Channel Myanmar

Jo Yang

The Namesake (2007) 5.5
The Namesake (2007) Namesake (2007) "နိုင်ငံရပ်ခြား တိုင်းတစ်ပါး"မင်းသား Irrfan Khan ရဲ့ အင်္ဂလိပ်စကားပြော အိန္ဒိယဇာတ်ကားဟောင်းလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ်နယူးယောက်မှာနေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ အာရှုတ်ခ်ဟာ ရိုးရိုးအေးအေး အိန္ဒိယသူလေး အာရှီမာနဲ့ မိဘသဘောတူလက်ထပ်လိုက်ပြီးနောက် အာရှီမာတစ်ယောက် အမေရိကားကို ယောင်လည်လည်နဲ့ လိုက်လာရပါတယ်နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူညီတာကို အသားမကျနိုင်တဲ့ အာရှီမာရဲ့ ဒုက္ခနဲ့ အထီးကျန်ဝေဒနာကို ဘယ်လိုကုစားမလဲသားကလေး ဂိုဂေါ် မွေးလာတဲ့အခါမှာလည်း အမေရိကန်ဖွား အိန္ဒိယလူမျိုး ကလေးတစ်ယောက်ရဲ့ ဘဝမှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဒီရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Namesake (2007)

August Rush (2007) 7.4
August Rush (2007)  2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း……လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် ...
movie

August Rush (2007)

2007
Alfie (2004)
Alfie (2004) IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာ‌ရတော့တယ်။ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ‌ဇာတ်ကြောင်းပြော‌တဲ့‌‌သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။File ...
movie

Alfie (2004)

As They Made Us (2022)
As They Made Us (2022) As They Made Us (2022)~ Rotten Tomatoes - 81% ~မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးက မိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ ...
movie

As They Made Us (2022)

2022