Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Viterelli
5.5
Jane Austen’s Mafia! (1998)
Jane Austen’s Mafia! (1998)ဒီဇာတ်ကားလေးကတော့ The Godfather နဲ့ Casino တို့လို နာမည်ကြီးမှုခင်းကားတွေကို ဟာသလုပ်ထားတဲ့ ရီစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ မိသားစုရဲ့ ပြဿနာအတိတ်ကနေ ရှောင်ထွက်ချင်ပေမဲ့ ထွက်မရတဲ့ လူတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ဟာသကားတွေနဲ့ မတူပဲ ပေါ့ပေါ့ပါးပါးလဲ ဖြစ်မဲ့ ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့သူတွေကြည့်ဖို့ အကောင်းဆုံးဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (2.8 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime Duration…. 01:27:01 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin
movie
Jane Austen’s Mafia! (1998)
1998
Mickey Blue Eyes (1999)
Mickey Blue Eyes ကတော့ နယူးယော့ခ်မှာရှိတဲ့ လေလံလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ ရိုးသားကြိုးစားတဲ့လူရိုးလေးတစ်ယောက် သူချစ်ရတဲ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့အချိန်မှာ ကောင်မလေးမိသားစုနဲ့ပတ်သက်ပြီး မထင်မှတ်ထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီးနောက် သူ့ဘဝကြီးဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမယ့် အလွဲတွေများတဲ့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်မင်းသားရဲ့ရည်းစားကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရုပ်ရှင်မို့ သရုပ်ဆောင်ပီပြင်ချက်တွေနဲ့ ကြည့်ရတာအရသာရှိမယ့် ကားတစ်ကားဖြစ်ပါတယ် The Godfather ဇာတ်ကားထဲမှ မင်းသားကြီး James Cann ကိုကြည့်မဝတဲ့သူတွေရှိရင်လည်း ဒီဇာတ်ကားထဲမှာ မင်းသားကြီးကိုယ်တိုင် မာဖီးယားအဖြစ် ပါဝင်ပေးထားတာမို့ ကြည့်ရတန်မယ်လို့ထင်ပါတယ် ဘာသာပြန်ကြောင့်ကြည့်ရတာ ပိုအနှစ်သာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by KST
movie
Mickey Blue Eyes (1999)
Shallow Hal (2001)
IMDb rating - 6/10 Awards - 3 Nominationsအခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2001 ခုနှစ်ထွက် romance ဇာတ်ကားလေးဖြစ်ပါတယ် အားလုံးသိတဲ့ Jack Black မင်းသားနဲ့ Iron manရဲ့အချစ်တော်လေး Gwyneth Paltrow မင်းသမီးတို့ သရုပ်ဆောင်ထားတဲ့နာမည်ကြီးဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် အဖေ့ရဲ့နောက်ဆုံးစကားအတိုင်း ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတွေနဲ့တွဲပြီး လူတိုင်းကိုရုပ်ရည်ပေါ်မှာပဲကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ ဟဲလ်ဆိုတဲ့သူတစ်ယောက်ရှိပါတယ်အဲဒီလိုနဲ့တိုနီရောဘင်ဆိုတဲ့သူနဲ့ ဆုံပြီးနောက်မှာ လူတွေနဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အတွင်းစိတ်အတိုင်းပဲမြင်ရပါတော့တယ် အဲဒီလိုနဲ့ ရိုစ့်မယ်ရီဆိုတဲ့ စိတ်ထားလှတဲ့ကောင်မလေး သူ့မျက်စိထဲမှာ သူမြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်နေပါတယ် တကယ်တော့ဒီမိန်းကလေးကပြည့်ပြည့်ဖြိုးဖြိုးကောင်မလေးဖြစ်နေတာပါပဲအဲဒါဆိုရင်တော့ ဟဲလ်တစ်ယောက် တကယ့်ပဲ ရိုစ့်မယ်ရီကိုချစ်လာနိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်ဖြစ်မလဲ ဆိုတာ ဇတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး ဒီဇာတ်ကားလေးကတော့ တကယ့် အလှတရားဆိုတာ စိတ်ထားကောင်းတာက အဓိကပဲလို့ ပြသသွားတဲ့ကားကောင်းလေးဖြစ်လို့ အားလုံးပဲ အားပေးကြပါဦးFile size…(2.1 GB)/(1 GB) Quality….Webrip HEVC 1080p ...
movie
Shallow Hal (2001)
5.4
See Spot Run (2001)
ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့်ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးကမူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်ကဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကိုကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးကကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင်FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်းဟာသနှောပြီး ရိုက်ကူးထားတာကြောင့်ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။ File size… 2 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... ...
movie
See Spot Run (2001)
5.3
Serving Sara(2002)
Serving Sara (2002)IMDb - 5.4ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကိုဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူတစ်ယောက်ပါ။စာရွက်စာတမ်းတွေကိုပို့ ပေးရတာကလွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေကသူ့ကို ရှောင်နိုင်နေကြတာေကြာင့် အလုပ်တစ်ခုကိုတစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ နေရပါတယ်။တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကိုကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးကသူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက်သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်းဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင်ဒေါ်လာတစ်သန်း ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရောဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 1.9GB / 1GBQuality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Romance , Comedy Subtitle…. Myanmar ...
movie
Serving Sara(2002)
2002
7.2
State of Grace(1990)
IMDb 7.2I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…2.81GB / 941.9MB Quality…Blu-Ray 1080p / ...
movie
State of Grace(1990)
6.1
Eraser (1996)
Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie
Eraser (1996)
1996
6.8
The Firm (1993)
The Firm (1993) IMDB - 6.8/10_____Rotten Tomatoes - 75% Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့ သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ...
movie
The Firm (1993)
1993