Channel Myanmar

Joel Thingvall

Peacock (2010) 6.2
Peacock (2010) Peakcock (2010) ဟာ Psychological Thriller ဇာတ်လမ်း အမျိုးစားဖြစ်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ပိုင် identity နဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားပါ...ရရှိခဲ့တဲ့ဆုများ✔ Screamfest Horror Film Festival - အကောင်းဆုံး စိတ်လှုပ်ရှားဖွယ်ဇာတ်ကား (2010)✔ Fangoria Chainsaw Awards - အကောင်းဆုံးသရုပ်ဆောင် (Cillian Murphy) ဆန်ကာတင်စာရင်းသရုပ်ဆောင်များ- Cillian Murphy (John/Emma အဖြစ်) - Ellen Page (Maggie အဖြစ်) - Susan Sarandon (Fanny အဖြစ်)ဇာတ်လမ်းအကျဥ်း +++++++++John ဆိုတဲ့လူတစ်ယောက်ဟာ သာမန်လူတစ်ယောက်လိုနေထိုင်နေပေမယ့်... သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။သူဟာ လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေတဲ့ ရောဂါကိုခံစားနေရပြီး Emma ဆိုတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း နေထိုင်နေတာပါ။တစ်နေ့မှာ မတော်တဆမှုတစ်ခုကြောင့် ဒီလျှို့ဝှက်ချက်က ပေါ်တော့မလိုဖြစ်သွားပြီး သူ့ဘဝက လုံးဝပြောင်းလဲသွားပါတော့တယ်။Cillain Murphy ...
movie

Peacock (2010)

Drop Dead Gorgeous (1999)
Drop Dead Gorgeous (1999) ဒီဇာတ်ကားလေးကတော့ Spidermanဇာတ်ကားသုံးတွဲမှာ MJအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kirsten Dunst ရဲ့ဇာတ်ကားလေးပါပဲ။ သူ့အပြင် တစ်ခြားအလှမင်းသမီးတွေလည်း ပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်မင်းသမီးလေးအလှမယ်ပြိုင်ပွဲဆိုပြီး အလှမယ်ပြိုင်ပွဲတစ်ခုရှိပါတယ်။ဒီပြိုင်ပွဲကို မြို့နယ်ကနေ ပြည်နယ်အဆင့် ပြည်နယ်ကနေ နိုင်ငံအဆင့်ထိ ယှဥ်ပြိုင်ကြရပါတယ်။ ဇာတ်လမ်းအခြေတည်ထားတာကတော့ နယ်မြို့လေးဖြစ်တဲ့ မောင့်ရို့စ်ဆိုတဲ့နယ်မြို့‌‌လေးမှာပါပဲ။ ဒီမြို့လေးမှာလည်း အလှမယ်ပြိုင်ပွဲကျင်းပရင်း ပြိုင်ပွဲအဖွဲ့အစည်းရဲ့ ဥက္ကဌသမီးက နိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူမက ဒီပြိုင်ပွဲကိုအနိုင်ရဖို့ ဘယ်လောက်တောင်လုပ်ဆောင်သွားမလဲ။ ဇာတ်လိုက်ဖြစ်တဲ့ နောက်တွဲကားမှာ အမေနဲ့နှစ်ယောက်ထဲ နေထိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသမီးလေးကရော အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ကြည့်ရမှာပါ။ရိုက်ကူးထားတဲ့ပုံစံကလည်း သာမန်နဲ့မတူဘဲ အလှမယ်ပြိုင်ပွဲကို မှတ်တမ်းတင်ရိုက်ကူးနေတဲ့ပုံစံနဲ့ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲလေးတစ်ခုအတွက် ဘယ်လောက်ထိရက်စက်ကြမလဲ။ မင်းသမီးကရော အနိုင်ရပါ့မလား။ ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုနိုင််မယ့် ဇာတ်လမ်း‌လေးတစ်ခုပဲဖြစ်ပါတယ်။File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan ...
movie

Drop Dead Gorgeous (1999)

Captain America: The Winter Soldier (2014)

Captain America: The Winter Soldier (2014)

4K HEVC
The End of the Tour (2015) 7.2
The End of the Tour (2015) Now You See Me, The Social Network, Vivarium စတဲ့ဇာတ်ကားကောင်းတွေ အများကြီးထွက်ထားတဲ့ကျွန်တော်တို့ရဲ့ DC Universe က Lex Luther တစ်ဖြစ်လဲ မင်းသားချော Jesse Eisenberg နဲ့အတူHow I Met Your Mother ထဲက လူရိုးကြီးမာရှယ်အဖြစ် ပရိတ်သတ်သိထားတဲ့ Jason Segel တို့နှစ်ယောက်အဓိကသရုပ်ဆောင်ထားတဲ့ကားဆိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးထင်ပါတယ်1996 ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပဲနာမည်အရမ်းကြီးနေတဲ့ ဝတ္ထုရေးဆရာကို သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ ငါးရက်တာခရီးစဉ်မှာ စာရေးဆရာပေါက်စ David Lipsky က အင်တာဗျူးလုပ်တဲ့အကြောင်းပါDavid Lipsky ကိုယ်တိုင်ကလည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုပေမယ့် ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာတော့ စာအုပ်တစ်အုပ်ပဲ ထုတ်ရသေးတဲ့အချိန်ပေါ့ဒီဇာတ်ကားထဲမှာ အဓိကမြင်တွေ့ရတာက ...
movie

The End of the Tour (2015)

A Serious Man (2009) 7.0
A Serious Man (2009)   IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie

A Serious Man (2009)

Kumiko, the Treasure Hunter (2014) 6.6
Kumiko, the Treasure Hunter (2014)  IMDb - 6.6/10 Director - David Zellnerဒီဇာတ်ကားလေးကတော့ ခုမီကို ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက် ရတနာတွေကို လိုက်လံရှာဖွေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးမှာ စီးမြောပြီး စိတ်ကူးယဉ်တတ်တဲ့သူများ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ခုမီကို ဟာ ရတနာရှာဖွေခြင်းကို စွဲလမ်းနေတဲ့သူတစ်ဉီးပါ။ သူကစိတ်ကူးယဉ်ဇာတ်ကားထဲက ရတနာမြေပုံကိုရရှိပြီး အဲဒီရတနာတွေကို ရှာဖွေချင်နေပါတယ်။ အမြဲတမ်း တမှိုင်မှိုင်တတွေတွေနဲ့ လက်တွေ့ဘ၀ကို ဘာတစ်ခုမှစိတ်မပါ၊ အလုပ်ကသူဌေးနဲ့လည်း အဆင်မပြေဖြစ်ပြီး ရတနာတွေရှာဖို့ပဲစိတ်အားထက်သန်နေတဲ့ ခုမီကို တစ်ယောက် တစ်နေ့ကျတော့ ရတနာတွေရှာဖို့မြေပုံထဲကအတိုင်း US ကပြည်နယ်တွေဘက်ကိုထွက်လာပါတော့တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တဲ့အပြင် နဂိုကတည်းကမှ ထုံပေပေနဲ့ ခုမီကို တစ်ယောက် သူယုံကြည်ရာ ရတနာတွေကို တဇောက်ကန်းရှာဖွေပုံကို စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။သရုပ်ဆောင် Rinko Kikuchi ဟာလည်း Main character ဖြစ်တဲ့ ခုမိကို နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့အပြင် တိတ်ဆိတ်သော၊ အစွဲအလမ်းကြီးသော၊ စိတ်အားငယ်သော၊ ...
movie

Kumiko, the Treasure Hunter (2014)

I Am Not a Serial Killer (2016) 6.2
I Am Not a Serial Killer (2016) I Am Not a Serial Killer (2016)ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ...Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

I Am Not a Serial Killer (2016)

2003
The Deer Hunter(1987) 8.1
The Deer Hunter(1987) The Deer Hunter (1978)=================== စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ....။လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ....။ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ်၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်းမင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ်စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာတိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက်လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ်ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင်ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ...
movie

The Deer Hunter(1987)

Jingle All the Way (1996) 5.7
Jingle All the Way (1996) Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie

Jingle All the Way (1996)

1996
Dark Cloud (2022) 3.5
Dark Cloud (2022) Dark Cloud (2022)ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ...Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration ...
movie

Dark Cloud (2022)

2022
The Kings of Summer(2013) 7.2
The Kings of Summer(2013) The Kings of Summer(2013)IMDb....7.2မုဆိုးဖိုဖခင်ကြီး Frank နဲ့အတူတူနေရတဲ့ လူပျိုပေါက်အရွယ် Joe Toy တစ်ယောက်သူ့ရဲ့ဘဝကိုသူ့အဖေကလိုက်ပြီးစီမံနေတာကိုမနှစ်သက်သူ မြီးကောင်ပေါက်အရွယ်ပီပီ လွတ်လွတ်လပ်လပ်လုပ်ချင်ရာလုပ်နေချင်တဲ့ ကောင်လေးကသူ့ဖခင်ရဲ့လက်ကလွတ်ရင်ပြီးရော တာဝန်တွေဝတ္တရားတွေနဲ့ကင်းဝေးရင်ပြီးရောဆိုပြီး သူ့ရဲ့အခင်ဆုံးဘော်ဒါPatrick ရယ် ကြောင်တောင်တောင် Biaggio ဆိုတဲ့ကောင်လေးရယ်နဲ့ တောအုပ်ထဲကိုထွက်ပြေးကြတယ်...မိဘတွေရဲ့ချည်နှောင်မှုတွေ တာဝန်တွေနဲ့ကင်းဝေးအောင် အဲ့မှာသူတို့အိမ်ဆောင်နေကြမယ်ဆိုပြီးလုပ်ကြပါလေရောလူသူကင်းဝေးတဲ့တောအုပ်ထဲမှာ ကောင်လေး၃ယောက်က သူတို့ရဲ့နေရာထိုင်ခင်းတွေစီစဉ်ပြီးတဲ့အချိန်မှာသူတို့တွေကိုယ့်ကိုကိုယ်တွေး ဘယ်လိုတွေးမိကြလဲဆိုတော့...ငါသည်သာအရှင်သခင်...ငါသည်သာ အားလုံးရဲ့ဘုရင်ဆိုပြီး စိတ်ကြီးတွေဝင်ပြီးတဲ့နောက်မှာတော့....ကိုင်း ဒီလူရှုတ်လေးတွေ တောထဲမှာ ဘယ်လိုပေါက်ကရတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဟာသကားလေးမို့ခံစားကြည့်လိုက်ပါဦးဗျ...File Size : (900 MB) and (297 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie

The Kings of Summer(2013)

2013