Channel Myanmar

Jitendra Joshi

Agni (2024)
Agni (2024) Agni (2024) "သတိနဲ့တိုးမဲ့ ပိုးဖလံများ"ရှာရွတ်ခန်းရဲ့ Raees (2017)ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ ရာဟူးဒိုလာ့ခ်ကီယာရဲ့ ရုပ်ရှင်အသစ်။ မီးသတ်ရဲဘော်တွေကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ဇာတ်လမ်း။မွမ်ဘိုင်းမှာ ထူးဆန်းတဲ့ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပါတယ်။ဗစ်တယ်ကတော့ မီးလောင်မှုတွေကြောင့် အိမ်တောင်မပြန်နိုင်ဘဲ သားပစ်မယားပစ်နဲ့ မီးသတ်စခန်းမှာပဲ အနေများနေရသူ မီးသတ်တပ်စုမှူးတစ်ယောက်။သားဖြစ်သူက မီးသတ်ရဲဘော်အဖေဖြစ်သူကို အထင်မကြီး၊ ဦးလေးဖြစ်သူ နာမည်ကျော်အင်စပက်တာကြီးကိုပဲ လူစွမ်းကောင်းထင်တဲ့သူ။ ဇနီးဖြစ်သူကလည်း ယောကျ်ားဖြစ်သူကို မပြောရက်ပေမဲ့ အနားမှာ နေစေချင်သူ။ဒါပေမဲ့လည်း ဗစ်တယ်ကတော့ သူ့အသက်ကိုစွန့်စားရင်း မီးလျှံတွေကြားမှာ အသက်ပေါင်းများစွာကို ကယ်ဆယ်နေခဲ့တာပေါ့။ဒါပေမဲ့ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ ထူးဆန်းတဲ့မီးလောင်မှုတွေကို မသင်္ကာတဲ့အတွက် ယောက်ဖဖြစ်သူ အင်စပက်တာကြီးအာမစ်နဲ့ ပူးပေါင်း အဖြေရှာကြတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.95 GB / 1.05 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Agni (2024)

Ulajh (2024) 7.4
Ulajh (2024) Ulajh (2024) "အာဂမိန်းကလေး"အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ spy-thriller ရုပ်ရှင်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဒီထဲမှာ မင်းသမီး SriDevi ရဲ့သမီး Janhvi Kapoor က ရဲရင့်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဆူဟာနာဟာ ဂုဏ်သရေရှိနိုင်ငံရေးမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ခြေရာနင်းကာ သံတမန်ရေးရာကျွမ်းကျင်လိမ္မာသူအမျိုးသမီးပါအိန္ဒိယနိုင်ငံရဲ့ အသက်အငယ်ဆုံးသော လက်ထောက်သံအမတ်ဖြစ်လာခဲ့ပြီး ဗြိတိန်ကိုသွားရောက်ရမှာပါ ဒါကို ဂုဏ်ပြုသူတွေလည်းရှိသလို မိသားစုအရှိန်အဝါကြီးလွန်းတာကြောင့် ဒီနေရာရတယ်လို့ ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိနေပါတယ်ချစ်သူကလည်း အချိန်မပေးနိုင်လို့ သစ္စာဖောက်သွားခဲ့ပြီး အမေကိုယ်တိုင်က သူ့သမီးလေးကို အလုပ်နဲ့လက်ထပ်ရတဲ့ဘဝမျိုး မရောက်စေချင်လို့ ဒီရာထူးကို သဘောမကျဘဲရှိပါတယ်ဒါတွေအားလုံးကို တွန်းလှန်လို့ အမျိုးသမီးငယ်လေးတစ်ယောက် သက်သေပြနိုင်မှာလား ဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေ ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မှာလဲ ပရိသတ်ကြီးရှုစားအားပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Alex ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ် File size… 2.1 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar ...
movie

Ulajh (2024)

Naal 2 (2023) 8.3
Naal 2 (2023) Naal 2 (2023) "နှောင်ကြိုး ၂" IMDb - 8.3/10လတ်တလော တောင်းဆိုမှုအများဆုံးဇာတ်ကားဖြစ်ပြီး IMDbကအစ မိမိုက်နေတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်က ၂၀၁၉ခုနစ်မှာကျင်းပတဲ့ ၆၆ကြိမ်မြောက်ရုပ်ရှင်ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ Naal(2018)ရဲ့ အဆက်ပေါ့။ အဆက်ဆိုပေမဲ့ သူ့ချည်းပဲ ကြည့်လို့ရတဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ချိုင်တယာတို့မိသားစုက ရွေးကောက်ပွဲနီးလို့ ဇာတိရွာဆီကို ပြန်လာကြပါတယ်။ အဖေဖြစ်သူက ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတစ်ယောက်ပေါ့။ရွာဓလေ့အတိုင်း အမျိုးတွေ လက်ညှိုးထိုးမလွဲဆိုတော့ ချိုင်တယာတစ်ယောက် ကလေးပီပီပျော်ရပါရောလား။ ချန်မ်နီဆိုတဲ့ ကလေးမလေးကို ချိုင်တယာတစ်ယောက် သူ့ညီမလေးအရင်းလို တုန်နေအောင်ချစ်မိသွားပါရော။ကလေးမလေး အိပ်နေရင်တောင် ဘေးကတစ်စိမ့်စိမ့်ထိုင်ကြည့်နေမိတဲ့ ချစ်မိတဲ့ အစ်ကိုတစ်ယောက်ရဲ့ ၅၂၈မေတ္တာတွေနဲ့ပေါ့။ချန်မ်နီလေးကတော့ သူ့အစ်ကိုအရင်း မာနီကလွဲရင် ချိုင်တယာလေးကို အဖက်တောင်မလုပ်။ ဒီလိုကလေးတွေကြားက ဖြူစင်တဲ့မေတ္တာလေးတွေရဲ့တစ်ဖက်မှာ ချိုင်တယာ့အဖေဖြစ်သူက မိသားစုမှာအစ်ကိုကြီးဖြစ်နေတော့အမွေကိစ္စတွေ ရှုပ်ထွေးလာပါတော့တယ်။မောင်နှမအရင်းမဟုတ်ပဲ မောင်နှမအရင်းအချာလို ဖြူစင်စွာနဲ့ သဲသဲလှုပ်ချစ်မိတဲ့ ချိုင်တယာရယ် မောင်နှမအရင်းတွေတန်မဲ့ အမွေတွေလုရင်း ပြဿနာတွေတက်ရတဲ့ အဖေဖြစ်သူတို့ကြားက ပြဿနာများစွာကို ကြည့်ရှုခံစားရမှာပါ။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်) File size…2.3GB / 1.2GB Quality…WEB DL ...
movie

Naal 2 (2023)

2023
Ved(2022) 7.5
Ved(2022) Ved (2023)IMDb-7.6/102022 December 30 မှာထွက်ရှိခဲ့တဲ့ ဒီကားလေးက 75ကုဋေအမြတ်ပြန်ရမှုနဲ့အတူ 2022 ရဲ့အအောင်မြင်ဆုံးမရာထီပြောရုပ်ရှင်ဖြစ်ပြီး ထွက်ရှိဖူးသမျှမရာထီရုပ်ရှင်တွေရဲ့ ရုံတင်ငွေတတိယအများဆုံးရရှိထားတဲ့ကားလည်းဖြစ်ပါတယ် Rushikesh Turai ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားပြီး ချစ်ဇနီး Genelia D'Souza ကလည်း တွဲဖက်ညီညီသရုပ်ဆောင်ထားတဲ့ကားပါ လူပျိုကြီး စယ်လ်မန်ခန်းကလည်း guest အနေနဲ့ တစ်ဖြတ်တစ်ကဒ်ပါ၀င်ထားပါသေးတယ်ဇာတ်လမ်းအညွှန်းဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာ ယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေ ချက်ချင်းရလဒ်တွေပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့အစပျိုးထားပါတယ်ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါ ခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ် အရာရာပြည့်စုံမနေတဲ့လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲ အညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင်ဒီအချစ်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲ ခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင်ဆက်မဆော့တော့တဲ့ထိ ဘာကြောင့်များပြောင်းလဲသွားရလဲအချစ်သီချင်းလေးတွေ စုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါဒီ Ved ထဲမှာတော့ အချစ်ဆိုတာ ပင်လယ်ဒီရေနဲ့တူတယ် တစ်ခါတစ်လေ မြင့်တက်ပြီးတစ်ခါတစ်လေ နိမ့်ကျတတ်တယ်တဲ့ CM ပရိသတ်ကြီးအတွက်ရော အချစ်ကဘာနဲ့တူပါသလဲ File size…2.77GB / 1.16GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San~Khin Khin
movie

Ved(2022)

2022
Thar (2022) 6.1
Thar (2022) Thar (2022) ===================== Imdb 6.2 / 1.2k၁၉၈၀ ပြည့်နှစ် အနောက်တိုင်း thriller အမျိုးအစား ရုပ်ရှင်ကို ပြန်လည် ခံစားသက်ဝင်ရိုက်ကူးထားပြီး ၂၀၂၂ Netflix မှ အသစ်စက်စက်ထွက်ရှိထားတဲ့ Thar ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ...ဇာတ်ကားလေးကိုတော့ ရာဂျက်စ်သန် နယ်စပ်နား မူနာဘာအို ရွာလေးကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဆူရေခါဆင်းကတော့ မူနာဘာအိုရွာလေးမှာ အကြာကြီး တာဝန်ထမ်းဆောင်လာခဲ့ပြီး လပိုင်းအတွင်းမှာ အငြိမ်းစားယူတော့မယ့် အင်စပတ်တာ တစ်ယောက်ပါ။သူ တာဝန်ထမ်းဆောင်လာခဲ့တဲ့ နယ်မြေလေးဟာ အေးချမ်းလွန်းပြီး အမှုအခင်းဆိုလို့ ရန်ပွဲလောက်ကလွဲရင် ကျန်တာ မရှိတဲ့နေရာလေးပါ တစ်နေ့မှာတော့ အဲဒီနယ်မြေမှာ အိမ်တစ်အိမ်ကို ဂိုဏ်းတစ်ခုက ဝင်ရောက်လုယက်ပြီး အိမ်သားတွေကို သတ်ဖြတ်ကာ ပစ္စည်းဥစ္စာတွေကိုပါ ယူသွားပါတော့တယ်။အဲဒီအမှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဆူဗာလို့ခေါ်တဲ့ ရွာသားတစ်ယောက် ရက်ရက်စက်စက်နှိပ်စက်ပြီး သတ်ခံရပြန်ပါတယ်။ အင်စပတ်တာ ဆူရေခါဆင်းတစ်ယောက် ဒီအဖြစ်အပျက်တွေ စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားနေချိန် ဆစ်ဒါလို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးသမားတစ်ယောက်ဟာ မူနာဘာအိုရွာလေးကို အလုပ်သမားရှာဖို့ ရောက်လာခဲ့ပါတယ်လူသတ်မှုတွေကို ဖြေရှင်းဖို့ ...
movie

Thar (2022)

Natsamrat(2016) 9.2
Natsamrat(2016) Natsamrat(2016)IMDb....9.2ကုလားကားကြိုက်သူတွေအတွက် Rating မြင့် ပညာပေးကားကြီးလာပါပြီဗျား...ဘဝဆိုတာ တိုတောင်းပါတယ်။ ဒီတိုတောင်းပါတယ်ဆိုတဲ့ ဘဝထဲမှာပဲ အချိန်တွေဆိုတာ တိုင်းတာရအတော်ခက်ပါတယ်။ ဘဝတွေမှာ တည်ဆောက်သမျှ အရာရာဟာ ခိုင်မာလာဖို့ အချိန်သာလိုကြောင်း သိရှိခဲ့ပြီးတဲ့နောက်မှာလည်း အရာရာဟာ ဝေးလွင့်ပျက်ပြယ်ခြင်းအလို့ငှါ အချိန်ကိုသာပဲ လိုလေကြောင်းလည်း နားလည်ခဲ့ရတယ်။ ဒီဇာတ်လမ်းလေးက တစ်ဘဝလုံးတည်ဆောက်ခဲ့သမျှကို သားသမီးတွေကို မျက်ကန်းယုံမှတ်ခဲ့လို့.... ထင်ပေါ်ကျော်ကြားခဲ့ပါတဲ့ ပြဇာတ်တို့ရဲ့ဘုရင် ဘဝကနေ သူတောင်းစားသာသာ ဘဝရောက်သွားခဲ့တဲ့ လူတစ်ယောက်အကြောင်းပါ။ဒီအဖြစ်အပျက်ကလေးက ဟိုးငယ်ငယ်တုန်းက ကုဋ္ဌေရှစ်ဆယ်သူဋ္ဌေးဘဝကနေ သူတောင်းစားဖြစ်သွားခဲ့ကောင်လေးလိုပါပဲ။ သို့ပေမဲ့ ဒီလူကတော့ အဖေတစ်ယောက်ပေါ့။ ထပ်ပေါင်းပြောရရင် လူကောင်းတစ်ယောက်ပေါ့။ လူတွေရဲ့ ပေတံတွေမှာ ခင်ဗျားရဲ့ တကယ့်စိတ်က ဘယ်လိုပဲကောင်းမွန်နေပါစေ.... အပြောအဆို အပြုအမူ ရုပ်ဟန်တွေဟာ အပေါ်ယံတွေပါဆိုဆိုကြလည်း ဒီလိုအရာတွေနဲ့ လူတွေက ခင်ဗျားကို တိုင်းတာကြမှာပါပဲ။ အဝေးကြီးမတွေးပါနဲ့...ခင်ဗျားရဲ့မိဘ ခင်ဗျားရဲ့သားသမီး ခင်ဗျားရဲ့ချစ်သူတွေကတောင် ဒီပေတံနဲ့ပဲ တိုင်းတာကြဦးမှာပါ။ ဒီဇာတ်လမ်းက အဲ့ဒီလိုအတိုင်းတာခံခဲ့ရတဲ့ လူတစ်ယောက်အကြောင်းဆိုလည်း ဟုတ်ပါတယ်။ အဖေတစ်ယောက် အဘိုးတစ်ယောက်ရဲ့ ဆန်ရေတို့ အကြောင်းကို မိဘမဖြစ်ဖူးတဲ့ ကျွန်တော်သိပ်လည်း မပြောပြတတ်ပါဘူး။ သူ့စိတ်သဘောကို ကျွန်တော် ခံစားရသလိုရေးချပြရမယ်ဆိုရင်တော့... " ပေးအပ်ရန် တစ်စုံတစ်ရာမရှိပါကလည်း မရှိခြင်းကို ပေးအပ်ချင်ပါသေး၏။ ခံယူသူ အလို့ငှါ ဘယ်သို့ဘယ်ပုံ သေးငယ်မည်နည်းကို ကျွန်တော် မသိတတ်နိုင်ပါ။ ကျွန်တော့်ကမ္ဘာ၏ ဆယ်ဖို့တစ်ဖို့ကိုသာ နေ့ဖို့ညစာ ချန်ခဲ့ပါ၏။" လို့ပဲ ဆိုရမည်ပေါ့။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေကြ မိဘနဲ့သားသမီးကြားက အရိုးရှင်းဆုံးအဖြစ်အပျက်တွေကိုပဲ... အနက်ရှိုင်းဆုံး ခံစားချက်တွေနဲ့ ခံစားသက်ဝင်ကြည့်လိုက်ကြပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aung ပဲဖြစ်ပါတယ်။File ...
movie

Natsamrat(2016)

2016
The Attacks Of 26/11 (2013) 6.9
The Attacks Of 26/11 (2013) The Attacks Of 26/11 (2013)_____IMDb - 6.9/10    The Attacks of 26/11 ဒီဇာတ်ကားလေးကတော့ IMDb rating 6.9 ရရှိထားပြီး 2008 ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခတ်မှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံသားတွေအနေနဲ့ 9/11 လိုမျိုး 26/11 လို့ခေါ်ဝေါ်ကြပြီးတော့ ယနေ့ထက်တိုင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ကြဆဲပါ။ အကြမ်းဖက်အဖွဲ့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်(၁၀)ဦးနဲ့ အိန္ဒိယအထင်ကရ(၁၂)နေရာကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ(၁၆၄)ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကားက အဲဒီဖြစ်ရပ်မှန်ကို Documentary Film အဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ဘာသာရေး အသုံးချမှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာတွေ့ရမှာပါ သင်ခန်းစာတွေ တွေးတောဆင်ခြင်စရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လုံးဝကို လက်လွတ်မခံသင့်ပါကြောင်းလို့ ပြောပါရစေ။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung    File Size   ...
movie

The Attacks Of 26/11 (2013)

2013