Channel Myanmar

Joe Coen

The Critic (2023) 6.2
The Critic (2023)  လန်ဒန်မြိုက အထင်ကရသတင်းစာတိုက်ကြီးမှာ ပြဇာတ်ဝေဖန်ရေးမှူးအနေနဲ့ သုံးသပ်ချက်တွေရေးရတဲ့ ဂျင်မီ အက်စကင် ဒီလူက သူ့ရဲ့စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးလိုယူဆတဲ့ ပြဇာတ်တွေ၊ သရုပ်ဆောင်တွေကိုဆိုပိုးစိုးပက်စက် ဝေဖန်ရေးသားတတ်တာကြောင့် လူသိများပါတယ်။အဖေဖြစ်သူ ဆုံးပါးသွားလို သတင်းစာတိုက်ပိုင်ရှင်ဖြစ်လာတဲ့ဒေးဗစ်ဘရွတ်ခ်က သူ့ကို ပျစ်ပျစ်နှစ်နှစ်ရေးသားတာတွေလျှော့ဖိုပြောပေမဲ့လည်း အချည်းနှီးပါပဲ...သတင်းစာတိုက်ပိုင်ရှင် ပြောင်းသွားတာနဲ့အမျှ ပြောင်းလဲလာတဲ့စည်းမျဉ်းစည်းကမ်းတွေကို ဘဝင်မကျဖြစ်နေတဲ့ ဂျင်မီ အက်စကင်တစ်ယောက် တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ချစ်သူလိုပါပြောရမယ့် တွမ် တန်နာနဲ့အတူ လိင်တူနှစ်သက်မှုနဲ့ ဖမ်းဆီးခံရပါတော့တယ်။နဂိုကတည်းက သတင်းစာတိုက်နာမည်ပျက်မှာကို မလိုလားတဲ့ဒေးဗစ်ဘရွတ်ခ်က ရဲဖမ်းခံရတဲ့ ဂျင်မီကို အလုပ်နားခိုင်းလိုက်တဲ့အခါ...ဒါကိုမကျေနပ်တဲ့ ဂျင်မီတစ်ယောက် ဘယ်သူတွေကိုအသုံးချပြီးဒေးဗစ်ဘရွတ်ခ်ကို လက်တုံပြန်ဖိုကြိုးစားမလဲ......ဒီကြိုးစားမှုကနေ ဘယ်သူတွေနစ်နာပြီး ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာမလဲဆိုတာကို The Critic ရုပ်ရှင်ကားမှာ ကြည့်ရှုရမှာဖြစ်ပါတယ်....... File size… (1.06GB ) / (620MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Crime , Drama , ...
movie

The Critic (2023)

Son of God (2014) 5.7
Son of God (2014) ဒီရုပ်ရှင်ဟာ ဓမ္မသစ်ကျမ်းကို မှီးပြီး ခရစ်တော်ရဲ့ ဘဝဇာတ်ကြောင်းကိုသူပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့တွဲစပ်ပြသပြီး ကားစင်အတင်ခံရတဲ့အထိ ပြထားတယ်။ခရစ်တော်ပြန်လည်ထမြောက်ပြီးတဲ့နောက် သူ့သာဝကတွေဟာခရစ်တော်ရဲ့နှုက်ကပတ်တော်တွေကို ဖြန့်ကျက်ခဲ့ကြတယ်။အဲဒီခေတ်ကာလမှာ ဓမ္မသစ်ကို သိပ်လက်မခံကြသေးတော့သူ့နောက်လိုက်တွေအကုန်နီးပါး နှိပ်ကွပ်ခံခဲ့ရတယ်။ဒီဇာတ်ကိုတော့ ခရစ်တော်ရဲ့နောက်ဆုံးကျန်တဲ့သာဝက ယောဟန်ကသူကြုံခဲ့ရတဲ့ဇာတ်လမ်းကို ပြန်ပြောပြတဲ့ပုံနဲ့ တင်ဆက်ထားတယ်။ဒီရုပ်ရှင်မှာ ခရစ်တော်ရဲ့ကာလမှာ ကဲသာဘုရင်လက်ထက် (ဆီဇာ)ဂျူးတွေရောမလက်အောက်ခံဖြစ်ခဲ့ကြပုံတွေရောမတွေနဲ့ဂျူးတွေကြာက အဖုအထစ်တွေယဇ်ပုရောဟိတ်မင်းက ဘာသာရေးကို ချုပ်ကိုင်ထားပုံတွေတရားစီရင်မှုအထိပါ ယဇ်ပုရောဟိတ်မင်းတွေက ဝင်စွက်ဖက်ခဲ့ကြပုံတွေကိုလည်း ပြထားတယ်။ယေရှုခရစ် ဘယ်လိုကာလမှာ ရှင်သန်ခဲ့ရလဲ ကောင်းကောင်းမြင်သာအောင် ပြထားတယ်။ယေရှုခရစ်ကို ထောက်ခံသူတွေများပြားလာသလို ယေရှုခရစ်ကလည်းယေရှုရှလင် (ဂျေရုစလင်)ကို လာဖို့လုပ်တဲ့အချိန် ယဇ်ပုရောဟိတ်မင်းကယာဖကဒီအခြင်းအရာက ပသခါပွဲတော်ကို ထိခိုက်လာမှာကို စိုးရိမ်ပြီး ပွဲမတိုင်ခင်မှာတင်ညတွင်းချင်း ဖမ်းဆီးပြီး တရားစီရင်ဖို့လုပ်ခဲ့တာတွေလည်းပြထားတယ်။ဒါကို မြို့ဝန်မင်းပိလတ်က ဘာမှ မတတ်နိုင်ရတဲ့ အကြောင်းရင်းတွေ ဘာတွေလည်းပြထားတယ်။ဒီရုပ်ရှင်မှာ ယေရှုခရစ်ရဲ့ဖြစ်တော်စဉ်ကိုတော့ သေချာပြထားတယ်။နှုတ်ကပတ်တော်တွေတော့ အကုန်မထည့်ထားဘူးပေါ့။ယေရှုခရစ်ရဲ့သမိုင်းကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ခရစ်ယာန်ဘာသာရေးကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ File Size :  2.5 GB / 1.3 GB Quality ...
movie

Son of God (2014)