Channel Myanmar

Joe Adler

The Maze Runner (2014) 6.8
The Maze Runner (2014) The Maze Runner (2014) ************************** IMDb.....6.8  လူငယ်လေးတစ်ယောက် ရုတ်တရက် နံရံတွေ ပတ်ပတ်လည် ကားစီးထားတဲ့ နေရာတစ်ခုကိုရောက်သွားတယ်။သူ့ထက် အရင် ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပဲဖြစ်နေတယ်။ လူငယ်လေးဟာ သူ့ရဲ့နာမည်ဟာ သောမတ်စ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိဘူး။ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြီး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ကြိုးစားပေမဲ့ ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကပါတစ်ခုဆီကိုသွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ အပြင်ကိုပြန်ထွက်ဖို့ ဝင်္ကပါကြီးထဲကို ဝင်သွားတဲ့သူတွေ ဒုနဲ့ ဒေးရှိပေမဲ့ တစ်ယောက်မှပြန်မလာနိုင်ခဲ့လို့ ဘေးလူတွေက မဝင်ဖို့ တားမြစ်ပေမဲ့  ခေါင်းမာတဲ့ သောမတ်စ်တစ်ယောက် ဝင်ဖို့ လုပ်တဲ့အခါမှာတော့..အဲဒီ ပြန်လမ်းမဲ့ ဝင်္ကပါကြီးထဲမှာ ဘာတွေရှိနေမှာလဲ.. သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား..ဒီဝင်္ကပါကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ... နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ...
movie

The Maze Runner (2014)

The Greatest Beer Run Ever (2022) 6.7
The Greatest Beer Run Ever (2022) The Greatest Beer Run Ever (2022)ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ ဇက်အက်ဖရွန်၊ ဘီလီမူရေး နဲ့ ရက်ဆဲခရိုးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန် စစ်ပွဲ ဒရာမာ ဟာသ အမျိုးအစားပါ။ အစအဆုံး ရုပ်တည်ကြီးတွေနဲ့ ပြောနေသရုပ်ဆောင်နေပေမဲ့ အတော်ကိုရယ်ရပါတယ်။ ဖြစ်ရပ်မှန်ဖြစ်နေတော့ ပိုရယ်လို့တောင်ကောင်းပါသေးတယ်။အဓိကမင်းသားကတော့ ချစ်ကီဒိုနိုဟူးဆိုတဲ့ အမေရိကန်တပ်ထွက်မျိုးချစ်တစ်ယောက်ဖြစ်ပါတယ်။ သင်္ဘောသားအလုပ်လုပ်ပြီး သင်္ဘောမတက်ရတဲ့အချိန်ဆိုရင် ညတိုင်း အရက်ဆိုင်မှာမူးပြီး မိဘအိမ်မှာ နေဖင်ထိုးတဲ့အထိ အိပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလဖြစ်ပြီး အမေရိကန်မှာ ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူတွေ နှစ်ပိုင်းကွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်ကီရဲ့ညီမကတော့ ဆန္ဒပြသူဖြစ်ပြီး ချစ်ကီကတော့ ဆန္ဒပြသူတွေကို မုန်းတီးနေပြီး ဗီယက်နမ်စစ်ပွဲကို နိုင်ငံအတွက်လို့ ယုံကြည်အားပေးနေသူဖြစ်ပါတယ်။ တစ်ညတော့ ဘားမှာ စုသောက်ကြရင်းနဲ့ သူတို့ရပ်ကွက်ထဲကနေ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားလေးတွေကိုသာ ဒီနယူးယောက်က ဘီယာတွေ သွားပေးနိုင်ရင်ဘယ်လောက်ပျော်ကြမလဲ၊ သူတို့ကိုထောက်ခံသူတွေရှိသေးကြောင်းသိပြီးဘယ်လောက်အားတက်မလဲဆိုပြီး ပြောမိသွားပါတယ်။ ချစ်ကီကိုမယုံသူတွေကလှောင်ပြောကြပေမဲ့ စစ်သားမိသားစုဝင်တွေကတော့ မျှော်လင့်ချက်တစ်မျှင်လေးအဖြစ် ပစ္စည်းလေးတွေလူကြုံလာထည့်ပေးကြပါတော့တယ်။ ချစ်ကီကလည်းမသွားချင်သွားချင်နဲ့ သွားဖို့ စုံစမ်းပေမဲ့ အကြောင်းအားလုံးတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်ကိုရောက်သွားတဲ့အခါ တီဗွီထဲမှာ ဝါဒဖြန့်နေတဲ့သတင်းတွေနဲ့မတူဘဲ အရာရာကွဲပြားနေတာကိုတွေ့ပြီး စစ်သားတွေ ဗီယက်နမ်တွေ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံနဲ့ အသက်မသေအောင် ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Greatest Beer Run Ever (2022)

2022
Tankhouse (2022) 5.6
Tankhouse (2022) Tankhouse (2022) ============== IMDb Rating - 5.6/10ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်း‌လေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ...
movie

Tankhouse (2022)

2022