Channel Myanmar

Joey Marquez

Maple Leaf Dreams (2024)
Maple Leaf Dreams (2024)  Maple Leaf Dreams (2024) ဒီကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် မိသားစုအချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ဒါရိုက်တာ Benedict Mique ကရိုက်ကူးထားပြီးတော့ မင်းသမီး Kira Balinger နဲ့ မင်းသား LA Santos တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီ Maple Leaf Dreams ဆိုတဲ့ ဇာတ်လမ်းလေးကတော့ Macky ဆိုတဲ့ စားသောက်ဆိုင် မန်နေဂျာလေးနဲ့ Molly ဆိုတဲ့ ရုံးအတွင်းရေးမှူးမလေး တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က ဖိလစ်ပိုင်မှာ အလုပ်ကောင်းကောင်းတွေရှိကြပေမယ့်လည်း သူတို့လုပ်နေတာတွေလောက်နဲ့ သူတို့ရဲ့နိုင်ငံမှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ သဘောပေါက်ခဲ့ကြပါတယ်။အဲ့တာနဲ့ Molly တစ်ယောက် Macky နဲ့အတူ ပညာရေးအစီအစဉ်နဲ့ ကနေဒါကို သွားဖို့လုပ်ပါတော့တယ်။Macky ကလည်း သူ့ကောင်မလေး ကျောင်းတက်နေချိန်မှာ သူတို့နှစ်ယောက်လုံးအတွက် ပိုက်ဆံရှာဖို့စီစဉ်ထားခဲ့ကြပါတယ်။ကနေဒါရောက်တဲ့ အခါမှာတော့ သူတို့မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါ တစ်ယောက်နဲ့ ...
movie

Maple Leaf Dreams (2024)

2024
Day Zero (2022) 5.5
Day Zero (2022)  အောင်လနဲ့ ထိုးသတ်တုန်းကထက် ပိုကြမ်းပြီး ပိုမိုက်မယ့် ဘရန်ဒန် ဗီယာရဲ့ဖိလစ်ပိုင် Zombie ကားကောင်းတစ်ကားလာပါပြီ...။Zombieကားဆိုတော့ ကိုက်မယ်ဆွဲမယ် စတာပါတဲ့အပြင်ဇာတ်လိုက်မင်းသားက US အထူးတပ်သားဟောင်း ဆိုတော့ဖိုက်တင်ခန်းတွေပါ အများကြီးကြည့်ရမှာပါ...။ ဇာတ်လမ်းအကျဥ်းကတော့ အေမွန်ဟာ အမေရိကန်အထူးတပ်သားဟောင်းဖြစ်ပြီး သူငယ်ချင်းကိစ္စ၊ သူများရန်ပွဲထဲဝင်ပါလွန်းလို့ ထောင်ကျနေရတာပါ...။သူ့မှာ စကားမပြောတတ်နဲ့ သမီးလေးနဲ့ ဇနီးလည်းရှိပါတယ်...။တစ်နေ့ကျတော့ တုပ်ကွေးရောဂါကနေ သန္ဓေပြောင်းပြီး Zombieတွေ‌ပေါ်လာပါတော့တယ်...။ဒီတော့ အေမွန်တစ်ယောက် သမီးနဲ့ ဇနီးကို ကယ်ဖို့ ထောက်ဖောက်၊Zombieတွေနဲ့ တိုက်ခိုက်ပြီး ပွဲကြမ်းပါတော့တယ်...။ဇာတ်လမ်း အစအဆုံး zombie များနဲ့ တိုက်ခိုက်ခန်းတွေ အများကြီးကြည့်ရမယ့် ကားလေးပါ။အဆုံးသတ်မှာ ဘယ်သူတွေ ဘာဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုလို့ရပါပြီ...။  File size…858 MB / 440MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 22m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Day Zero (2022)

Barcelona: A Love Untold (2016) 6.3
Barcelona: A Love Untold (2016) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်....တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်....မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်....ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်....တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar ...
movie

Barcelona: A Love Untold (2016)

2016
My Ex & Whys (2017) 5.8
My Ex & Whys (2017)  ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "My Ex and Whys" ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါBakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါအဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????ဒီလိုပါ...သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ်ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ...
movie

My Ex & Whys (2017)

2017