Channel Myanmar

Joel Grey

(18+) Choke (2008) 6.4
(18+) Choke (2008) Choke (2008) IMDb - 6.4/10R-ratedဖြစ်တဲ့အတွက် ၁၇နှစ်အောက်ကလေးတွေ လက်ရှောင်ပေါ့။ ဒါရိုက်တာက Clark Gregg၊ မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်ရဲ့ What Lies Beneath (2000)ရုပ်ရှင်ကို ရေးခဲ့တဲ့ဆရာ။ မင်းသားက Sam Rockwell။ဇာတ်လမ်းအကျဉ်းပြောရရင် ငယ်ငယ်ကတည်းက မွေစားမိဘတွေ တစ်ယောက်ပြီးတစ်ယောက်ဆီကနေ ထွက်ပြေးခဲ့တဲ့သူ။ ဘာလို့ထွက်ပြေးလဲ၊ အမေအရင်းက လာလာခေါ်ပြီး ပညာတွေပေးနေလို့။ဘယ်လိုပညာလဲ၊ ဒီကမ္ဘာကြီးဆိုတာ တိရစ္ဆာန်ဥယျာဉ်လိုပဲ အကျဉ်းထောင်တစ်ခု၊ တိရစ္ဆာန်တွေနဲ့ ငါတို့ကြားက ကွာခြားမှုက တိုင်တွေနောက်မှာရှိနေရတာနဲ့ ရှိမနေရတာပဲဆိုပြီး လမ်းသစ်ဖောက် ဘ၀အသစ်ကိုလျှောက်ဆိုတဲ့အမေ။အရွယ်ရောက်လာတဲ့အချိန် အမေဖြစ်သူ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံတင်ထားရတဲ့အချိန်။ သူ့အလုပ်အကိုင်က ရှေးခေတ်ကိုသရုပ်ဖော်တဲ့နေရာမှာ သရုပ်ဆောင်နေရတာ။ အမေ့ဆေးဖိုးလောက်ငှဖို့ ရောက်လေရာစားသောက်ဆိုင်မှာ အစာနင်ချင်ယောင်ဆောင်ပြီး လာကူပေးသူတွေဆီက ထောက်ပံ့ပေးကြေးရအောင် ဟန်ဆောင်တယ်။နောက်ပြီး တွေ့သမျှမိန်းမနဲ့အတူနေတဲ့ လိင်စိတ်စွဲလန်းနေတဲ့ဘဲ။ ဒီလိုနဲ့ စိတ်ကျန်းမာရေးဆေးရုံက သူ့အမေကိုကုသပေးနေတဲ့ ဒေါက်တာမလေးနဲ့တွေ့တဲ့နောက်မှာ သူ့ဘ၀ တစ်ဆစ်မက နှစ်ဆစ် သုံးဆစ်ချိုးပြောင်းလဲသွားတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်။) File size… 3.9 GB / 1.8 GB Quality…Bluray 1080p ...
movie

(18+) Choke (2008)

Remo Williams: The Adventure Begins (1985) 6.4
Remo Williams: The Adventure Begins (1985) ဆမ်မေကင်ဟာ နယူးယောက်မြို့ ဘရွတ်ကလင်းမှာ လမ်းသရဲ လူဆိုးတွေကို ဖမ်းဆီးနေတဲ့ သာမန် ရဲသားတစ်ဦးသာ ဖြစ်ပါတယ်။တစ်ရက်မှာတော့ လျှို့ဝှက်အမေရိကန်အဖွဲ့အစည်း တစ်ခုရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုကို ခံခဲ့ရပါတယ်။ဆမ်မေကင် ဆိုတဲ့ဘဝကို ဈာပနအတုပါပြုလုပ် ပြည်ဖုံးကားချခဲ့ပြီးတော့ ရီမိုဝီလီယမ်စ်ဆိုတဲ့ သူအဖြစ်နဲ့ ဘဝအသစ်ကို ထပ်မံရရှိခဲ့ပါတယ်။နာမည်တင်မက မျက်နှာကိုပါ အပြောင်းအလဲပြုလုပ်ခံခဲ့ရပါတယ်။CURE လို့ အမည်ခံထားတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးခံခဲ့ရပြီးတဲ့နောက်မှာကိုယ်ခံပညာတို့ရဲ့ မြစ်ဖျားခံရာ ရှီနန်ဂျူရွာရဲ့ မျိုးဆက်သခင် ကိုးရီးယားလူမျိုး ချွန်းရဲ့လက်အောက်မှာ လူသားလက်နက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရပါတယ်။အပြည့်စုံဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မတော်တဆဆန်ဆန် သတ်ဖြတ်မှုမျိုးတွေကို ဆောင်ရွက်နိုင်အောင် အထူးလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။စိတ်ရော ကိုယ်ပါ ကြံ့ခိုင်သန်စွမ်းလာအောင် ရှေးကျတဲ့လေ့ကျင့်ခန်းတွေနဲ့ စခန်းသွင်းလေ့ကျင့်အပြီးမှာတော့ကျည်ဆန်ကိုပါ ရှောင်နိုင်တဲ့ ရီမိုဝီလီယမ်စ် အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ချွန်းရဲ့အပြောအရ ရီမို့ကို အပြည့်စုံဆုံးအနေအထား ရောက်အောင် (၁၅) နှစ်အထိ အချိန်ယူရမှာ ဖြစ်ပေမယ့်CURE အနေနဲ့ သူတို့ရဲ့လူသားလက်နက်ကို မဖြစ်မနေထုတ်သုံးရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်.သူတို့ကိုယ်တိုင် ...
movie

Remo Williams: The Adventure Begins (1985)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

tick, tick…BOOM! (2021) 8.6
tick, tick…BOOM! (2021) tick, tick...BOOM! (2021)===================IMDb Rating - 8.6/10စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musicalကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ...
movie

tick, tick…BOOM! (2021)

2021