ အတိတ်ကအဖြစ်အပျက်တွေကိုမမေ့နိုင်သေးတဲ့အပြင် အီဒန်နဲ့ ဒေးဗစ်တို့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကိုလည်း သံသယဝင်လာပါတော့တယ်။ဝယ်လ် သံသယဝင်နေသလိုပဲ သူတို့မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူတို့ရဲ့အတိတ်မှာရော ဘယ်လိုအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာလဲဆိုတာကို လှည့်ကွက်များစွာနဲ့ရင်တဖိုဖိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။လျှို့ဝှက်သည်းဖို့ကြိုက်တတ်တဲ့ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားကိုကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ သွေးထွက်သံယိုနဲ့ ညစ်ညမ်းစကားလုံးများ ပါဝင်တာကြောင့်ငယ်လွန်းသူများကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။   File Size :(1.1GB) and (458MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre : Horror,Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded ...
movie

The Invitation(2015)

Mercury Rising (1998) 6.3
Mercury Rising (1998)  Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB)  / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Mercury Rising (1998)