Channel Myanmar

Joe Azzopardi

Classified (2024) 5.5
Classified (2024)  တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီးAaron Eckhart ရဲ့ Classified ဆိုတဲ့အက်ရှင်ဇာတ်ကားအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးပဲအခုထက်ထိကြမ်းနေတုန်းဆိုတာကို တွေ့ရမှာဖြစ်ပြီး အက်ရှင်ခန်းတွေကလည်းအကြမ်းစားတွေပါပဲ။ကြေးစားလူသတ်သမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်သတ်ပေးနေရင်းနဲ့နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်သတ်ပေးနေရတာကိုတွေ့တဲ့အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့ဒီကြေးစားလူသတ်သမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီးသူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက်သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်ကကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့အတူတူစတင်စုံစမ်းခဲ့ကြပါတော့တယ်။တစ်ဖက်မှာလည်း သူ့ကိုအလုပ်ခိုင်းနေတဲ့လူကစစ်ဆင်ရေးတွေကိုဆက်လုပ်ဖို့ တွန်းအားပေးတဲ့အနေနဲ့ သူ့နောက်ကိုလူတွေလွှတ်ပြီးတောက်လျှောက်တိုက်ခိုက်ခိုင်းတဲ့အခါမှာတော့ ရှောနဲ့ကေစီတို့နှစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ကွယ်ကလူကိုအဖြေရှာပုံတွေအပြင် တခြားသောမြှုပ်ကွက်လေးတွေကိုပါ စိတ်ဝင်တစားကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… 1.83GB / 992MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Classified (2024)

Paul, Apostle of Christ (2018) 6.6
Paul, Apostle of Christ (2018)  ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies ...
movie

Paul, Apostle of Christ (2018)