Channel Myanmar

Joel Oulette

Can I Get a Witness? (2024) 6.0
Can I Get a Witness? (2024)   အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ်ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက်၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက်အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီးလူတိုင်းကလက်ခံခဲ့ကြပါတယ်။ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ကမ္ဘာမြေကြီးကနေ ကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ဒီကားမှာတော့ ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာလူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာသေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲ...ဘယ်လိုအတွေ့အကြုံတွေရမလဲ....လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီးထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီကားမှာတော့ တရားမျှတမှုတွေ ဘဝရဲ့အဓိပ္ပာယ်တွေကိုကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။  File size… (1.52 GB) / (899 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Can I Get a Witness? (2024)

Here (2024) 6.2
Here (2024)  ဒီ Here ဆိုတဲ့ရုပ်ရှင်ကတော့ "ဒီနေရာ" ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲကင်မရာက နေရာတစ်နေရာတည်းကို Focus ထားပြီး ကမ္ဘာဦးအစကနေလက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကိုပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာကအိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့ပြီးဇာတ်သိမ်းပိုင်းမှသာ အိမ်ရဲ့အပြင်ဘက်နဲ့ အခြားနေရာတွေကိုခဏတာမြင်ခွင့်ရမှာ ဖြစ်ပါတယ်။ဒီလိုပြောလိုက်လို့ ပျင်းစရာကြီးနေမှာလို့တော့ မတွေးမိစေချင်ပါဘူး။ဒီတစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့တဲ့အတွက်ကြောင့်အဲဒီတစ်နေရာမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို ဆယ်စုနှစ်၊ရာစုနှစ်နဲ့ချီပြီးတော့ ပြောင်းလဲသွားတာတွေကို မြင်တွေ့ရမှာပါ။ရုပ်ရှင်ဆိုတဲ့အတွက် ဖန်တီးရိုက်ကူးထားတာဖြစ်ပေမဲ့ တကယ့်သမိုင်းကြောင်းအချက်အလက်တွေလည်း ပါဝင်နေခဲ့ပါတယ်။ဥပမာဆိုရင် လက်ရှိရိုက်ကူးနေတဲ့အိမ်ရဲ့ မျက်စောင်းထိုးတစ်ဖက်လမ်းကအိမ်ကြီးက မိုးကြိုးလျှပ်စီးဟာ လျှပ်စစ်ဓာတ်တစ်မျိုးဖြစ်တယ်ဆိုတာကို မိုးသည်းကြီးမည်းကြီးထဲ စွန်လွှတ်ရင်းရှာဖွေတွေ့ရှိခဲ့တဲ့ ဘန်ဂျမင် ဖရန်ကလင်ရဲ့ တရားမဝင်သား ဝီလီယံဖရန်ကလင် နေထိုင်သွားတဲ့အိမ်ဆိုပြီး ပါပါတယ်။ပြီးတော့လည်း တီဗီရှေ့မှာ ဇိမ်ရှိရှိနဲ့ ထိုင်ကြည့်ဖို့အတွက်ဆိုဖာခုံကို တီထွင်ခဲ့တဲ့သူ...Google မှာ ရိုက်ရှာလိုက်ရင် အဲဒီ La-Z-Boy အမည်ရတဲ့ဆိုဖာခုံကို တီထွင်ခဲ့တာ မီရှီဂန်က ညီအစ်ကိုနှစ်ယောက်လို့တွေ့ရပေမဲ့ ဒီထဲမှာတော့ ဘီလီဆိုတဲ့ လူကောင်ကြီးကြီးနဲ့တစ်ယောက်က အိမ်မှာ အမြဲတမ်းသူ့ထိုင်ခုံကို အဆင့်မြှင့်တင်နေခဲ့ပြီးနောက်ဆုံး ...
movie

Here (2024)

4K HEVC
Cascade (2023) 4.9
Cascade (2023) Cascade (2023) ============Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့ သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီး သွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲ ခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊ လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန် တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကို ရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်က နေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်က အပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေ အပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက် ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက် လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movie တစ်ပုဒ် စတင်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie

Cascade (2023)

2023