Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
John Aylward
Instinct (1999)
နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct... နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ... စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell ...
movie
Instinct (1999)
6.2
Three Fugitives (1989)
Three Fugitives (1989)IMDb Rating (6.2) / Rotten Tomatoes (14%) ဘဏ်ဓါးပြတိုက်မှု ၁၄ ခု လုပ်ခဲ့တဲ့ ဓါးပြတိုက်ကျွမ်းကျင်သူ လူးကတ်တစ်ယောက် ထောင်ထဲမှာ ၅ နှစ်နေပြီး လွတ်လာတဲ့ အခါ ဘဝကို အသစ်ပြန်စဖို့ခွန်အားတွေ အပြည့် ဖြစ်နေခဲ့ပါတယ် .....စိတ်သစ်လူသစ် နဲ့ ဘဏ်ကို သွားပြီး အကောင့် အသစ် ဖွင့်တဲ့အခါ ဘဏ်ဓါးပြတိုက်တာနဲ့ လူးကတ် ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ ...........အတေွ့အကြုံမရှိတဲ့ ဘဏ် ဓါးပြတိုက်သူ နပ်နဲ့ လူးကတ်နဲ့ ကြုံတွေ့ကြတဲ့အခါ ...........နပ်ရဲ့ ဓါးပြတိုက်ဖို့ပဲ သိတဲ့ အတွေ့အကြုံမရှိတဲ့ ရိုးသားမှု နားမလည်မှု ဓါးပြတိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း ဒါတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cara ဖြစ်ပါတယ်။)File size…(2.7 GB) / (1.1 GB) Quality….WEB-Rip 1080p / 720p Format…. ...
movie
Three Fugitives (1989)
1989
7.3
Thirteen Days (2000)
Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie
Thirteen Days (2000)
2000
6.5
The Crazies (2010)
Horror/Thriller ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်း တစ်ကားပါ။ ၁၉၇၃တုန်းက ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး Remake တွေထဲမှာ ရှားရှားပါးပါး Original ထပ်ပိုကောင်းတယ်လို့ သတ်မှတ်ခံထားရပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ Deadwood (2004) စီးရီးက ရဲအရာရှိအဖြစ် လူသိများခဲ့တဲ့ Timothy Olyphant။ Silent Hill (2006) ရဲ့ မင်းသမီး Radha Mitchell။ The Flash စီးရီးထဲက Killer Frost အဖြစ် သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့ပါ။အော့ဂ်ဒန်မက်ရှ်မြို့လေးရဲ့ ဘေ့စ်ဘောပွဲနဲ့ ဇာတ်လမ်းစပါတယ်။ ကွင်းထဲကို သေနတ်ကြီးကိုင်ပြီး ဝင်လာလို့ ရဲအရာရှိ ဒေးဗစ်က ဟန့်တားရင်း ပစ်ခတ်မှုဖြစ်သွားပါတယ်။ အရက်မူးနေလို့ စိတ်လွတ်နေတယ်လို့ ယူဆခဲ့ပေမယ့် စစ်ကြည့်တဲ့အခါ ဘာမှ ရှိမနေပါဘူး။ အဲဒီအချိန်က စပြီး ၄၈နာရီအတွင်း အလောင်းတွေ များလာပါတော့တယ်။ ...
movie
The Crazies (2010)
2010
Bad Company (2002)
ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့File ...
movie
Bad Company (2002)
6.7
Armageddon (1998)
Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie
Armageddon (1998)
1998
4K HEVC
7.3
North Country (2005)
2005ခုနှစ်ကထွက်ရှိထားပြီး IMDb 7.3/10ထိ ရရှိထားတဲ့ Trial Drama ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဂျိုစီအိမ်းဆိုတဲ့ အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင်ပါ အကြီးကောင်လေး ဆမ်မီကိုတော့ အဖေမပေါ်ဘဲ မွေးထားတာဖြစ်ပြီး သမီးလေး ခယ်ရန်ကိုတော့ လက်ရှိအိမ်ထောင်က ရရှိခဲ့တာပါ သူအိမ်ထောင်ကွဲတဲ့အချိန်မှာတော့ မိဘတွေဆီကို ပြန်လာနေပြီး သတ္ထုတွင်းမှာ အလုပ်လုပ်ရင်း ကလေးတွေကို ထောက်ပံ့နိုင်အောင် ကြိုးစားပါတော့တယ်ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နေတဲ့ သတ္ထုတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နေ့စဉ်နဲ့အမျှ ခံစားနေခဲ့ရတာပါ ဂျိုစီတစ်ယောက်ယောက်အလုပ်ဝင်ချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မခံရအောင် ကြိုးစားပါတော့တယ် အဖေမပေါ်ဘဲ ကလေးတစ်ယောက် မွေးထားသူဖြစ်တာကြောင့် တစ်မြို့လုံးမှာ နာမည်ဆိုးထွက်နေတဲ့ ဂျိုစီဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တွန်းလှန်ရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ရပါတော့တယ် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အလုပ်ပြုတ်မှာစိုးရိမ်တဲ့အတွက် သူ့ဘက်က ရပ်တည်မပေးခဲ့ကြပါဘူး ဂျိုစီတစ်ယောက် တရားမျှတမှုရရှိအောင် ဆောင်ရွက်နိုင်မှာလား ဆိုတာကိုတော့ ...
movie
North Country (2005)
6.9
Water for Elephants (2011)
Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie
Water for Elephants (2011)
2011
6.1
A Million Ways to Die in the West (2014)
A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie
A Million Ways to Die in the West (2014)
2014
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013