Channel Myanmar

Jishnu Sreekumar

Alappuzha Gymkhana (2025) 7.1
Alappuzha Gymkhana (2025) Alappuzha Gymkhana (2025)"အာလာပူဇာ အားကစားရုံ" ==============================================ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / ...
movie

Alappuzha Gymkhana (2025)

Little Miss Rawther (2023) 7.9
Little Miss Rawther (2023) Little Miss Rawther (2023)"အချစ်ရူးမလေး မိရော်သာ" =======================================IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Little Miss Rawther (2023)

2023
Hridayam (2022) 8.8
Hridayam (2022) Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie

Hridayam (2022)

4K HEVC Web-DL