Channel Myanmar

Joey Bell

Betrothed (2016)
Betrothed (2016) အောဒရာ ကတော့ ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်မှာ အိမ်ကိုအလည်ပြန်လာခဲ့တာပါ။အိမ်မှာ အမေဖြစ်သူကအလုပ်မအားတာကြောင့် ဟင်းချက်စရာတွေမရှိတော့တဲ့အတွက်သူကိုယ်တိုင် ကုန်စုံဆိုင်ကို သွားပြီး လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်ခဲ့ပါတယ်။ဒါပေမဲ့လည်း ကုန်စုံဆိုင်က အပြန်လမ်းမှာ စိတ္တဇညီအစ်ကိုနှစ်ယောက်က ပြန်ပေးဆွဲသွားကြပြီးကားပေါ်တင်ခေါ်ကာ လွင်တီးခေါင်ပြင်ကန္တာရထဲက သူတို့အိမ်ကိုခေါ်သွားခဲ့ကြပါတယ်။အောဒရာကိုလည်း ပြန်ပေးဆွဲလာတာကလည်း ညီအစ်ကိုနှစ်ယောက်ထဲက ညီအငယ်ဖြစ်သူနဲ့ ပေးစားဖို့ဖြစ်နေတော့အောဒရာလည်း သူ့ရဲ့လွတ်လမ်းကို ရှာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size :  1.5 GB, 754 MB Quality : HDRip 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant
movie

Betrothed (2016)

Sierra Burgess Is a Loser (2018) 6.3
Sierra Burgess Is a Loser (2018) ဒီကားလေးကတော့ Netflix ကရိုက်ထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားလေးပါဝဝတုတ်တုတ်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ပုံပြင်လေးကို ဟာသလေးတွေ ရင်ခုန်စရာလေးတွေနဲ့ ရိုက်ထားတဲ့အတွက် လူငယ်တွေသဘောကျမှာပါအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ဆီရာဘားဂျက်စ်ဟာ လူတိုင်းကအစခံအလှောင်ခံရတဲ့ ဝဝတုတ်တုတ် ဖက်တီးမလေးပေါ့ဒါပေမဲ့သူကစာဘက်မှအရမ်းထူးချွန်တဲ့သူတစ်ယောက်လဲဖြစ်တယ်သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗရော်နီကာ တို့အဖွဲ့လဲပါတယ်တစ်ရက် ဗရော်နီကာ့ကို သဘောကျတဲ့ တခြားကျောင်းက ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက်က ဗရော်နီကာ့ဖုန်းနံပါတ်ကိုလာတောင်းတဲ့အချိန် ဆီရာဘားဂျက်စ်ရဲ့ နံပါတ်ကိုပေးလိုက်တယ်အဲ့ဒိကောင်လေးဟာ ဆီရာ့ကို ဗရော်နီကာ အမှတ်နဲ့ စာပို့ပြီးစကားပြောတယ်ဆီရာကလဲ ပြန်ပြောရင်း ညတိုင်းသူတို့ဖုန်းတွေပြော သံယောဇဉ်တွေလဲတိုးပေါ့ဂျေမီကတော့ ဆီရာ့ကိုမသိပါဘူးဗရော်နီကာလို့ပဲ ထင်နေခဲ့တာပါဒီလိုနဲ့ ဆီရာက ဗရော်နီကာနဲ့ အပေးအယူတစ်ခုလုပ်ပြီး သူ့နေရာမှာ ဝင်ဟန်ဆောင်ခိုင်းတယ်ဆီရာ နဲ့ ဗရော်နီကာ တို့ရဲ့ Friendship ကလဲ တိုးလာတာပေါ့အဲ့ဒိနောက်မှာတော့ သူတို့နှစ်ယောက် ဆက်ဟန်ဆောင်ပြီး ဂျေမီ့ကိုအရူးလုပ်နိုင်မှာလားကြားထဲမှာဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆီရာရဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါနော်လူငယ်တွေကြိုက်နှစ်သက်မယ် လို့ မျှော်လင့်ရတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ပါလို့ တိုက်တွန်းပါရစေ ??? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size ...
movie


2018