Channel Myanmar

Joe P Project

Risky Business (2024) Modal Nekad 6.9
Risky Business (2024) Modal Nekad  Risky Business (2024)IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Risky Business (2024) Modal Nekad

2024
Start Up Never Give Up (2024)
Start Up Never Give Up (2024) Startup Never Give Up (2024) လွဲလွဲ‌လေးပဲကောင်းပါတယ်ရယ်မောပြုံးပျော်ပြီး အပန်းဖြေနိုင်ဖို အင်ဒိုနီးရှားဟာသကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ဒွန်နီဆိုတဲ့ကောင်လေးက အလုပ်ထုတ်ခံရလိုက် ပြန်လျှောက်လိုက်နဲ့ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ပြီး သံသရာလည်နေသူတစ်ဦးပါ။ သူ့မှာရာဖီဆိုတဲ့ ကျောင်းတက်နေဆဲ ညီငယ်လေးတစ်ယောက်ရှိပါတယ်။ ရာဖီကပဲ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်နဲ့ ကျောင်းတစ်ဖက်၊ စာတစ်ဖက် အလုပ်ရှုပ်နေရပါတယ်။အခုလည်း သူလက်ရှိလုပ်နေတဲ့ မိတ္တူကူးတဲ့အလုပ်က အထုတ်ခံလာရပြန်ပါပြီ။ မိတ္တူကူးနေရင်း စက်ပျက်သွားတော့ သူဌေးကသူ့ကိုအလုပ်ထုတ်လိုက်တာပါ။ဒွန်နီမှာ ဒေဝီလိုခေါ်တဲ့ သူငယ်ချင်းချောချောလှလှ ကောင်မလေးတစ်‌ယောက်ရှိပါတယ်။ သူ့ကိုမုန့်တွေလာပို၊ သူ့ညီငယ်လေးကိုထိန်းကျောင်းပေးနေသူလေးပေါ့။သူတိုအိမ်ရဲ့အိမ်စရိတ်တွေ‌၊ မီတာခ‌အကြွေးတွေပေးဖို ဒွန်နီက အလုပ်တစ်ခုလျှောက်ရပါတော့တယ်။ သူ့ရဲ့လုံခြုံရေး၊ ဝိတ်တာ၊ ရုံးစာရေး၊ ဒရိုင်ဘာ အကုန်လုပ်ဖူးတဲ့အတွေ့အကြုံနဲ့ မန်နေဂျာရာထူးကို ခန့်လိမ့်မယ်ထင်ပေမဲ့ ဒီတစ်ခါလည်းလွဲသွားပြန်ပါတယ်။ဒီလိုနဲ့ခေါင်းငိုက်စိုက်ချ ပြန်လာ‌တုန်း သူ့ကို အနောက်က အတင်းလိုက်အော်ခေါ်ပြီး အလုပ်တန်းခန့်ပါတော့တယ်။ အကြောင်းရင်းကတော့ သူဟာသူတိုသူဌေးမိန်းမရဲ့ မောင်လေးဖြစ်နေလို အထက်ကသူ့ကို အလုပ်ခန့်ခိုင်းခြင်းရယ်ပါ။ သူကတော့ဒါကိုမသိဘဲ ပျော်ရွှင်စွာ အလုပ်ဝင်ပါတော့တယ်။ဒွန်နီတစ်ယောက် ဒီအလုပ်မှာရော ဘယ်လောက်မြဲမလဲ၊ အလွဲတွေလုပ်ပြီးပဲ ထပ်အလုပ်ထုတ်ခံရဦးမလား၊ နောက်ဘာအလုပ်ထပ်ရှာရပါဦးမလဲ၊ သူ့ညီလေးနဲ့ သူတိုအိမ်စရိတ်ကိုရော သူဆက်ထောက်ပံ့နိုင်ပါ့မလား၊ ဒေဝီနဲ့သူတိုရဲ့ဆက်ဆံရေးကရော ဘယ်လိုလဲဆိုတာ ရယ်မောကြည့်ရှုရင်း ဆက်လက်အဖြေရှာကြည့်ကြပါဦး။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ်။File ...
movie

Start Up Never Give Up (2024)

Father & Son (2023) 6.1
Father & Son (2023) Father & Son (2023)===============အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:18:00 Genre_Drama, Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Father & Son (2023)

Star Syndrome (2023) 9
Star Syndrome (2023) ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Star Syndrome (2023)

2023
Cemara’s Family 2 (2022) 6.0
Cemara’s Family 2 (2022) Cemara's Family 2 (2022) =================== IMDb Rating - 6.0/10အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစား ရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာ အလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အ‌တွက်ကြောင့် အာရာ ကို ကိုယ့်ဘာသာကိုယ်‌ ကျောင်းက‌နေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ် လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ် သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ် တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မ လွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကို ကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင် ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့ အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက် ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ အဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွား‌ေတာ့တယ်။ ဝမ်းနည်း နေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင် ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာ ကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.82 ...
movie

Cemara’s Family 2 (2022)

2022
One Day We’ll Talk About Today (2020) 8.0
One Day We’ll Talk About Today (2020) " တစ်နေ့ ကျ ငါတို့ အားလုံး ဒီနေ့အကြောင်းကို ပြန်ပြောဖြစ်ကြအုံးမယ် " ခုတလော ရုပ်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ရုပ်ရှင်ငတ်နေတာပေါ့လေ ဒီလို နဲ့ Netflix က အာရှ ရုပ်ရှင်တွေထဲ အင်ဒိုနီရှား နဲ့ မလေးရှား ရုပ်ရှင်တွေ လိုက်မွှေ ကြည့်မိတယ် အဲ့ဒီ ထဲက မှ ဒီရုပ်ရှင်ကားကို ကြည့်မိတဲ့ အချိန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ရုပ်ရှင်က ဘာမှ သိပ်မဟုတ်ဘူး ထင်ရတယ် ရိုးရိုးရှင်းရှင်းလေး ပါ ဒါပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ကိုယ်တွေကို ရင်ခုန်စေတာပဲ... ဒီရုပ်ရှင်ကတော့ အချစ် နဲ့ ပတ်သက်တာပါ ရိုမန့် မဟုတ်ပါဘူး မိသားစု အချစ်ပါ ဇတ်လမ်းထဲမှာတော့ မိသားစု ၅ ယောက်ပေါ့ အဖေ အမေ နဲ့ သားကြီး သမီးလတ် သမီးငယ် မိသားစု တစ်ခု အကြောင်းပေါ့ သားကြီးက အန်ကာဆာ တဲ့ သမီးလတ် က အော်ရိုရာ သမီးငယ်လေးကတော့ အာဝမ် ဒီမိသားစု က အင်ဒိုနီရှားနိုင်ငံရဲ့ မွတ်စလာမ် မိသားစု ကို ပြထားတယ် သေချာ ဘာသာရေးတွေ လူမျိုးရေးတွေ ဖယ်ပြီး ...
movie

One Day We’ll Talk About Today (2020)

2020