Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joey Perillo
7.3
Unbreakable (2000)
Unbreakable (2000)IMDb Rating (7.3) / Rotten Tomatoes (70%) Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glass ကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူး။Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ။ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်။သူအဲ့ဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး။ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်။Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲလူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Kyaw Swar Aung ဖြစ်ပါတယ်။)File size…(6.5 GB) / (1.5 GB) / (630 MB) Quality….Blu-Ray 4K HEVC /1080p HEVC /720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:47:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lin Kyaw Swar Aung
movie
Unbreakable (2000)
2000
4K HEVC
6.7
Rachel Getting Married (2008)
Rachel Getting Married (2008)******************************2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leading actress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့ အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာ Jonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway , Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ် Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့ Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ...
movie
Rachel Getting Married (2008)
7.0
The Manchurian Candidate(2004)
The Manchurian Candidate(2004)*******************************နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့..File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
The Manchurian Candidate(2004)
7.7
Philadelphia(1993)
Philadelphia (1993) PG-13 | 125 min | Drama IMDB ----- 7.7 ⭐⭐⭐⭐⭐⭐⭐⭐ Rotten Tomatoes ----- 79% ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင် AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့ အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက ...
movie
Philadelphia(1993)
1993
8.0
Twelve Monkeys (1995)
[Unicode]12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာတော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
movie
Twelve Monkeys (1995)
6.5
Cry Baby (1990)
IMDB (6.5) / Rotten Tomatoes (73%)အလီဆင်ဟာ ရှေးရိုးစွဲ (စကွဲ) လို့ခေါ်ကြတဲ့ မိသားစု ဝန်းကျင်ကနေဆင်းသက်လာတဲ့ မိန်းမလှလေးတစ်ယောက်၊ တစ်သက်လုံး လိမ်မာခဲ့ရတာ စိတ်ကုန်လှပါပြီလို့ ဆုံးဖြတ်မိရာကနေ ခရိုင်းဘေဘီဝေါလ်ကာ ဆိုတဲ့ ဆန့်ကျင်ဘက် ဒရိတ်ပ် ခေါ် ဆိုးသွမ်းလူငယ်အဖွဲ့ တစ်ဖွဲ့ရဲ့ခေါင်းဆောင် ခပ်မိုက်မိုက်ဂေါ်ဘဲတစ်ပွေနဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ မျိုးနွယ်ချင်း ခံယူချက်ချင်း ယဉ်ကျေးမှုချင်း တောင်နဲ့မြောက် အရှေ့နဲ့အနောက်လို ကွာခြားချက် အစစအရာရာတွေကိုဆန့်ကျင်ပြီး သူတို့ဇာတ်လမ်းမှာ ကြုံရမယ့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို ဂီတတွေနဲ့ မြူးမြူးကြွကြွပုံဖော်ထားတဲ့ Comedy, Musical ကိုမှ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဲလ်ဗစ်ပရက်စလေရဲ့ ရုပ်ရှင်တွေ ၁၉၅၀ ဝန်းကျင်က ဆိုးသွမ်းလူငယ်တွေအကြောင်းနာမည်ကျော် ရုပ်ရှင်တွေကို တစ်စိတ်တစ်ပိုင်းသရော်လှောင်ပြောင်ထားတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ရုပ်တည်ကြီးနဲ့ ခံစားချက်အပြည့်နဲ့အမူအယာတွေဟာ အတည်ပေါက်နဲ့ခွီရမယ့်အကွက်တွေပါပဲ။ ခရိုင်းဘေဘီရဲ့ ဇာတ်ကောင်နေရာနဲ့ကိုက်ညီတဲ့ လူငယ်မင်းသား ရှာဖို့ ဒါရိုက်တာဟာ ဆယ်ကျော်သက် မဂ္ဂဇင်းတွေကို အဲ့ဒီခေတ်က ဒေါ်လာ သုံးဆယ်ဖိုးဝယ်ယူခဲ့ပြီး မျက်နှာဖုံးအားလုံးဟာ ၁၉၈၇ က 21 Jump ...
movie
Cry Baby (1990)
7.3
The Negotiator(1998)
The Negotiator(1998)IMDb....7.3,,,,,,, Rotten...75%ဒန်နီ ရိုမန် (Samuel L. Jackson) ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ ချီကာဂို ရဲဌာနမှာ Negotiator လုပ်ရတဲ့ ရဲတစ်ယောက်ပေါ့….Negotiator ဆိုတာ မြန်မာလိုဆိုရင် စေ့စပ်ညှိနှိုင်းဆွေးနွေးသူပေါ့ ….သူ့ရဲ့ အဓိကတာဝန်ကတော့ပြန်ပေးဆွဲအမှုတွေ ဓားစာခံအမှုတွေမှာ သူက ဓားစာခံတွေ မထိခိုက်အောင် အနာတရ အသေအပျောက်မရှိအောင်ပြန်ပေးသမားနဲ့ စကားပြောပေးရတဲ့သူပေါ့… သူပြောတဲ့စကားတစ်ခွန်းဟာ ပြန်ပေးသမားရဲ့ စိတ်အခြေအနေကိုအဆိုးဘက်ကိုအနည်းငယ်ရောက်စေရုံနဲ့ ဓားစာခံရဲ့ အသက်အချိန်မရွေးပျောက်သွားနိုင်သလို အခြားမလိုလားအပ်တဲ့ ပြသနာတွေလည်း ရှိနိုင်ပါတယ်....ဒန်နီရိုမန်ကတော့ ပြန်ပေးသမားကို သိမ်းသွင်းပြီး ဖြေရှင်းတဲ့အပိုင်းမှာ အထူးကျွမ်းကျင်သလိုရုပ်မြင်သံကြားမှာလည်း မကြာခဏ ချီးကျူးဖော်ပြခံနေရတဲ့ သူပေါ့…...လုပ်ဖော်ကိုင်ဘက်တွေကလည်း သူ့အပေါ်လေးစားကြတယ်....တစ်နေ့တော့ ရဲဌာနထဲမှာ ရံပုံငွေတွေကို ဒေါ်လာသန်းနဲ့ ချီပြီး အလွဲသုံးစားလုပ်တဲ့ အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်…...ဒီကိစ္စကို ကံဆိုးချင်တော့ ဒီအမှုကို ဒန်နီရိုမန် လုပ်တယ်ဆိုပြီး ထောင်ချောက်ဆင်ခံလိုက်ရတယ်...ဒီထောင်ချောက်ဆင်မှုကြောင့် လုပ်ဖော်ကိုင်ဘက်တွေရဲ့ရွံ့မုန်းတဲအကြည့်တွေရခဲ့တဲ့အပြင် မီဒီယာတွေရဲ့ခေါင်းစဉ်တွေမှာလည်းအကျင့်ပျက်ခြစားတဲ့ရွံစရာအကောင်းဆုံး လူသားအဖြစ်အဖော်ပြခံလိုက်ရတယ်...ဒန်နီရိုမန်အတွက်တကယ့်ကို ကမ္ဘာပျက်တဲ့အခိုက်အတန့်ပါပဲ....ကိုင်း ဒီအမှုကြီးကို ကို ...
movie
The Negotiator(1998)
1998