Channel Myanmar

Jo Yoon-hee

The Con Artists (2014) 6.5
The Con Artists (2014) The Con Artists (2014)*********************IMDb... 6.5 ဒီတစ်ခါမှာတော့ Kim Woo Bin၊ Lee Hyun Woo၊ Ko Chang Seok တို့ အဓိကသရုပ်ဆောင်ထားပြီး ပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့ The Con artist ဆိုတဲ့ ရာဇဝတ် ဟာသဇာတ်ကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။အီဂျီဟျော့ကတော့ ငွေစက္ကူအတုပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့အပြင် မီးခံသေတ္တာတွေကို ဖောက်ထွင်းပြီး ကျောက်မျက်ရတနာတွေ ပိုက်ဆံတွေကို ခိုးယူကာ အထက်တန်းဆန်တဲ့ဘဝမှာ နေထိုင်နေသူတစ်ဦးပါ။ အဲဒီလိုနဲ့ အီဂျီဟျော့က စီမံချက်ရေးဆွဲသူ ဂူအင်း၊ နည်းပညာဘက်မှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဟက်ကာ ဂျုံဘယ်တို့နဲ့ အတူ ပူးပေါင်းပြီး ဖောက်ထွင်းခဲ့တဲ့ ရတနာဆိုင်က သူဌေးဂျိုဒယ်ဂျင်းရဲ့ ရတနာဆိုင်ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ သူဌေးဂျိုဒယ်ဂျင်းကလည်း အင်ချွန်း အကောက်ခွန်ဌာနကို ဖောက်ထွင်းဖို့အတွက် ကျွမ်းကျင်တဲ့လူကို ရှာဖွေနေခဲ့တာကြောင့် သူတို့ ၃ ဦးကို အလုပ်အတူတူ တွဲလုပ်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေ အတူပူးပေါင်းကာ လုံခြုံရေးတင်းကျပ်တဲ့ အကောက်ခွန်ရုံးထဲကို ဝင်ပြီးတော့ မိနစ် 40 ...
movie

The Con Artists (2014)

Spring Garden (2024) 5.5
Spring Garden (2024) Spring Garden (2024)************************The Medium ရဲ့ ပဲ့ကိုင်ရှင်တွေ ရိုက်ကူးထားတဲ့ အသစ်ဆက်ဆက် သရဲကားကြီး လာပါပြီနော်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်ဆိုတော့ ကောင်းမကောင်းကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအမှတ်ပေးလိုက်ကြပါဦး..။ဇာတ်လမ်းအညွှန်းလေးကတော့..ဆိုဟွီက တိတ်ဆိတ်တဲ့ ကျေးလက်တောရွာလေးက အိမ်ကြီးတစ်ဆောင်မှာ ပန်းဥယျာဉ်လေးကို စိုက်ပျိုးပြီးနေသွားချင်သူ တစ်ယောက်ဖြစ်တဲ့အလျောက် သူ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ သူ့ခင်ပွန်းဖြစ်သူ ချန်းဆူကသူ့ဇနီးမသိစေဘဲ ဇနီးဖြစ်သူ ဆန္ဒအတိုင်း တစ်ထပ်တည်းတူတဲ့ အိမ်ကြီးကို ဖန်တီးပေးနေခဲ့တာပေါ့။ဒါပေမဲ့ တစ်ရက်ကျ ခင်ပွန်းဖြစ်သူ ချန်းဆူက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ပြီး သူမသေခင်ဆိုဟွီနာမည်နဲ့ ချန်ရစ်ထားခဲ့တဲ့ နွေဦးဥယျာဉ် အိမ်ကြီးအကြောင်းကို ကြားလိုက်ရတဲ့ ဆိုဟွီတစ်ယောက်ခင်ပွန်းသည်ပေးတဲ့ နောက်ဆုံး အမှတ်တရလက်ဆောင်အိမ်ကြီးမှာ ပြောင်းနေခဲ့တဲ့အခါ..။ဒါပေမဲ့ ဆိုဟွီမသိလိုက်တာကတော့ အဲဒီအိမ်ထဲမှာ သူ့အပြင် နောက်တစ်ယောက် ထပ်ရှိနေသေးတယ်ဆိုတာကိုပါပဲ။အဲဒီအိမ်ပေါ်ကို ရောက်တာနဲ့ ဆိုဟွီတစ်ယောက် အိပ်မက်ဆိုးတွေ ဆက်တိုက်မက် နေ့စဥ်နဲ့ အမျှ ထူးဆန်းတဲ့ ကိစ္စတွေနဲ့မျိုးစုံ ကြုံတွေ့လာရပြီး အိမ်ထဲမှာ ...
movie

Spring Garden (2024)

Tae Guk Gi: The Brotherhood of War (2004) 8.1
Tae Guk Gi: The Brotherhood of War (2004) IMdb Rating (8.0) / Rotten Tomatoes (80%)ဒါရိုက်တာရင်လို့သိကြတဲ့မင်းသားကြီး Jang Dong-Gun နဲ့ ထယ်ဆောက်လို့ သိကြတဲ့ မင်းသား Won Bin တို့ပါဝင်တဲ့ဒီဇာတ်ကားက လူကြိုက်များပြီးသား ကိုရီးယားစစ်ကားတစ်ကားဖြစ်ပါတယ်။သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ် ၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်.... ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ..... အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ... သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ... ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ... စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating ...
movie

Tae Guk Gi: The Brotherhood of War (2004)

2004
Traffickers(2012) 7.0
Traffickers(2012) Traffickers(2012)****************ဒီတစ်ခါတော့ crime, thriller ပရိတ်သတ်ကြီးအတွက် 2012 ကထွက်ခဲ့တဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ကိုယ်တွင်းအင်္ဂါတွေမှောင်ခိုရောင်းဝယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဟာအဲ့ဒီအလုပ်ကိစ္စကြောင့် သင်္ဘောနဲ့တရုတ်ပြည်ကိုကူးမှာပါ...တစ်ဖက်မှာလည်း တရုတ်ပြည်ကို အပန်းဖြေခရီးထွက်လာတဲ့စုံတွဲရယ်...အဖေက အစားထိုးခွဲစိတ်မှုခံယူဖို့ တရုတ်ပြည်သွားမယ့် သားအဖရယ် ပါလာပါသေးတယ်... မှောက်ခိုအဖွဲ့ကရော သင်္ဘောပေါ်မှာ ဘယ်သူ့ဆီက ဘယ်လို အင်္ဂါအစိတ်အပိုင်းတွေထုတ်ယူမလဲ..ဟိုသားအဖနဲ့ စုံတွဲကရော ဒီကိစ္စနဲ့ဘယ်လိုတွေ ဆက်နွှယလာမလဲဆိုတာကတော့..... အကောင်းဆုံးAction , Crime ထဲ စာရင်းဝင်မို့ ဒေါင်းကြည့်ကြပါကုန်...File Size :(1.9GB) and (866MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:51:00 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae
movie

Traffickers(2012)

The Magician(2015) 7.0
The Magician(2015) The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

The Magician(2015)

Doomsday Book (2012) 5.9
Doomsday Book (2012) [Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie

Doomsday Book (2012)

Luck-Key(2016) 6.9
Luck-Key(2016) Luck-Key(2016) ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ အလုပ်မှန်သမျှာမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူ လည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘ၀ကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်... သို့ပေမယ့် မလုပ်ဖြစ် ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်... သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်... အ၀တ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့  အရမ်းချမ်သာပုံရတဲ့လူတစ်ယောက်ကို ဆိုပါတော့... အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာ ဆေးရုံရောက်သွားတယ်...စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့ ရေချိုးခန်းအ၀တ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်.. တခြားသူက ဆေးရုံရောက်သွားပေမယ့်  ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ.. .နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင် ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်...  ယွန်းဂျယ်ဆောင်းဟာ ပစ္စည်းတွေပြန်ပေးဖို့လုပ်ပေမယ့် ပိုင်ရှင်ဖြစ်တဲ့သူဟာ ကြမ်းပြင်နဲ့ရိုက်မိတဲ့ဒဏ်ကြောင့် အတိတ်မေ့သွားတယ်... ပြောရရင် လူချင်းချိန်းလိုက်သလိုဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ယွန်းဂျယ်ဆောင်းဟာ တခြားသူတိုက်ခန်းမှာ ခပ်တည်တည်သွားနေလေရဲ့... သူ့အပျော်တွေဟာ သိပ်တော့ကြာကြာမခံပါဘူး...တိုက်ခန်းပိုင်ရှင်ဖြစ်တဲ့အတိတ်မေ့နေတဲ့သူဟာ လက်နက်ပေါင်းစုံ လူမိုက်တွေနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်ပေါင်းစုံ Passport ပေါင်းများစွာရှိနေတဲ့ ကြေးစားလူသတ်သမားအဖြစ်သိရှိပြီးတဲ့နောက် ယွန်းဂျယ်ဆောင်းတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ...အတိတ်မေ့သွားတဲ့ လူမိုက်ကြီးကရော ဘယ်လိုရှေ့ဆက်မလဲ... ဘယ်လိုအန္တရယ်တွေကရော သူတို့ကို ဆီးကြိုနေမလဲ... ကိုင်း  အက်ရှင်ကားကြိုက်တဲ့သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့.... File Size : (900 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Action, Comedy, Crime Subtitle : Myanmar ...
movie

Luck-Key(2016)

2016