Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jo Han-chul
7.1
Along with the Gods 2: The Last 49 Days (2018)
Along with the Gods 2: The Last 49 Days (2018)**********************************************IMDb..... 7.1 ဒီတစ်ခေါက် တင်ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok,Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေးဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ...
movie
Along with the Gods 2: The Last 49 Days (2018)
6.6
All About My Wife (2012)
All About My Wife (2012)*************************IMDb....6.6ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် မင်းသားကြီး Lee Sun Kyun ရဲ့ အိမ်ထောင်ရေး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ဒီကားလေးမှာတော့ My Mister, Parasite တို့မှ မင်းသားကြီး Lee Sun Kyun, Moving, Miracle in Cell No.7 မှ မင်းသားကြီး Ryu Seung-ryong, Search: WWW မင်းသမီး Im Soo Jung နဲ့ Asian Prince လေး Lee Kwan Soo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်လေးဟာ 2012 Blue Dragon Film Award မှာ Best Actressနဲ့ Best Supporting Actor ဆု, KOFRA Film Award Ceremony မှာ ...
movie
All About My Wife (2012)
6.1
The Treacherous (2015)
The Treacherous (2015)IMDb Rating (6.1) / Rotten Tomatoes (62%)နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kingdom မှ Ju Ji-Hoon , Wonderful World မှ Kim Kang-Woo , The Glory မှ Lim Ji Yeon နဲ့ Dare To Love Me မှ Lee Yoo-Young တို အဓက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဟောင်းလေး< The Treacherous > ကို တင်ဆက်ပေးလိုက်ပါတယ်...🔞 18+ ဇာတ်ဝင်ခန်းတွေ တော်တော်များများ ပါဝင်တာမလို့ အသက်ပြည့်ပြီးသူများသာ ကြည့်ကြဖို့ အကြံပြုပါရစေ- ဇာတ်လမ်းအကျဉ်း -ဘုရင်ယွန်းဆန်းက သူ့ရဲ့မိခင် မိဖုရားယွန်းကို မိဖုရားရာထူးကနေ ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီးနောက်မှာ ...
movie
The Treacherous (2015)
[18+] The Servant (2010)
The Servant (2010) ******************လူကြီးမင်းတို့ပိတ်ရက်မှာ အပန်းဖြေကြရအောင်လို့ အခုလို ပူပူစပ်စပ်...၁၈ယောက်အထက် စုကြည့်ရတဲ့ စပိုင်စီကားလေးကိုတင်ဆက်ပေးပါရစေ။Forbidden questဒါရိုက်တာကြီးရဲ့ နောက်လက်ရာတစ်ခုဖြစ်တဲ့ ဒီကားလေးမှာ...Parasite နဲ့ Casa Amor မှ မင်းသမီးချော Cho Yeo Jeong ကို...Kim Ju Hyeok နဲ့ Ryoo Seung Bum တို့မင်းသားနှစ်လက်နဲ့ အပြိုင်တွေ့ကြရမှာဖြစ်ပါတယ်။ကိုရီးယားရိုးရာအချစ်ပုံပြင်လေးတစ်ခုကို အမှီသဟဲပြုပြီး ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့...ဒီဇာတ်လမ်းလေးထဲမှာ...ဆင်းရဲပေမဲ့ အချစ်တွေကတော့ အဆပေါင်းများစွာ ချမ်းသာတဲ့...အစေခံကောင်လေး ဘန်ဂျာကို ဇာတ်လိုက်အနေနဲ့ ကြည့်ရူခံစားရမှာဖြစ်ပါတယ်အထက်တန်းလွှာအိမ်တော်မှ သခင်လေးမုံယောင်းရဲ့ မိန်းကလေးချွန်းညန်းကိုမှ တမ်းတမ်းစွဲမိတဲ့ ဘန်ဂျာ၊မကျော်သင့်တဲ့စည်းကို ကျော်လိုက်မိတဲ့ သူတို့တွေ၊ ပူပြင်းတောက်လောင်နေတဲ့ အချစ်တွေ...လိုချင်ရမ္မက်တွေနဲ့မတူဘဲ မထင်မှတ်ထားတဲ့ဇာတ်သိမ်းပိုင်းကြောင့်...ကြည့်ရူသူများ ရင်ထဲတစ်ခုခုကျန်ခဲ့မှာ အသေအချာပဲမို့ လက်မလွှတ်သင့်ပါဘူးနော်။ File size… 3.55GB / 1001MB Quality…WEB-DL 1080p 720p Genres: Historical, Comedy, Romance, Drama Duration: 2 ...
movie
[18+] The Servant (2010)
6.7
Couples (2011)
Couples (2011)*****************ဒီတစ်ခါမှာတော့ Lee Si Young၊ Lee Yoon Ji၊ Ki Joo Hyuk၊ Oh Jung Se နဲ့Gong Hyun Jin တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီးအပန်းပြေစေမဲ့ Rom-com movie လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။-ဇာတ်လမ်းအကျဉ်း-ချစ်ရသူအတွက် ချေးငွေပါထုတ်ပြီး အိမ်ဝယ်ပေး လိုချင်တာဖြည့်ဆည်းပေးခဲ့တဲ့ယူဆော့တစ်ယောက် သူပြန်ရလိုက်တာကတော့ သူ့ချစ်သူဆီကမက်ဆေ့လေးတစ်စောင်နဲ့ ပျောက်ချင်းမလှ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ပျောက်သွားတဲ့ချစ်သူကို သူငယ်ချင်းဖြစ်သူ ဘို့နမ်ရဲ့ အကူအညီနဲ့ လိုက်ရှာနေတုန်းပဟေဠိဆန်တဲ့ ရဲမေလေး အယ်ယွန်းနဲ့ အမှတ်မထင် သိကျွမ်းပြီး ယူဆော့လည်းအယ်ယွန်းအပေါ် စိတ်ဝင်စားမှုဖြစ်လာတဲ့အခါမှာတော့ သူ့ကိုထားသွားတဲ့ချစ်သူဟောင်း နာရီပြန်ပေါ်လာသလို နာရီဟာလည်း သူထင်သလို ဖြူစင်တဲ့ကောင်မလေးမဟုတ်ဘဲ သိုက်တူးသမလေး ဖြစ်နေတဲ့အခါ...နာရီ သူ့ဆီကိုပြန်လာရတဲ့အကြောင်းကလည်း သိုက်တူးရင်း လူမိုက်ဂိုဏ်းခေါင်းဆောင်နဲ့မှားယွင်းပတ်သက်မိတာ ဖြစ်နေတဲ့အခါမှာတော့.. သူတို့ ၅ယောက် ဘယ်လိုဖြစ်ကြမလဲ..ဘယ်ကစပြီး သူတို့ရဲ့ ရေစက်တွေက မှားယွင်းနေတာလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးပါဦးနော်။ File ...
movie
Couples (2011)
7.4
The Wailing(2016)
The Wailing(2016)*****************Exhuma 2024 သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie
The Wailing(2016)
5.9
My Name Is Loh Kiwan (2024)
My Name is Loh Kiwan (2024)အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့ “My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ်ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့ ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ် မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့ မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ်ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ သူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie
My Name Is Loh Kiwan (2024)
2024
8.8
Believer 2 (2023)
Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie
Believer 2 (2023)
2023
7.1
The Moon(2023)
The Moon(2023)**************** ဒီကားဟာ BO ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိခဲ့တဲ့ ရုံကားဖြစ်ပါတယ်....ဘက်ဂျက်တွေအများကြီးသုံးခဲ့ပြီးCGI တွေလည်း တော်တော်ကိုကောင်းမွန်ပါတယ် ..ပြသချိန် ၂နာရီကျော်အတွင်းလုံးဝပျင်းစရာမကောင်းဘဲ စ/ဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်...ကိုရီးယားတွေဟာလကမ္ဘာကိုတက်ဖို့ ကြိုးစားခဲ့တုန်းက ပျက်စီးမှုတွေများပြားလွန်းတဲ့အပြင်ပါသွားတဲ့အာကာသယာဉ်မှူး ၃ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်...ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့အာကာသအဖွဲ့ဝင်တွေနိုင်ငံကနေ ထုတ်ပယ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်..သို့ပေမဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာလက်မလျှော့ခဲ့ပါဘူး...စမ်းသပ်မှုအကြိမ်ကြိမ်ကနေအမှန်တွေပြင်ဆင်ရင်း အထူးအာကာသယာဉ်မှူး(၃)ယောက်နဲ့ လကမ္ဘာပေါ်ကိုထပ်မံခြေချဖို့ကြိုးစားပါတော့တယ်...သူတို့အောင်မြင်မလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ .....A List သရုပ်ဆောင်တွေချည်းပါတဲ့အပြင် imdb ရော အခြားကောင်းမွန်တဲ့ review တွေကြောင့်ထွေထူးတော့မညွှန်းတော့ပါဘူး...File size… 2.4GB & 0.9GB Quality…WEB-DL 1080p & 720p Format…mp4 Duration….2hr 09min Genre ….. Sci-Fi, Adventure ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Tiff, Hnin Wai Oo, Stary & Treasure Htet
movie
The Moon(2023)
6.2
The Pension (2018)
The Pension (2018)ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာ ဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!!ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။ “လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း “လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
The Pension (2018)
2018
Horror Stories 3 (2016)
Horror Stories III (2016)IMDb - 5.3/10******************************************ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။"ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်......အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။2016 ခုနှစ်က ထွက်ခဲ့တဲ့ ...
movie
Horror Stories 3 (2016)
2016
7
Three Sisters (2021)
Three Sisters (2021)IMDb - 7/10 MDL Stars - 7.5/10Buil Film Awards - Best Supporting Actress ( Kim Sun Young ) Baek Sang Art Awards - Best Supporting Actress ( Kim Sun Young )ဆုနှစ်ဆု အပိုင်သိမ်းခဲ့ပြီးတော့ တစ်ကြိုစာရင်း ၉ ကြိမ်ဝင်ခဲ့တဲ့ ကိုရီးယား ဒရာမာ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ညီအစ်မ ၃ ယောက်ဆိုတဲ့ နာမည်အတိုင်း ညီအစ်မ ၃ ယောက်ရဲ့ဇာတ်လမ်းပါပဲ။ကျေးလက်မှာ မွေးဖွားပြီး မြို့ပြမှာ ကြီးပြင်းခဲ့တဲ့ ညီအစ်မ ၃ ယောက် ကိုယ့်အကြောင်းကိစ္စတွေနဲ့ မဆုံဖြစ်၊ မဆုံနိုင်ကြတာ တစ်နေ့မှာတော့ အဖေ့မွေးနေ့မှာ ဆုံဖြစ်ကြတဲ့အခါမှာတော့ .....ဇာတ်လမ်းတင်ပြပုံက ရိုးရှင်းသလောက် ဒရာမာ ပီသလောက်အောင် တင်ပြပုံက တော်တော်ကောင်းပါတယ်။ ရုပ်ရှင်ဆုရကားရယ်လို့ မပြောရပါဘူး။မင်းသမီးကြီးတွေကလည်း ...
movie
Three Sisters (2021)
6.8
New Year Blues (2021)
New Year Blues(2021)လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲအသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်ဆိုတော့ဗျာ .....ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျအစကတော့ နှစ်ယောက်သားချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာမယ့်ပြသနာတွေကိုနှစ်ယောက်လုံးဖြေရှင်းနိုင်ဖို့လည်း လိုသေးတယ်သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာအချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူကကိုယ့်အတွက် right person မဟုတ်ပေမယ့်တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူကကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ .....မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်သရုပ်ဆောင်ထားတဲ့သူတွေကလည်း ကောင်းလားမကောင်းလားဆိုတာပိုစတာကြည့်ရုံနဲ့ ညွှန်းစရာတောင်မလိုလောက်ဘူးလို့ ထင်ပါတယ်ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျCinematography လှတယ် .....မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာတော်တော်လေးကို sweet ဖြစ်ပြီး .....Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ ...
movie
New Year Blues (2021)
2021
7.3
The Day I Died: Unclosed Case (2020)
The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie
The Day I Died: Unclosed Case (2020)
2020
7.3
Romang(2019)
Romang(2019)အရမ်းကောင်းတဲ့ မိသားစု ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် IMDB 7.3 ရရှိထားတဲ့ ဇာတ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ်ထင်ပါတယ် ဇတ်လမ်းအကျဥ္း ဂျိုနမ်ဘုံးကတော့ အသက် ၇၅ နှစ်အရွယ် taxi မောင်းတဲ့ အဘိုးတစ်ယောက်ပါ သူ့မိန်းမကတော့ လီမယ်ဂျာဖြစ်ပြီး အသက် ၇၁ နှစ်ပါ PhD ဘွဲ့ရသားတစ်ယောက်ရှိပေမယ့် အလုပ်အကိုင် မယ်မယ်ရရမရှိ မိန်းမရှာကျွေးတာကို ထိုင်စားနေတာပါ ဂျိုနမ်ဘုံးဟာ တစ်သက်လုံး မိန်းမအပေါ် အနိုင်ယူ ဆဲဆိုလာခဲ့တာပါ ငယ်စဥ်ကတော့ အတူတူအသက်ကြီးတဲ့အထိ ဂရုစိုက်သွားမယ်ဆိုပြီး အသက်ကြီးလာတော့ အပြောနဲ့ အလုပ်တခြားစီဖြစ်ခဲ့ပါတယ် ဒါပေမယ့် အဘိုးအဘွား ၂ယောက်ဟာ မထင်ထားတဲ့ ကံဆိုးမှုကို ရင်ဆိုင်ရတဲ့ အခါမှာတော့...File Size :(890 MB) and (393 MB) Quality : FHDRip 720p Format…mp4 Duration…01:52:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo ...
movie
Romang(2019)
5.7
Horror Stories (2012)
movie
Horror Stories (2012)
6.3
Honest Candidate (2020)
movie
Honest Candidate (2020)
6.5
Black Money(2019)
Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie
Black Money(2019)
6.5
Finding Mr. Destiny (2010)
[Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie
Finding Mr. Destiny (2010)
6.5
Ashfall (2019)
ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေ အတွက်ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။ IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71% အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက် အမိုက်စား Action/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် ...
movie
Ashfall (2019)
2020
1
2
Next