Channel Myanmar

Jo Hyun-wu

Cruel Winter Blues (2006) 7.0
Cruel Winter Blues (2006) Cruel Winter Blues (2006) *************************Crime ရုပ်ရှင်တွေ ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လိုက်အနေနဲ့တော့ Hope, Memoir Of A Murderer, Kill Boksoon, A Normal Family စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ လူကြိုက်များတဲ့ မင်းသားကြီး Sul Kyung Gu က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်…။ IMDb 7.0 ရှိပြီး Rotten Tomatoes ကလည်း 70% ရရှိထားပါတယ်။ဇာတ်လမ်းလေးကတော့ (Sul Kyung Gu) ဂျယ်မွန်းဆိုတဲ့ လူမိုက်က သူ့ရဲ့ဆရာနဲ့ ငယ်သူငယ်ချင်းကို သတ်သွားခဲ့တဲ့ လူမိုက်ဒယ်ရှစ်ကို ပြန်လက်စားချေတဲ့ ဇာတ်လမ်းပါ...။ဂျယ်မွန်းက လက်စားချေဖို့အတွက် လူမိုက်လောကထဲကို အသစ်ဝင်ရောက်လာတဲ့ တိုက်ကွမ်ဒိုကစားသမား ချီဂုနဲ့အတူ ဒယ်ရှစ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဂယိုဆိုတဲ့ မြို့ငယ်လေးကို ထွက်လာခဲ့ပါတယ်။လက်စားချေမယ့် အခွင့်အရေးကို စောင့်နေတုန်းမှာပဲ ဂျယ်မွန်းက ထမင်းစွပ်ပြုတ်ဆိုင် ဖွင့်ထားတဲ့ ဒယ်ရှစ်ရဲ့မိခင်နဲ့ ရင်းနှီးသွားခဲ့တယ်။ ဒယ်ရှစ်ရဲ့အမေကလည်း ဂျယ်မွန်းကို သားအရင်းတစ်ယောက်လို ပြုမူဆက်ဆံတဲ့အခါမှာ ဂျယ်မွန်းရဲ့စိတ်ထဲမှာ လက်စားချေဖို့အတွက် အကျပ်ရိုက်သွားပါတော့တယ်။ဂျယ်မွန်းနဲ့ ...
movie

Cruel Winter Blues (2006)

The Man from Nowhere (2010)
The Man from Nowhere (2010) IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie

The Man from Nowhere (2010)

The Great Battle (2018) 7
The Great Battle (2018) The Great Battle (2018)************************မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကိုအပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလိုတိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာအန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည်နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့..တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရောဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File ...
movie

The Great Battle (2018)

Hide-and-Never Seek (2016) 5
Hide-and-Never Seek (2016) Hide and Never Seek (2016)ကလေးဘဝကလူတိုင်းကစားဖူးတဲ့ တူတူပုန်းတမ်းကို Horror Version လေးတစ်ဖြတ်အနေနဲ့ ကြည့်ရှုရဦးမှာပါ။ VJ Glow ဟာ “Glow World” ဆိုတဲ့ horror channel တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။ channel ကနေ ဝင်ငွေရဖို့အတွက် သူနဲ့ Producerဘတ် တို့က ထူးခြားဆန်းပြား ခြောက်ခြားစရာcontent အသစ်တွေကို ရှာဖွေနေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ Channel ကို Video တစ်ခုပေးပို့လာခဲ့ပါတယ်။ video ထဲမှာတော့ အထက်တန်းကျောင်းသူလေး ၂ ယောက်က တစ်ယောက်တည်းတူတူပုန်းတမ်းလို့ဆိုတဲ့ ဝိဉာဉ်လောကနဲ့ဆက်သွယ်ပြီးကစားရတဲ့တူတူပုန်းတမ်းကိုကစားနေခဲ့တာပါ ။အဲဒီ video ထဲမှာရိုက်ကူးမိထားတဲ့ ခြောက်ခြားစရာအဖြစ်အပျက်ကို VJ Glow တို့တွေက စိတ်ဝင်စားသွားကြပြီး Channel မှာတင်ဆက်ဖို့အတွက် Video ထဲကအဆောက်အဦးကို ကိုယ်တိုင်သွားရောက်စူးစမ်းကြပါတော့တယ်။ အဲဒီကျိန်စာသင့်အဆောက်အဦးထဲမှာပဲ live broadcast လွှင့်ကြရင်းနဲ့ ဘယ်လို ထူးထူးဆန်းဆန်းကြောက်မက်ဖွယ်တွေဖြစ်လာမလဲ ….. Video ထဲကကျောင်းသူလေးကိုရော ကယ်တင်နိုင်မလား ….ဆိုတာတွေကို ရုပ်ရှင်တစ်ခုလုံးကို ကင်မရာနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ပုံစံအနေနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။အညွှန်း ...
movie

Hide-and-Never Seek (2016)

2016