Channel Myanmar

Jo Woo-jin

1987: When the Day Comes (2017)
1987: When the Day Comes (2017) 1987: When the Day Comes (2017)********************************IMDb... 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon,Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစား‌နေကြတဲ့ကြားကနေအမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီးသရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်းကြည့်ရှုကြရမဲ့ ...
movie

1987: When the Day Comes (2017)

The Match (2025) 7.4
The Match (2025) The Match (2025)******************IMDb... 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ က‌လေးသရုပ်ဆောင် Kim Kang Hoonတို့အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝနောင်တမရ‌‌စေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမားဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာချန်းဟိုဆိုတဲ့ကောင်လေးအပေါ်  စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမကဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား..မကျေနပ်ချက် ...
movie

The Match (2025)

Harbin (2024) 8.2
Harbin (2024) Harbin (2024)****************IMDb... 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူPark Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ်မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ်စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ ...
movie

Harbin (2024)

4K HEVC
Real (2017) 5.5
Real (2017) Real (2017)************ကိုးရီးယားရဲ့ နာမည်ကျော် မင်းသား Kim Soo Hyun နဲ့ မင်းသမီး Sulli တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး US$ 7 သိန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ Action ဇာတ်ကားဖြစ်ပါတယ် .. ။ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Suzy, IU , Ahn Soo He နဲ့ မင်းသား Park Seo Joon တို့ကလည်း Cameo အနေနဲ့ ပါဝင်ထားပေးပါသေးတယ်။Suzy ဆိုရင် ဆေးမှင်ကြောင်ထိုးပေးတဲ့အမျိုးသမီးအဖြစ် စက္ကန့်ပိုင်းလေး သရုပ်ဆောင်ဖို့ကို ၁၂နာရီလောက် အချိန်ကုန်ခံပြီး ယာယီတက်တူးတွေ တစ်ကိုယ်လုံးမှာ ဆေးခြယ်ပြီးမှကို သရုပ်ဆောင်ပေးခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့ .. ***********************ဂျန်ထယ်ယောင်းဆိုတဲ့ သတင်းရေးဆရာတစ်ယောက်က မူးယစ်ဆေးစွဲနေပြီး ဝေဒနာခံစား နေရတဲ့ သူ့ရဲ့ချစ်သူကို မကြည့်ရက်လို့ သတ်ပစ်မိသွားခဲ့ရာကနေ ခန္ဓာကိုယ်တစ်ခုတည်းမှာတင် စိတ်နှစ်မျိုးကွဲသွားတဲ့ ဝေဒနာလိုစတင်ခံစားလာရတယ် .. ။ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်းက နောက်ထပ်စိတ်ခွဲတစ်ခုအနေနဲ့ ပေါ်လာခဲ့ပြီး အဲဒီဝေဒနာကိုကုသဖို့ စိတ်ရောဂါဆရာဝန်နဲ့ ကုသရင်း ကြမ်းတမ်းတဲ့စိတ်ဖြစ်လိုက် နူးညံ့တဲ့စိတ်ဖြစ်သွားလိုက်နဲ့ ပြောင်းလဲနေခဲ့ပါတယ် .. ။တစ်နေ့ ...
movie

Real (2017)

Rampant (2018) 6.7
Rampant (2018) Rampant (2018)*****************ဒီတစ်​ခေါက်ဇာတ်ကားက​တော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီးသရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ အရည်အချင်းမရှိတဲ့ဘုရင်​ကြောင့် ချင်နိုင်ငံရဲ့လက်​အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်​မြောက်ဖို့ကြိုးစားနေတဲ့စစ်မက်​ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှု​ကြောင့် အိမ်​ရှေ့စံမင်းသားသေဆုံးသွားပြီးညသရဲလို့​ခေါ်တဲ့ မ​ကောင်းဆိုးဝါး​တွေ ​ရောက်ရှိလာပါ​တော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းမှာ​မွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းကအိမ်​ရှေ့စံရဲ့ ​​သေတမ်းစာ​ကို ရရှိပြီး ဂျိုဆွန်းကိုပြန်​ရောက်လာပါ​တော့တယ်။​​ရောက်​ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံ​​ရေးအဖွဲ့အပြင် ညသရဲ​တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးအိမ်​ရှေ့စံရဲ့ အ​စေခံရဲမက်နဲ့ ​​တွေ့ဆုံကာ အ​ခြေအ​နေ​တွေကို တဖြည်းဖြည်းချင်းနားလည်လာပါ​​တော့တယ်။နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေ​ကြောင့် မင်းကြီး​သေဆုံးကာနန်း​တော်တစ်ခုလုံး ညသရဲအဖြစ် ​ပြောင်းလဲသွားပြီး​ ဂျိုဆွန်းတစ်ပြည်လုံးကိုကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ ​ တာဝန်ဖြစ်လာတဲ့အခါမှာတော့...မင်းသားဂန်ရင်းက ​သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်​ပြီး ညသရဲ​တွေကိုဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကို​တော့ ဆက်လက်ကြည့်ရှုလိုက်ရ​အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : ...
movie

Rampant (2018)

War of the Arrows (2011) 7.1
War of the Arrows (2011) War of the Arrows (2011) ************************* စစ်ပွဲတွေနဲ့ အတိုက်အခိုက်တွေ ကြည့်ရတာကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က ထူးချွန်တဲ့လေးသမားအကြောင်းကို ရိုက်ကူးထားတဲ့ နန်းတွင်း အက်ရှင်ကားလေးဖြစ်တဲ့ War Of the Arrows ကို CM မှ တင်ဆက်ပေးထားပါတယ်နော် ..Cast တွေအနေနဲ့ကတော့ The Last Princess ထဲက မင်းသား Park Hae Il နဲ့ Flower of Evil ထဲက မင်းသမီး Moon Chae Won တို့အပြင် Queen Woo ထဲက မင်းသား Kim Mu Yeol , Moving ထဲက မင်းသားကြီး Ryu Seung Ryong စတဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေ အများကြီးပါဝင်ထားပြီး IMDb 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း *************** အဖေဖြစ်သူက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာ ထွက်ပြေးလာနိုင်ခဲ့တဲ့ ...
movie

War of the Arrows (2011)

Love On-Air (2012)
Love On-Air (2012) Love-On Air (2012) ******************ဒီကားလေးထဲမှာတော့ F4 မှာပါဝင်ခဲ့တဲ့ Lee Min Jung နဲ့အတူ ...The K2, The king of eternal monarch တို့မှာပါဝင်ခဲ့တဲ့ Lee Jung Jin..ပရိတ်အချစ်တော် Lee kwang soo နဲ့အတူ တခြားသော သရုပ်ဆောင်များစွာ...ပါဝင်ရိုက်ကူးထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်ဇာတ်လမ်းအညွှန်း ---------------ရှင်းဂျင်အာဆိုတဲ့ကောင်မလေးက ကိုရီးယားမှာနာမည်အကြီးဆုံး...မိန်းကလေးအဆိုတော်အဖွဲ့ Purple ရဲ့ leaderတစ်‌ယောက်ပေါ့။အကြောင်းအမျိုးမျိုးကြောင့် သူတို့ disband ဖြစ်သွားပြီးနောက်..ဂျင်အာက Wonderful radio အစီအစဉ်မှာ DJ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ ရေဒီယိုပရိုဂရမ်ရဲ့ rating တွေ ကျနေတာကို ကယ်တင်ဖို့အတွက်...အီဂျယ်ဟျော့ဆိုတဲ့ PD တစ်ယောက်အသစ်ရောက်လာပါတော့တယ်။စတွေ့ကတည်းက အကြောမတည့်ကြတဲ့ PD နဲ့ DJ တို့ကတောက်ကဆလေးတွေ စတင်လာခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျယ်ဟျော့က ဂျင်အာကို ပရိုဂရမ်အတွက် အိုင်ဒီယာအသစ်ထုတ်လာခိုင်းပါတော့တယ်။ခေါင်းစားနေရတဲ့ဂျင်အာက အမေဖြစ်သူ သီချင်းဆိုနေတာကို ...
movie

Love On-Air (2012)

The Drug King(2018) 6.0
The Drug King(2018) The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie

The Drug King(2018)

2018
Alienoid: Return to the Future (2024) 6.9
Alienoid: Return to the Future (2024) Alienoid : Return to the Future (2024)Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Fantasy, ...
movie

Alienoid: Return to the Future (2024)

2024
Alienoid (2022) 6.9
Alienoid (2022) (function(f,b,n,j,x,e){})();Aliennoid (2022)ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲအားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ- Reply 1988 ထဲက Ryu JunYeol - Our Blues ထဲက Kim Woo Bin - 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri ...
movie

Alienoid (2022)

2022
4K HEVC
Hero(2022) 7.0
Hero(2022) Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun  ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး‌နော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်‌ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie

Hero(2022)

Inside Men (2015) 7.0
Inside Men (2015) Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

Inside Men (2015)

Kingmaker (2022) 7.1
Kingmaker (2022) Kingmaker (2022)IMDb -7.1/10(သမိုင်းအကျဉ်း)တောင်ကိုရီးယားရဲ့ အာဏာရှင်စနစ်အဆုံးသတ်ချိန် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးကားတစ်ကားကို တင်ဆက်ပေးပါရစေတောင်မြောက်နှစ်နိုင်ငံ ကွဲသွားပြီးတဲ့နောက် ကိုရီးယားရဲ့ ပထမဆုံးသမ္မတ Syngman Rhee ကိုရွေးကောက်ခဲ့ပါတယ် (သူ့လက်ထက်မှာပဲ တောင်မြောက်စစ်ဖြစ်ပွားခဲ့တာပါ) အဲနောက်မှာ သမ္မတရဲ့ လုံခြုံရေးဥပဒေပြင်ဆင်မှုကို လူတွေဒေါသထွက်ခဲ့ပေမဲ့ မဲမသမာမှုလုပ်ပြီး အနိုင်ရသွားပါတယ် အဲဒါကိုမကျေနပ်တဲ့ ကျောင်းသားထုဟာ "ဧပြီတော်လှန်ရေး" ဆိုပြီး စတင်ခဲ့ပါတယ်ဧပြီတော်လှန်ရေးပြီးတဲ့နောက်မှာတော့ သမ္မတ Syngman Rhee ဟာနှုတ်ထွက်လိုက်ရပြီး အထွေထွေရွေးကောက်ပွဲကနေ ဒီမိုကရက်တစ်ပါတီဟာ အစိုးရဝန်ကြီးအဖြစ်ဆောင်ရွက်ပါတယ်ဒါပေမဲ့ ပါတီအတွင်း ပဋိပက္ခတွေဖြစ်ပြီးတော့ နောက်ဆုံး ၁၉၆၁ မေလ ၁၆ ရက်နေ့မှာ စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပါတယ်အဲလိုနဲ့ ၁၉၆၂ ထိစစ်အုပ်ချုပ်ရေးနဲ့နေလာရင်း၁၉၆၃ ခုနှစ်မှာတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာတယ်လိုဆိုရမှာပါ၁၉၆၃-၁၉၇၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့သမ္မတဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘတ်ဂျောင်ဟီ(တတိယမြောက်သမ္မတ)ပါပဲအခုထိမိတ်ဆက်ပေးတာက သမိုင်းကြောင်းပါပဲ အခုမှတကယ့် အညွှန်းရောက်လာပါပြီနော်၁၉၇၁ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ...
movie

Kingmaker (2022)

2022
Hard Hit (2021) 6.1
Hard Hit (2021)  Hard Hit (2021)အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက် ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီးCast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့ Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါဒီကားထဲမှာ ဘဝအတွက် သင်ခန်းစာယူစရာတချို့လည်းရနိုင်လို့ အက်ရှင်ကားလည်းကြည့် အနှစ်သာရ အချို့လည်းခံစားနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ...
movie

Hard Hit (2021)

2021
Seobok(2021) 8.3
Seobok(2021) Seobok(2021)အညွှန်း******************IMDb...8.3 ပထမဆုံး လူသားပုံတူဖြစ်တဲ့ "Seobok"သူ့ဘဝတစ်လျှောက်လုံး စမ်းသပ်ခန်းထဲမှာပဲ နေထိုင်ခဲ့ရပြီး အပြင်လောကကြီးအကြောင်း ဘာတစ်ခုမှမသိနားမလည်တဲ့ လူသားပုံတူကလုန်း Seobok အဖြစ် Park Bo Gum က ပါဝင်ပေးထားပါတယ်။ တရုတ်အင်ပါယာချင်လက်ထက်မှာ မသေဆေးရှာဖို့ စေလွှတ်ခံရတဲ့ Xu Fu ကို အစွဲပြုပြီး Seobok လို့ နာမည်ပေးထားတဲ့ လူသားပုံတူဟာ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ immortal တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောရိုးမကြီးထဲက ပရိုတိန်းဓာတ်တွေက လူသားတွေရဲ့ ရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းလည်း ရှိတယ်။ဒီလို အဖိုးတန်လူသားပုံတူတစ်ယောက်ကို သူ နေထိုင်လာတဲ့ စမ်းသပ်ခန်းထဲကနေ တခြားလုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါ...စုံစမ်းထောက်လှမ်းရေးအေးဂျင့်ဟောင်း "Gi Heon"အတိတ်က မတော်တဆမှုတစ်ခုကြောင့် စိတ်ကျန်းမာရေးပြဿနာတစ်ချို့အပြင် ကုသဖို့မဖြစ်နိုင်တဲ့ ရောဂါတစ်ခုကိုပါ ခံစားနေရသူအေးဂျင့်ဟောင်း Gi Heon အဖြစ် Gong Yoo က ...
movie

Seobok(2021)

Collectors (2020) 7.8
Collectors (2020) ဇာတ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ အားလုံးသဘောကျနေကြတဲ့ ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့ ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် ) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ... ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ် အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ် File Size -  1.6 GB Quality - Web-dl 1080p Subtitle - Burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie

Collectors (2020)

2020
One-Line (2017) 6
One-Line (2017) One-Line (2017) ကိုးရီးယားကားဆို Crime ဘက်သွားတဲ့ Movie တွေမှကြိုက်တဲ့ ကျွန်တော့်လိုလူတွေရှိလားဗျ ဒီလိုဆိုရင်တော့ 2017 ခုနှစ်မှာ ထွက်ရှိထားတဲ့ One-Line ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းပေးမယ်ဗျာ ဒီကားက လိမ်လည်ချေးငွေလုပ်ငန်းကို အခြေတည်ထားတာပါ Korea drama/Crime ဆိုတော့ ထုံးစံအတိုင်း ထိုးတာ ကြိတ်တာတွေကတော့ မပါမဖြစ်ပေါ့ သတ်မှတ်ချက်တွေ မပြည့်မှီတာကြောင့် ချေးငွေထုတ်ယူခွင့်မပြုတဲ့သူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုက နောင်တစ်ချိန်မှာ ဆရာကြီးဖြစ်လာမယ့် ကျောင်းသားလေးကို အလုပ်ခန့်ခဲ့တာကနေ စပါတယ် ဉာဏ်ကိုလွှာပြီး သုံးတတ်တဲ့ဆရာသမားက တစ်စစနဲ့ ဝင်ငွေတွေတိုးလာပြီး ပြသနာတစ်ခုတက်ပြီး နောက်ဆုံး သူတို့အဖွဲ့ပျက်သွားရော ​နောက်တော့ သူက သူ့လက်သူ့ခြေနဲ့ ​အဲ့ဒီအလုပ်ပဲလုပ်ပြီး ဆရာတစ်ဆူဖြစ်လာပါတယ် ဒါပေမယ့် လူကောင်းနဲ့ လူဆိုးဆိုတာ နေရာတိုင်းမှာ ဒွန်တွဲပြီးရှိနေတာပဲမလား ​ရဲတွေက သူတို့တွေကို ဖမ်းဖို့ကြိုးစားရင်း ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားရိုက်ပြထားတာမို့ ကြည့်ရှုလိုက်ကြပါဦးဗျာ Translated by : Amelia Encoded by : August
movie

One-Line (2017)

2017
Trade Your Love (2019) 5.3
Trade Your Love (2019) [Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie

Trade Your Love (2019)