Channel Myanmar

Jim Sturgess

Geostorm (2017) 5.6
Geostorm (2017)  ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ်ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်....ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်... Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.3 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော်ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ...
movie

Geostorm (2017)

2017
4K HEVC
Spike Island (2012) 6.3
Spike Island (2012) Spike Island (2012)*************************အားလုံးသိကြတဲ့ နဂါးမေမေ Emilia Clarke ပါဝင်ထားတဲ့The Stone Roses bandရဲ့ Spike Island ဖျော်ဖြေပွဲအကြောင်း ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ The Stone Roses ဆိုတာကတော့ 1980s နဲ့1990s ခုနှစ်များမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မန်ချက်စတာ အခြေစိုက်Rock band တစ်ခုပဲဖြစ်ပါတယ်။ 1990ခုနှစ် မေလမှာကျင်းပခဲ့တဲ့ The Stone Rosesရဲ့Spike Island ဖျော်ဖြေပွဲဟာ လာရောက်ကြည့်ရှုသူ 28,000 ကျော်တောင်ရှိခဲ့ပြီးBritish ဂီတ သမိုင်းမှာ ပြောစမှတ်တွင်စရာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားထဲက Gary Titchfield နဲ့သူ့ရဲ့ဘော်ဒါတစ်အုပ်ဟာ The Stone Roses band ကိုအရမ်းသဘောကျကြပြီး သူတို့ကိုယ်တိုင်လည်း Shadow Casterဆိုတဲ့ Bandတစ်ခုထောင်ထားကြပါတယ်။ သူတို့နေတဲ့ Red Bricksနဲ့ သိပ်မလှမ်းတဲ့ Widnes မှာThe Stone Roses ...
movie

Spike Island (2012)

Apartment 7A (2024) 5.8
Apartment 7A (2024) Apartment 7A (2024)နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary's Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary's Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary's Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary's Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။Rosemary's Baby ...
movie

Apartment 7A (2024)

2024
4K HEVC
Across the Universe (2007) 7.3
Across the Universe (2007) ဒီတခေါက်တင်ဆက်ပေးမှာကတော့The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်းJohn Lennon နဲ့ Paul McCartney တို့ရေးထားတာကို ယူထားတာပါတကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကိုThe Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါThe Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ်၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်ကဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ်The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီးသီချင်းတွေကို ခံစားစီးမျောနိုင်မှာပါIMDB rating ကလည်း 7.3 တောင် ရထားတာမို့ကြည့်ရှုကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာသူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကိုစိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက်သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့တရားမဝင်ခိုးလိုက်လာခဲ့ပါတယ်ဟိုရောက်တော့ ...
movie

Across the Universe (2007)

4K HEVC
The Other Boleyn Girl (2008) 6.7
The Other Boleyn Girl (2008) ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီးIMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီးမြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီးနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာစိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေကတကယ်အံ့ဩ‌ဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့်လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်‌နော်။ File size…      2.2 GB /    1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

The Other Boleyn Girl (2008)

Crossing Over (2009)
Crossing Over (2009) ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama  Subtitle….Myanmar ...
movie

Crossing Over (2009)

The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

One Day (2011) 7
One Day (2011) One Day (2011)~ IMDb rating - 7/10 ~One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ...
movie

One Day (2011)

2011
Rare Objects(2023) 6.0
Rare Objects(2023) Rare Objects(2023)******************ဂျပန်လက်မှုပညာထဲမှာ Kintsugiဆိုတဲ့ ပျက်ဆီးကျကွဲသွားတဲ့ အိုးခွက်လေးတွေကိုရွှေနဲ့ပြန်ပြုပြင်တဲ့ နည်းပညာတစ်မျိုးရှိပါတယ်။ ဒီအက်ရာတွေ ကျိုးပဲ့ရာတွေ၊ပြုပြင်ထားတာတွေကြောင့် အရာဝတ္ထုတစ်ခုရဲ့ ပင်ကိုယ်ဘဝတစ်ခုဖြစ်လာတယ်လို့ယုံကြည်ကြပါတယ်။ တစ်နည်းပြောရရင် အရာဝတ္ထုတစ်ခုဟာ ကျိုးပဲ့သွားလို့ ပိုလှပတန်ဖိုးတက်လာတာပါတဲ့။ အခုဇာတ်ကားလေးဟာ ဒီအဓိပ္ပာယ်လေးနဲ့ပါပဲ။ ကျောင်းတက်ဆဲအမျိုးသမီးငယ်တစ်ဦးဟာ ဆိုးဝါးလွန်းတဲ့ဘဝအချိုးအကွေ့တစ်ခုကြောင့် ပျက်ဆီးကြေကွဲနေသူပါ။ တစ်ညတာ အဖြစ်ဆိုးကြောင့် စိတ်ဓာတ်တွေကျ ကိုယ်ဝန်ဖျက်ချခဲ့ရပြီး ပြန်နာလံထူအောင်ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုယ်သူပြန်တည်ဆောက်နိုင်အောင် ကျောင်းနား၊ အမေ့ကိုအိမ်ကိုပြန်လာနေရင်းနဲ့ပဲ ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ခုမှာ အလုပ်ရသွားပါတယ်။ ဒီဆိုင်လေးမှာ အလုပ်လုပ်ရင်းနဲ့စစ်မှန်တဲ့လောက အလှတရားကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့....File Size : (2.9GB) and (884MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Rare Objects(2023)

The Best Offer(2013) 7.8
The Best Offer(2013) The Best Offer(2013)==================The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss ...
movie

The Best Offer(2013)

Alone Together (2022) 5.1
Alone Together (2022) Alone Together (2022)ကိုဗစ်ကာလတွင်းက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ကိုဗစ်တွေစဖြစ်တော့ လမ်းတွေ အကုန် ဗလာကျင်းသွားတာကိုတောင် သွားသတိရမိပါသေးတယ်။ အလုပ်တွေပိတ်၊ ဆိုင်တွေ ပိတ်၊ လမ်းပေါ်မှာ ဘယ်သူမှမရှိ။ တစ်ကမ္ဘာလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတာကို မှတ်မိကြမှာပါ။ စားဖို့သောက်ဖို့ကို ဖွင့်တဲ့ဆိုင် ပတ်ရှာရတာလည်း အမော။ ဒီကြားထဲ ကမ္ဘာပဲပျက်တော့မလိုလို ဇွန်ဘီးတွေ ဖြစ်တော့မလို ပေါက်တတ်ကရပြောကြတဲ့လူတွေကရှိသေး။ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုဗစ်ရောဂါကို တာဝန်သိသိ ဂရုစိုက်ပြီး အနိုင်ယူနိုင်တော့မယ့် အနေအထားကို ရောက်လာပြီဆိုတော့ တစ်ရန်အေးရတာပေါ့။ ဒီဇာတ်လမ်းလေးက ကိုဗစ်ကာလမှာ ရောဂါရှောင်ဖို့ လူနေကျဲပါးတဲ့နေရာကို သတင်းစာမှာ အစားအသောက် အညွှန်းရေးတဲ့ သတင်းထောက်မလေးတစ်ယောက် သွားရာက စပါတယ်။သူငှားထားတဲ့ အိမ်ပိုင်ရှင်လင်မယားက နားလည်မှုလွဲပြီး တခြားသူတစ်ယောက်ကိုပါ ငှားထားမိပါတယ်။ သတင်းထောက်မလေးနဲ့ တူတူလိုက်လာမယ့် သူ့ကောင်လေးကလည်း စီစဉ်မထားဘဲ မိဘအိမ်ကို ပြန်သွားတော့ သူ့ခမျာ နေစရာမရှိတဲ့ ဒုက္ခတွေ့ရတော့မယ့်အချိန်မှာ အရင်ရောက်နေတဲ့ သဘောကောင်းတဲ့ ကိုလူစိမ်းက ...
movie

Alone Together (2022)

2022
The Other Me(2022)
The Other Me(2022) The Other Me (2022) အညွှန်း**********************ဗိသုကာ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်ရှိတယ်။ ငယ်စဥ်ကတည်းက ပုံတွေထိုင်ဆွဲနေတတ်တယ်။ ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နိုင်ခဲ့ဘူး။ အနုပညာဆန်သူတစ်ဦးပေါ့ဗျာ။အဲဒီလူဆီမှာ မိန်းမရှိတယ်။ အိမ်ထောင်ရေးက အဆင်မပြေတာတော့ မဟုတ်ဘူး။ အဆင်ပြေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ပုံတွေပဲ ထိုင်ဆွဲနေတတ်တဲ့အတွက် မိန်းမကို ဂရုမစိုက်နိုင်ဘူးပေါ့။ ဇာတ်လမ်းက အခုမှစတာဗျ။ အဲဒီလူမှာ ရှားပါးတဲ့ မျက်လုံးရောဂါတစ်ခုဖြစ်လာရော။ ဆရာဝန်ပြောတာတော့ မျက်လုံးက ကွယ်သွားမယ်တဲ့။ သောက်ဆေးနဲ့ပဲ မြန်မြန်ကွယ်မသွားအောင် ထိန်းပေးနိုင်မယ်တဲ့။ ဒီလိုနဲ့ ဆေးခန်းကအပြန် စိတ်ညစ်ညစ်နဲ့ ဘတ်စ်ကားတက်စီးလိုက်တာ ဂိတ်ဆုံးအထိ အိပ်ပျော်ပြီး ပါသွားရော။ဘတ်စ်ကားက တစ်နာရီကြာမှ မြို့ထဲပြန်သွားမှာ။ ဒီလိုနဲ့ဟိုဟိုဒီဒီလျှောက်သွားရင်း သစ်တောထဲမှာ တစ်ယောက်တည်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကောင်မလေးကလည်း သူ့လိုမျိုးပဲ လူထူးဆန်းလို့ပြောရမယ်။ အနုပညာလည်းဆန်တယ်။ သူတို့နှစ်ယောက် အချင်းချင်း ချိတ်ဆက်မိကြတယ်ပေါ့။ တစ်နေ့မှာတော့ သူ့မျက်လုံးတွေ ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမမြင်ရတာတော့ မဟုတ်ဘူး။ အိပ်မက်ဆန်ဆန် လူတွေကို ...
movie

The Other Me(2022)

Legend of the Guardians: The Owls of Ga’Hoole(2010) 6.9
Legend of the Guardians: The Owls of Ga’Hoole(2010) Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie


2010
J.T. LeRoy (2018) 5.4
J.T. LeRoy (2018) ဒီတစ်ခါဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ကားလေးပါ။လော်ရာဆိုတဲ့အမျိုးသမီးတစ်ယောက်က "ဆာရတ်ခ်ျ" ဆိုတဲ့ဖြစ်ရပ်မှန်ဝတ္ထုကို"JT လရွိုင်း" ဆိုတဲ့ာက်ျားလေးနာမည်သုံးပြီးရေးခဲ့ပါတယ်။အဲ့ဝတ္ထုကရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။သူက JT အနေနဲ့ပဲ ဖုန်းတွေလက်ခံပြောနေခဲ့ပေမဲ့ လူလုံးတော့ထွက်မပြခဲ့ပါဘူး။တစ်နေ့ သူ့ကောင်လေးရဲ့ညီမ ဆာဗတ်နားက သူတို့မြို့ကိုပြောင်းလာပါတယ်။သူကဘဲပြားလိုလို ဘာလိုလိုပေါ့။သူ့ကိုလဲမြင်ရော လော်ရာက JT နေရာမှာသရုပ်ဆောင်ခိုင်းဖို့ အကြံရသွားပါတော့တယ်။သူ့အကြံကရော အောင်မြင်မှာလား။သူတို့တွေ တကယ်မရှိတဲ့ JT ဇာတ်ကောင်နဲ့လူတွေကိုအရူးလုပ်နိုင်မလားဆိုတာတွေကိုတော့ "JT LeRoy" ဆိုတဲ့ကားလေးထဲမှာ ရှုစားကြည့်ကြပါ File Size : (1 GB) & ( 372 MB)Quality : WEB-DL 720pRunning Time : 1 hr 48 minFormat : Mp4Genre : Biography , ...
movie

J.T. LeRoy (2018)

2018
Cloud Atlas (2012) 7.4
Cloud Atlas (2012) Cloud Atlas (2012) IMDb.....7.4,,,,Rotten...66%   Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie

Cloud Atlas (2012)

2012
London Fields(2018) 4.5
London Fields(2018) London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie

London Fields(2018)

2018
Upside Down (2012) 6.4
Upside Down (2012) Upside Down (2012)_____IMDb - 6.4/10  ဒီရုပ်ရှင်ကားလေးကို V Day Feb 14 မှ တင်ဖို့ ဘာသာပြန်သူက ပြောထားပါတယ်... ရုပ်ရှင်ကား ရဲ့ အစ မှာတော့ ကျနော်တို့လို ကမ္ဘာကြီးမဟုတ်ပဲ ဆွဲငင်အား ၂ ခု နဲ့ ကမ္ဘာ ၂ ခုဖြစ်နေပါတယ်.. သူတို့ အခေါ်အဝေါ်ကတော့ အပေါ် နဲ့ အောက်ဘက် တဲ့... တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မြင်နေရပါတယ်... ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက် သွားလည်ခွင့် လုံး၀ မရှိပါဘူး... တစ်ရက်မှာတော့ ကောင်လေး တစ်ယောက်ဟာ အပေါ် သို့ အောက်ဘက် က ကောင်မလေး တစ်ယောက်ကို ချစ်မိသွားပါတယ် အဲ့ဒီဘက်ကိုလဲ ခိုးခိုးပြီးသွားလည်ပါတယ်... သူတို့ ၂ ဦး ပေါင်းစည်းဖို့ ကမ္ဘာ နှစ်ခုကိုလဲ ပေါင်းစည်းဖို့ကြိုးစားပါတော့တယ်.. V Day အတွက် ပြည့်စုံတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုရရှိမယ်လို့ ရည်ညွှန်းလိုက်ပါရစေ....ဒီကားလေးကို ဘာသာပြန်သူကတော့ MT (UCSY) ဖြစ်ပါတယ် (သစ်ဆန်းခန့်)File ...
movie

Upside Down (2012)

2012
Stonehearst Asylum (2014) 6.8
Stonehearst Asylum (2014) Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54%    ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။    Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie

Stonehearst Asylum (2014)

2014