Channel Myanmar

Jo Prestia

36th Precinct (2004) 7.1
36th Precinct (2004) 36th Precinct(2004)*********************IMDb...7.2,,,Rotten..100%ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလိုဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန်ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့က နာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်..၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင်တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့   Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : 2.38 GB, 709 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:51:00 Genre :  Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet
movie

36th Precinct (2004)

Femme Fatale (2002)
Femme Fatale (2002) ဟော့ဟော့ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်ပြီး ဇာတ်သိမ်းတော်တော်မိုက်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် Laure ဆိုတာ အတွင်းစိတ် ကောက်ကျစ်စဉ်းလဲတဲ့ မိန်းကလေး... သူရယ် သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရယ် ပေါင်းပြီး ပါရီမြို့က ရုပ်ရှင်ပွဲတော်တစ်ခုမှာ စိန်တွေဝတ်လာတဲ့ ဒါရိုက်တာဘေးက အမျိုးသမီးရဲ့ စိန်တွေကို ခိုးဖို့လုပ်ကြတယ်စိန်ခိုးမစ်ရှင်မှာ အလွဲတွေဖြစ်သွားတော့ ကျန်တဲ့နှစ်ယောက်ကို သစ္စာဖောက်ပြီး စိန်တွေနဲ့ လစ်ပြေးသွားတယ် ကံကောင်းချင်တော့ ပါရီမြို့က လီလီဆိုတဲ့ ကောင်မလေးနဲ့ သူ့ကိုအမှတ်မှားနေကြတဲ့အခါမှာ လီလီ့အိမ်ကို ရောက်သွားရင်း ... ဇာတ်လမ်းကို အများကြီးပြောမနေတော့ပါဘူး ဟော့ဟော့ရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရကျိုးနပ်မယ့် ရုပ်ရှင်လို့ပဲ ညွှန်းပါတယ်File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...  Mystery, Crime, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan 
movie

Femme Fatale (2002)

Crimson Rivers II: Angels of the Apocalypse (2004)
Crimson Rivers II: Angels of the Apocalypse (2004) နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒို‌နှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါFile size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Thriller ,  Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Crimson Rivers II: Angels of the Apocalypse (2004)

Calvaire (2004) 6.1
Calvaire (2004)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကိုဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီးမင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ.ဒီဇာတ်ကားဟာ Special Juary Prize, Premier AwardInternational Critics Award နဲ့ Best Film Awardစတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက်ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေးဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော်မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်းတစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ်ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ်အဖိုးကြီးကလည်း ...
movie

Calvaire (2004)

Alibi.com(2016) 6.5
Alibi.com(2016)  ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။ File size…1.96GB / 826.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ..... Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Alibi.com(2016)

The Horde (2009) 5.9
The Horde (2009) La Horde (2009) =============== ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ်ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက်သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာသူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီးမကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုစိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ..... Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Horde (2009)

The Takedown (2022) 5.7
The Takedown (2022) The Takedown (2022) ================ IMDb Rating 5.7/10အစစအရာရာမိုးနဲ့မြေ ဆီနဲ့ရေလိုကွာခြားလှတဲ့ မတည့်အတူနေ သူငယ်ချင်းရဲနှစ်ယောက်ဖြစ်တဲ့ Monge နဲ့ Diakite။ တစ်ချိန်တုန်းက တစ်ဖွဲ့တည်းအတူတူအလုပ်လုပ်ခဲ့ကြပေမယ့် အကြောင်းတစ်ခုကြောင့် တစ်ယောက်တစ်ဌာနဆီရောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရထား တစ်စီးပေါ်က လူသေအလောင်းကနေအစပြုပြီး နှစ်ယောက်သားပြန် ပေါင်းမိပြီး အမှုလိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ နဂိုကတည်းကအရာရာ မတူညီတဲ့သူတို့နှစ်ဦး အမှုကိုဘယ်လိုလိုက်ကြမှာလဲ။ ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့သူနှစ်ဦး အမှုအတူလိုက်တဲ့အခါ ဘာတွေအလွဲလွဲ အချော်ချော်တွေဖြစ်မှာလဲ စတာတွေကို ရယ်မောဖွယ်ကြည့်ရမယ့် Crime , Comedy, Drama ကားကောင်းလေးတစ်ကားပါလို့ညွှန်းပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.16 GB) / (816 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 59mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Chit Tee Encoder..........SWM
movie

The Takedown (2022)

2022
[18+] Irreversible (2002) 7.4
[18+] Irreversible (2002) IMDb Rating (7.4)အသစ်တဖန်ပြန်မလာနိုင်တော့တဲ့ ဒါမှမဟုတ် ပြန်ပြီးအစားထိုးမရနိုင်တော့တဲ့ တစ်စုံတစ်ရာကို တကယ်လို့များဆိုတဲ့ စကားလုံးနဲ့ နောက်ကြောင်းပြန်ချိန်ထိုးပြီး ကွဲပြားသွားနိုင်တဲ့အဖြစ်အပျက်တွေ၊ဘယ်တော့မှ ဖြစ်မလာနိုင်တော့တဲ့ အခြေအနေတွေကို လူတိုင်းလူတိုင်းဟာ တစ်ကြိမ်တစ်ခါမှာ စိတ်ကူးယဉ်လွမ်းဆွတ်ခဲ့ကြဖူးလိမ့်မယ်။မားကတ်စ်ဟာ အဲ့ဒီလိုပဲတွေးနေမိမယ်ဆိုတာ အသေအချာပဲဖြစ်မှာပါ။အဲ့ဒီညက သူအရမ်း အမူးလွန်မနေခဲ့ရင်၊ဆေးကွဲမနေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ချစ်ဇနီးလေးကို တစ်ယောက်တည်း ညနက်သန်းခေါင်ပြန်မလွှတ်ခဲ့ရင်၊ အဲ့ဒီပါတီကို သူတို့မသွားခဲ့ရင်၊ ဆိုတာမျိုးလောက်ဖြစ်ဖြစ်ပေါ့။ ဇာတ်လမ်းကို ဂေးကလပ်တစ်ခုမှာဖြစ်တဲ့လူသတ်မှုတစ်ခုနဲ့ စဖွင့်ထားပြီး အဲ့ဒီကနေမှ အချိန်ရဲ့အစဉ်ကို ပြောင်းပြန်ပြကွက် ဆယ့်လေးခုနဲ့တင်ဆက်ထားတာဖြစ်လို့ စလာလာချင်းအခန်းဟာ ဇာတ်သိမ်းခန်းပဲဖြစ်ပြီး နောက်ဆုံးမြင်လိုက်ရတဲ့အခန်းကတော့ ဇာတ်အဖွင့်ဖြစ်ပါတယ်။ကလပ်ထဲက ကြမ်းတမ်းပက်စက်လွန်းတဲ့လူသတ်ခန်းနဲ့မြေအောက်ဥမင်လမ်းမှာရက်ရက်စက်စက်မုဒိမ်းကျင့်တဲ့အခန်းကို ၉ မိနစ်ကြာတောက်လျှောက်ကြီးပြသွားတဲ့ ပြကွက်တို့ကြောင့် အမျိုးသမီးပရိသတ်အများစုဟာ ဆက်မခံစားနိုင်ပဲရုံထဲက ပြန်ထွက်လာခဲ့ကြတဲ့အထိဖြစ်ခဲ့ကြပါသတဲ့။ ညို့အားအကောင်းဆုံး၊ အလှဆုံး၊ ဆွဲဆောင်မှုအရှိဆုံးစသဖြင့် အကောင်းတကာ့အကောင်းဆုံးတွေရဲ့စာရင်းတွေမှာ ဆယ်စုနှစ်တွေချီအမြဲတမ်းထိပ်ဆုံးမှာပြေးနေတဲ့ မမမိုနီကာလို မင်းသမီးကို ဒီလိုကြီး နှိပ်စက်ပြသွားခဲ့တာတွေဟာ သူ့ပရိသတ် ကမ္ဘာယောက်ျားထုကြီးအတွက်လဲစိတ်နှလုံးမခိုင်ချင်စရာ ရင်နင့်စရာ မြင်ကွင်းတွေဖြစ်ပါတယ်။လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ အမျိုးသမီးတွေ၊ ပြည့်တန်ဆာ အစရှိတဲ့လူတန်းစားအလွှာပေါင်းစုံကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနှိမ်ချထားတဲ့စကားပြောတွေ၊တစ်တစ်ခွခွအဆဲတွေ၊ အပြတွေအပြင် သာမန်အချိန်မှာပြောနေတဲ့ အလ္လာပသလ္လာပစကားတွေက အစလိင်ကိစ္စတွေပဲဖြစ်သလို သရုပ်ဆောင်နှစ်ယောက်ဝတ်လစ်စားလစ်ချစ်တင်းနှောခန်းကိုလဲ ဆယ်မိနစ်ကျော်အောင်အချိန်ဆွဲပြထားတာတွေလဲပါဝင်လို့ မိသားစုကြည့်ဖို့မသင့်တော်တဲ့ကားတစ်ကားပါ။2002 Stockholm ...
movie

[18+] Irreversible (2002)