Channel Myanmar

Joel Saracho

Sampung Utos Kay Josh (2025) 8.6
Sampung Utos Kay Josh (2025)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ခရစ်ယာန်တွေအတွက် အဓိကရည်ရွယ်တင်ဆက်ပေးထားပေမဲ့ လူမျိုးမရွေး ဘာသာမရွေး ရှုစားလို့ရတဲ့ အင်ဒိုနီးရှားဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Sampung Utos Kay Joshဖြစ်ပြီး လက်ရှိ IMDb Rating 8.6 အထိရရှိထားတဲ့အတွက်မကောင်းမှာကတော့စိတ်ပူနေစရာကိုမလိုပါဘူး ။အဓိကပေးချင်တဲ့မက်ဆေ့ချ်ကတော့ ကိုယ့်ဘ၀မှာတစ်သက်လုံး စည်းမျဉ်းတွေကို မချိုးဖောက်ဘဲ စည်းကမ်းရှိတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့လူအဖြစ်နေလာခဲ့ပေမဲ့လည်းတစ်ခါတစ်လေမှာ ကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်တွေကို ကြုံတွေ့လာပေါင်းများလာရတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်ကပါမကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်လာတဲ့အရာမျိုးတွေကိုကြုံတွေ့ဖူးကြမှာပါ။ဒါပေမယ့် အဲ့လိုကိုယ့်ဆီမှာဆိုးဝါးတဲ့အရာတွေဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ကောင်းမွန်တဲ့အကျင့်စရိုက်ကို တန်ဖိုးထား မစွန့်ပစ်ဘဲနဲ့ ဆက်လက်ကျင့်သုံးသင့်တဲ့အကြောင်းကို ပညာယူနိုင်ဖို့ ဟာသလေးတွေနဲ့ သူတော်ကောင်းလေးတစ်ယောက်ရဲ့ဘ၀ကိုတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နာမည်ကတော့ ဂျော့ရှ်ဆိုတဲ့သူဖြစ်ပြီး သူက ငယ်စဉ်ကတည်းကယခုအသက်အရွယ်အထိ ဘုရားတရားကို ရိုသေကိုင်းရှိုင်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက်ခရစ်ယာန်တွေရဲ့ပညတ်တော် ၁၀ ပါးလည်းမချိုးဖောက်တဲ့အပြင် အိမ်တစ်အိမ်လုံးမှာပါ ဘုရားနဲ့ပတ်သတ်တဲ့ ရုပ်တုတွေပုံစံတူတွေမှအပြည့်ပါပဲ။အလုပ်အကိုင်ကတော့ ဘဏ်ဝန်ထမ်းဖြစ်ပြီး ရိုးသားကြိုးစားတဲ့အတွက် ဘဏ်သူဌေးရဲ့သမီးရဲ့ သမီးရည်းစားဖြစ်ပြီး သူဌေးသားမက်လောင်းလေးပါဖြစ်နေပါတော့တယ်။ဒီလိုမျိုး စည်းမျဉ်းတွေအားလုံးကိုလိုက်နာခဲ့ပြီးဘုရားတရားကိုင်းရှိုင်းခဲ့တဲ့ သူ့ဘ၀လေးက ပြည့်စုံနေပေမဲ့ ကံကြမ္မာရဲ့လှည့်ကွက်တွေရောက်ချလာပြီး တစ်ခုပြီးတစ်ခုစတင်ပြိုလဲလာခဲ့ပါတော့တယ်။အဲ့လိုဖြစ်လာတာတွေများလာတဲ့အခါမှာတော့သူတစ်သက်လုံးကိုးကွယ်လာခဲ့တဲ့ဘုရားကိုစွန့်ပစ်ပြီး ပညတ်တော်၁၀ ပါးကိုလည်း တစ်ပါးချင်းစီအရွဲ့တိုက် ...
movie

Sampung Utos Kay Josh (2025)

Balota (2024) 7.3
Balota (2024) Balota (2024)ဖိလစ်ပိုင်စကားပြော မှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်မြို့လေးတစ်မြို့မှာ မြို့တော်ဝန်ရွေးကောက်ပွဲတစ်ခုကျင်းပခါနီးအချိန် ဟီဒါလ်ဂိုဆိုတဲ့ လက်ရှိမြို့တော်ဝန်အမျိုးသမီးကတစ်ဖက် အယ်ဒရာလင်းဆိုတဲ့ တစ်ချိန်က အပြာမင်းသားဟောင်းဖြစ်ခဲ့သူက တစ်ဖက် မဲဆွယ်လျက်ရှိပါတယ်လူမိုက်တစ်စုကလည်း တရားမဝင်သေနတ်တွေနဲ့ အော်ပရေးရှင်းတစ်ခုကို ကြံစည်နေပြီး ရိုးသားဖြောင့်မှန် ရဲရင့်တဲ့ဆရာမလေးဖြစ်သူ အမ်မီက မဲရုံမှာ တာဝန်ကျလာတဲ့အခါမှာတော့ ----အညွှန်းနဲ့ဘာသာပြန်ကတော့ KKKZ ~ V ~ Zwe Yan မှ ဖြစ်ပါတယ် File size… 1.7 GB / 835 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  KKKZ ~ V ~ Zwe Yan
movie

Balota (2024)

Ang Duyan ng Magiting (2023) 6.4
Ang Duyan ng Magiting (2023) Ang Duyan Ng Magiting (2023)"ရှုထောင့်" ================================၂၀၂၃ တုန်းက ထွက်ရှိခဲ့တဲ့ controversial ဖြစ်စရာ နိုင်ငံရေးကားကောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်က အညွှန်းရေးပြဖို့တော့ တော်တော်ခက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ကောင်းတဲ့သူတွေပါတယ်၊ ဆိုးတဲ့သူတွေပါတယ်။ ကြည့်နေရင်းနဲ့ ကိုယ်တိုင် ဝင်ခံစားမိပြီး ခံစားချက်မျိုးစုံရနိုင်မယ့် ဒိုင်ယာလော့တွေပါတယ်။ဇာတ်လမ်းကို အကြမ်းဖျင်းပြောရရင်တော့ ဖိလစ်ပိုင်နိုင်ငံရေး၊ အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တက္ကသိုလ်က ဆရာတစ်ယောက်၊ အဓိပတိတစ်ယောက်၊ အလုပ်သမားတစ်ယောက်၊ ကျောင်းသားနှစ်ယောက်နဲ့ မိခင်နှစ်ယောက်၊ ရှေ့နေတစ်ယောက်က သူတို့ရဲ့ ခံယူချက်တွေ၊ ခံစားချက်တွေ၊ သရော်ချင်တာတွေ၊ လိပ်ပြာမလုံတာတွေကို စကားစစ်ထိုးကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size… 764.34 MB / 514.89 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Ang Duyan ng Magiting (2023)

Fruitcake (2024) 6.9
Fruitcake (2024) Fruitcake 2024 (သီးစုံကိတ်) Genre – Comedy, Romanceပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့က လူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများ အချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီး ဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျ ဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲ မသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့ မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…1.8 GB / 860 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard ...
movie

Fruitcake (2024)

GomBurZa (2023) 7.9
GomBurZa (2023)  GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်ကသမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movieတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက်ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင်ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွားစပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြားဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာအရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာငြင်းစရာမရှိပါဘူး..... File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

GomBurZa (2023)

[18+] Sex Games (2023) 5.8
[18+] Sex Games (2023) Sex Games (2023)ဘော်ဘီနဲ့ ဒတ်ဘီတို့ဟာ လူချမ်းသာလင်မယားဖြစ်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့စရိုက်ပိုင်ရှင်တွေပါ။ ငွေအတွက်၊ သူတို့ရဲ့ ပျော်ရွှင်မှုအတွက် တစ်ပါးသူဘဝတွေ ပျော်ရွှင်မှုတွေကိုပါ နင်းချေဖျက်ဆီးလိုက်ဖို့လည်း ဝန်မလေးကြပါဘူး။ ငွေကြေးအတွက် ပူစရာမလိုတဲ့အလျောက် လိုချင်တာရနေတဲ့ဘဝမှာ လိင်သာယာမှုအသစ်အဆန်းတွေကိုရှာဖွေရင်း Role Play ကစားတာမျိုး၊ သရီးဆမ်း၊ ဂန်းဘန်း စတာမျိုးတွေကိုပါ ငွေလမ်းခင်းပြီး မွေ့လျော်တတ်ကြပါသေးတယ်။တစ်နေ့တော့ ဒတ်ဘီက လောင်းကစားတစ်ခုကမ်းလှမ်းလာပါတယ်။ အဲဒါကတော့ သူ့ဆီမကြာခဏငွေလာချေးတတ်တဲ့ အဒေါ်ကြီးရဲ့သမီးဖြစ်သူ သီလရှင်ဖြစ်ဖို့ရည်စူးထားတဲ့ရိုးရိုးအေးအေးလေး ရှီလာနဲ့ သူ့ရည်းစားဖြစ်သူ ဘုန်းကြီးလောင်းလျာ အယ်လ်ဗင်တို့ကို အပြိုင်လိုက်ကြဖို့ပါပဲ။ သူတို့ကစားမယ့် သူတွေဟာ ခံစားချက် နှလုံးသား ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေရှိကြတဲ့သက်ရှိတွေဖြစ်တဲ့အတွက် ဒီကစားပွဲမှာ ဘယ်သူက ဘယ်သူ့ကိုကစားပြီး နောက်ဆုံးမှာ ဘယ်သူအနိုင်ရသွားမလဲ ဆက်လက်ရှုစားကြပါ။Azi Acosta နဲ့ Sheree တို့အပြင် ဧည့်သည်သရုပ်ဆောင် မင်းသမီးတွေအများကြီး အင်တိုက်အားတိုက်ဇာတ်ပို့ထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] Sex Games (2023)

2023