Channel Myanmar

Jo In-sung

Escape from Mogadishu (2021) 7.5
Escape from Mogadishu (2021) Escape from Mogadishu (2021)IMDb - 7.5/10ကိုရီးယား Box Office မှာ နံပါတ် တစ်နေရာကို ရက်သတ္တပတ်ပေါင်းများစွာ နေရာယူခဲ့ပြီး လက်ရှိမှာ ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေတဲ့ Escape from Mogadishu ကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ မိုဂါဒီရှူကနေ ထွက်ပြေးကြတာကို ရိုက်ထားတာပါပဲ။၁၉၉၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘယ်လိုထွက်ပြေးကြလဲ ဆိုတော့ ..... တောင် နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ သံရုံးဝန်ထမ်းတွေ ပေါင်းပြီး ထွက်ပြေးကြတာပါ။ဆိုမာလီယား နိုင်ငံ ရဲ့ မြို့တော် မိုဂါဒီရှူမှာ အာဏာရှင်အစိုးရကို မကျေနပ်တဲ့ ပြည်သူတွေကြောင့် အဓိကရုဏ်း ဖြစ်ပါတော့တယ်။ဒီကြားထဲမှာ ညပ်တာကတော့ သံရုံးဝန်ထမ်းတွေပါပဲ။ ဒီနိုင်ငံမှာ ဆက်နေရင် ဒီအဖြစ်နဲ့ ဆက်ကြုံရမယ်။ ဒီတော့ ထွက်ပြေးဖို့ လုပ်ရတာပါပဲ။ထွက်ပြေးတဲ့အချိန်မှာတော့ ..... တောင် နဲ့ မြောက် ပူးပေါင်းပြီး ထွက်ပြေးဖို့ စီစဉ်ကြတဲ့အကြောင်းပါ။မင်းသားကြီး ၃ လက် ဖြစ်တဲ့ Jo In ...
movie

Escape from Mogadishu (2021)

2021
The King(2017) 7.0
The King(2017) The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie

The King(2017)

2017
A Dirty Carnival (2006) 7.4
A Dirty Carnival (2006) A Dirty Carnival (2006)_____IMDb...7.4/10  ကိုးရီးယားရုပ်ရှင်လောကရဲ့ အထင်ကရ ဂန်းစတားကားတွေထဲမှာ ထိပ်ဆုံးစာရင်းထဲမှာ ပါနေဆဲဖြစ်တဲ့ A Dirty Carnival ဇာတ်ကားကို တောင်းဆိုသူတွေများလွန်းလို့ တင်ဆက်ပေးလိုက်ပါတယ်.... ဂန်းစတားတွေနဲ့ အာဏာရှင်တွေကြား... ဂန်းစတားတွေရဲ့ ဘဝနဲ့ အချင်းချင်းအပေါ်ထားရှိတဲ့ သစ္စာတရား... ဂန်းစတားတွေနဲ့ နိုင်ငံရေးဆက်နွယ်နေမှု... တော်တော်များများလည်း ဒီကားရဲ့ကောင်းခြင်းတွေနဲ့ အထှာကျလွန်းတဲ့ ဂန်းစတားတွေအကြောင်းကြားဖူးနေတော့ ထွေထွေထူးထူးမညွှန်းတော့ဘူး.. တစ်ခုတော့ရှိတယ်... အော်ရီဂျင်နယ်ဂန်းစတားကားကြည့်ပြီးတဲ့သူတွေအတွက်တော့ ဒီကားက အနည်းငယ်ပေါ့သလိုဖြစ်နေပါက လွန်စွာဝမ်းနည်းအားနာမိကြောင်းပြောပါရစေ... Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....    File Size : (2.49 GB) and (1 GB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:21:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae  
movie

A Dirty Carnival (2006)

2006